မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ်များပျက်စီး
Dawei Watch
March 8, 2024ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး အရပ်သားတစ်ဦးလည်းဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသခံအချို့တို့က ပြောသည်။ မတ်လ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် မေတ္တာမြို့ကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နှင့် K-8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောက်မဲတောင်နှင့် မေတ္တာဗျူဟာစခန်းကလည်း ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မေတ္တာမြို့က စက်သုံးဆီဆိုင် တစ်ဆိုင် အပါအဝင် နေအိမ်ငါးလုံးမှာ အလုံးစုံ ထိခိုက်ပျက်စီးပြီး တစ်စိတ်တပိုင်း ထိခိုက်ပျက်စီးသည့် နေအိမ် အများအပြားရှိပြီး အရေအတွက်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားတို့က […]


