စစ်တွေအနီးက ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းယူ
Dawei Watch
March 5, 2024ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မိုင် ၂၀ကျော်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပုဏ္ဏားကျွန်းမြို့မှာ AA သိမ်းယူသည့် ခုနစ်ခုမြောက် မြို့နယ်အဆင့်မြို့ ဖြစ်လာသည်။ ပုဏ္ဏားကျွန်းမြို့ တွင် တစ်ခုတည်းရှိသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၀ ကို သိမ်းယူကာ မြို့ကိုသိမ်းယူလိုက်ခြင်းခြင်းကြောင်း ဖော်ပြသည်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် တိုက်ခိုက်သည့်ကြားက သိမ်းယူနိုင်ခဲ့ဖြစ်ကြောင်း AA က ဆိုသည်။ ပုဏ္ဏားကျွန်းမြို့ သိမ်းယူခံရပြီးနောက် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ညနေပိုင်းတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်၁၂ ကြိမ် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြောင်းည်း ဖော်ပြသည်။ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် […]


