ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ပြည်သစ်ပါတီ AD နှင့် MSFC တို့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Dawei Watch

April 24, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေး လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ပူးတွဲ ထုတ်ပြန်သည်။ NMSP-AD နှင့် MSFC တို့ ဧပြီလ ၂၂ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ ပထမအကြိမ် တွေ့ဆုံပွဲတွင် MSFC က ကောင်စီဝင် ၉ ဦး၊ NMSP-AD က နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ ၆ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြသည်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင် အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နှစ်ဖက်သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ပူးပေါင်း […]

သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

April 24, 2024

သရက်ချောင်းမြို့နယ်၊ ဆင်ကျန်းကျေးရွာတွင် ဧပြီလ ၂၃ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းထံက သိရသည်။ ဧပြီလ ၂၂ရက် နံနက်ပိုင်းက ပန်းတောရပ်ကွက်မှ ဆင်ကူးကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၂၃ ရက်တွင် ဆင်ကျန်းကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြေလျင်စစ်ကြောင်းထိုးရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “ပစ်ခတ်မှုက သိပ်တော့မကြာဘူး၊ ၁၅ မိနစ်လောက်တော့ကြာမယ်။ သူတို့က လက်နက်ကြီးနဲ့ပစ်ပစ်ပြီး လာတယ်ဆိုတော့ ကိုယ်တွေ ဆုတ်လိုက်ရတယ်ပေါ့။ PDF ဘက်က တစ်ယောက်ကတော့ ဒဏ်ရာရတာရှိတယ်။ နည်းနည်း ပြင်းထန်တယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်ဘက်ကလည်း ၁၂ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု […]

ဘန်ကောက်တွင် ဓာတ်လိုက်သေဆုံးသော မြန်မာလုပ်သားအမှု နစ်နာကြေး ဘတ်သုံးသိန်းဖြင့် ပြေလည်မှုရ

Dawei Watch

April 24, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ်သုံးသိန်းဖြင့် အလုပ်ရှင်နှင့် မိသားစုဝင်များကြား တရားရုံးတွင် ပြေလည်မှု ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အသင်းထံမှ သိရသည်။ ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ ၁၉ ရက်နေ့က SSS & P. Design and Build Construction Co.,LTD ကုမ္ပဏီ၏ ဆောက်လုပ်ရေးခွင်တစ်ခုတွင် သမံတလင်း ပွတ်တိုက်အချောကိုင်သည့် စက်ကိုကိုင်၍ အလုပ်လုပ် နေရာမှ ဓာတ်လိုက်သဖြင့် ဆေးရုံပို့ပြီး တစ်နာရီအကြာတွင် သေဆုံးခဲ့သည်။ ယင်းသို့ သေဆုံးမှုကို နေအိမ်တွင် သေဆုံးသည်ဟု အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်တို့က လိမ်လည်က ဘတ် သုံးသောင်းဖြင့် ကျေအေးရန် လုပ်ဆောင်မှုကို မိသားစုက လက်မခံကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး […]

ရေဖြူတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းများသိမ်းယူ

Dawei Watch

April 24, 2024

ရေဖြူမြို့အနောက်ကမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများတွင် ညအိပ်ရပ်နားပြီးနောက် ဒေသခံများ၏ လက်ကိုင်ဖုန်းများကို သိမ်းယူသွားသည်ဟု ဒေသခံများထံမှသိရသည်။ အင်အားရှစ်ဆယ်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ လ ၂၂ ရက် နေ့တွင်ရေဖြူ မြို့နယ်ရှိ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းရွာများဖြစ်သည့် သစ်တိုထောင့်ရွာနှင့် ရလိုင်ရွာများသို့ စစ်ကြောင်းထိုးရောက်ရှိနေခြင်းဖြစ်သည်။ ဒေသခံများကို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးပြီးနောက် လုံခြုံရေးအရ ဟုဆိုကာ လက်ကိုင်ဖုန်းများကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ ကျေးရွာနှစ်ရွာမှ အနည်းဆုံး လက်ကိုင်ဖုန်းအလုံး နှစ်ဆယ်ခန့်နှင့် လူမရှိသည့် နေအိမ်များမှ ငွေသား အချို့ကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။ “လူတွေ့တာနဲ့ ဖုန်းတောင်းတယ်။ သူတို့က တစ်ရွာတစ်ညအိပ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားနေတာ ဆိုင်အချို့မှာတော့ ဖောက်ပြီး ရိက္ခာတွေယူသွားတယ် အဖမ်းခံရတဲ့ရွာသားတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ် “ဟု ဒေသခံတစ်ဦးကပြောသည်။ ဧပြီလ ၂၂ […]

လောင်းလုံးရဲစခန်းရှေ့က စစ်ကောင်တပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်

Dawei Watch

April 24, 2024

လောင်းလုံးမြို့မရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်ကို ယနေ့(ဧပြီလ ၂၄ ရက်) နံနက် ခုနစ်နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်အငိုက်ယူကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ရဲစခန်းအရှေ့တွင် ခရီးသည်များကို စစ်ဆေးနေသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။ “(ကမ္ဘာ့ရတနာ)ဘဏ်ဘေးကနေပြီး ပစ်တာ။ စက်သေနတ်လိုဟာမျိုးနဲ့ တရစပ်ပစ်ပြီးတာနဲ့ ဆုတ်သွားကြတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ လောင်းလုံးရဲစခန်းနှင့် ကမ္ဘာ့ရတနာဘဏ်မှာ ကိုက်ငါးဆယ်ကျော်ခန့် ကွာဝေးသည်။ ယင်းအလစ်အငိုက်ပစ်ခတ်မှုတွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိကြောင်း အခြားမြို့ခံတစ်ဦးကဆိုသည်။ “တစ်ချို့က နှစ်ယောက်၊ တစ်ချို့က တစ်ယောက် မြေကြီးထက်မှာ လဲနေတာတွေ့တယ်လို့ ပြောနေကြတယ်” ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရဲစခန်းထဲဝင်ပြေးသွားကြပြီးနောက် ခဏအကြာတွင် ပြန်ထွက်လာပြီး လာရောက်ပစ်ခတ်သည့်နေရာအနီးရှိ မြို့ခံများကို ခေါ်ယူစစ်ဆေးကာ ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆိုသည်။ […]

တနင်္သာရီရှိ ကျေးရွာသုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံး နှစ်ဆယ်ကျော်ကြဲချ

Dawei Watch

April 24, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Mi 2 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ထံမှ သိရသည်။ ဧပြီလ ၂၂ ရက်နေ့ ညနေက မြို့နယ်အတွင်းရှိ သူဌေးရွာ၊ ဘန်းပြည့်ရွာနှင့် သိန္ဒောရွာဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်း-၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ရဟတ်ယာဉ်က ပထမအကြိမ်အဖြစ် ညနေ ၃ နာရီဝန်းကျင်တွင် ဗုံးသီး ၁၅ လုံးထက်မနည်း ကြဲချခဲ့ပြီး ညနေ ၅ နာရီခွဲခန့် တွင် ဗုံးသီး ၁၀ လုံးဝန်းကျင် ထပ်မံကြဲချခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း- ၁ က ထုတ်ပြန်ထားသည်။ ထိုသို့နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ရာတွင် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး အိမ်အရေအတွက်ကိုမူ မသိရသေးကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “လူတော့ ထိခိုက်မှုမရှိဘူး။ […]

မလေးရှားသွားမည့် မြန်မာလုပ်သား တစ်ရာနီးပါး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

April 24, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။ ထားချန့်ဒေသရှိ ဆီဆိုင်အနောက်က ဆီအုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသများဖြစ်သော တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စူရတ်ဌာနီခရိုင်မှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့အထိ သွားရောက်ကြမည်ဖြစ်ပြီး […]

စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရေဖြူဇာဒီရွာတွင် ခြံလုပ်ငန်းများရပ်ဆိုင်း

Dawei Watch

April 23, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ဇာဒီချောင်းဝရှိ စစ်ကောင်စီ၏ မောရဝတီရေတပ် စစ်သင်္ဘောက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသခံများကပြောသည်။ ဧပြီလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု နှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ ဇာဒီကျေးရွာအုပ်စုရှိ ဇာဒီရွာ၊ ထွက်ဝရွာ၊ ဒိုက်တကော်ရွာ နှင့် ကျောက်ထရံရွာ တို့တွင် လက်နက်ကြီးကျည်ဆန်များ ဥယျာဉ်ခြံများအတွင်း ကျရောက်ကာ ပေါက်ကွဲ ခြင်းများရှိသလို မပေါက်ကွဲသေးသည့် ကျည်ဆန်များလည်းရှိကြောင်း ရွာသားများထံကသိရသည်။ ” ညက(ဧပြီ၂၂) လက်နက်ကြီးအသံ ၈ ချက်ကြားရတယ်။ မီးအရောင်မြင်ရတာက လေးလုံး ၊ ဇာဒီ ကြက်မောက်တော ဘုန်းကြီးကျောင်းအနားနဲ့ ကျောက်ထရံ ဆင်ဘုရား ပတ်ဝန်းကျင်မှာကျတယ် ” ဟု […]