MNDAA သေဒဏ်စီရင်မှု ဥရောပသမဂ္ဂက အပြင်းအထန်ရှုတ်ချ
Dawei Watch
April 25, 2024ကိုးကန့်တပ် MNDAA က ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား သေဒဏ်စီရင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ MNDAA က လူ ၁၀ ဦးကို သေဒဏ်ချခဲ့ပြီး ယင်းအနက် သုံးဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရဖွယ်ရှိသည် ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဒဏ်စီရင်မှုကို မည်သည့်အခြေအနေမျိုးတွင်မဆို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း EU က ဆိုသည်။ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာအား အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ြပသည်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာ စံနှုန်းများနှင့်အညီ […]


