ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လုံခြုံရေးအခြေအနေကြောင့် ထားဝယ်တက္ကသိုလ်စာမေးပွဲ မြို့ထဲသို့ပြောင်းကျင်းပ

Dawei Watch

March 7, 2024

လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ထားဝယ်တက္ကသိုလ်စာမေးပွဲကို မြို့ထဲသို့ ပြောင်းရွှေ့ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။ မြို့ထဲရှိ အမှတ် (၃) အခြေခံပညာအထက်တန်း‌ကျောင်းသို့ ပြောင်းရွှေ့ကာ ဖြေဆိုနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားအချို့နှင့် မြို့ခံအချို့က ပြောသည်။ ထားဝယ်တက္ကသိုလ်သည် ထားဝယ်မြို့အပြင်ဘက် လောင်းလုံး-ထားဝယ် ဆက်သွယ်ထားသည့် ကမြောကင်း တံတားစစ်ရေးဂိတ်နှင့် ဓာတ်မီးတိုင် ငါးခုခန့်အကွာတွင် တည်ရှိသည်။ “(စာမေးပွဲဖြေနေတဲ့) ကျောင်းနားမှာလည်း လုံခြုံရေးတွေ ချထားတယ်” ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးက ယနေ့ မတ်လ ၇ ရက် နံနက်ပိုင်းတွင် ပြောဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီး သွားပြီးနောက် ထားဝယ်တက္ကသိုလ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလိုက်သည်။ ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ အားကစားခန်းမတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားကြောင်း ကျောင်းသား အချို့က ပြောသည်။ အဆောင်နေ […]

ရခိုင်တွင် ပြည်နယ်မြို့တော် စစ်တွေအနီးသို့ AA ချဉ်းကပ်လာနေပြီဟု ကုလပြော

Dawei Watch

March 7, 2024

ရခိုင်တွင် ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့အနီးသို့ ရက္ခိုင့်တပ်တော် AA ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၆ရက်နေ့တွင် ထုတ်ပြန်သည်။ မြို့နယ်အများအပြားတွင်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးဒဏ်သင့်နေသည့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုနှင့် ဖိစီးမှုများ တိုးပွားလာနေကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ပြီး စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ စခန်းများက လက်နက်ကြီးဖြင့် တိုးမြှင့် ပစ်ခတ်လာကြောင်းလည်း ဆိုသည်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့လယ်ဈေးကြီးအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ AA သည် ရခိုင်တွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ […]

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အမှုဖွင့်တိုင်ကြား

Dawei Watch

March 6, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးခွင်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ မတ်လ ၅ ရက်နေ့က တိုင်ကြားလိုက်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ နောင်ယိုင်းမြို့ရှိ CESE2 ဆောက်လုပ်ရေးခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၄ ဦး၏ လစာများကို အလုပ်ရှင်က တာဝန်ယူထုတ်ပေးခြင်း မရှိကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ လုပ်အားခ နှစ်လကျော်အတွက် အားလုံးစုစုပေါင်း ဘတ် ကိုးသိန်းကျော်ကို အလုပ်ရှင်က ထုတ်မပေးသည့်အပြင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ရန် ငွေကြေးကောက်ခံထားသော်လည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသဖြင့် Name List စာရွက်များလည်း သက်တမ်းကုန်သွားကြောင်း အဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် အလုပ်သမားများ၏ အခက်အခဲများကို […]

ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

Dawei Watch

March 6, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့် ပျဉ်သာတံတားသည် ယနေ့ နံနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားပြိုကျ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လောလောဆယ် တံတားက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ လုံးဝကိုပြိုကျပျက်စီးသွားတယ်။ အဲဒီဒေသတဝိုက်က လူတွေကတော့ သွားလာရေးအတွက် အခက်အခဲဖြစ်သွားပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပျဉ်သာတံတားသည် ဘီးလင်းမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတားဖြစ်ပြီး […]

စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီချက်အတွက်အခက်တွေ့နိုင်ဟု မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

March 6, 2024

မြောက်ပိုင်းမဟာမိတ်များ သိမ်းယူထားသည့် မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ အပစ်ရပ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ပူးတွဲ ထုတ်ပြန်သည်။ မြောက်ပိုင်းမဟာမိတ်တို့ သိမ်းယူထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တို့ကို စစ်ကောင်စီက မတ်လ ၄ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။ တရုတ်ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ကြား ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ထားပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်နေချိန် ယင်းသို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းကြောင့် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း ယနေ့ မတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြင် အဆိုပါမြို့သုံးမြို့တွင် နေထိုင်သည့် ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြသည်။ ဟိုင်ဂင် သဘောတူညီချက်အရ ရှမ်းမြောက်ဒေသတွင် အပစ်ရပ်သွားပြီး တရုတ်-မြန်မာ […]

တိုက်ပွဲဖြစ်သည့်နေရာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်ခံရသည့် စုံစင်ဖျားရွာဖြစ်ရပ်

Dawei Watch

March 6, 2024

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် မတ်လ ၄ ရက်က တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး ခရီးသွားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည်။ မတ်လ ၄ ရက် နေ့လယ် ၁၂နာရီခန့်တွင် စုံစင်ဖျားရွာနဲ့ သုံးမိုင်ခန့်အကွာ မြိတ်-ထားဝယ် ကားလမ်းဘေးတွင်ရှိသည့် ဝင်းဝနယ်မြေ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်တို့ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ ဖက်ဒရယ်စစ်ကြောင်းမှာ ထားဝယ်ခရိုင် PDF အမှတ် (၂) တပ်ရင်းနှင့် KNLA ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်။ တိုက်ပွဲ မွန်းလွဲ ၂နာရီခွဲအထိ […]

မေတ္တာနယ်မြေတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

Dawei Watch

March 6, 2024

မေတ္တာမြို့ နယ်မြေတစ်ဝိုက်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံအချို့က ပြောသည်။ မေတ္တာနှင့် ဟိန္ဒားပြင်၊ တောင်သုံးလုံးကျေးရွာတစ်ဝိုက်ကို စစ်တပ်က F8W တိုက်လေယာဉ်နှင့် Mi-2 အမျိုးအစား ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ဆိုသည်။ မေတ္တာဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် Mi-2 ရဟတ်ယာဉ် ထိမှန်သည်ဟု သတင်းများကြားရသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “Mi2 တစ်စီးကတော့ အမြီးပိုင်းထိပြီးတော့ မီးခိုးထွက်သွားတယ်လို့ ပြောတယ်။ ဒီဘက်ကပဲ ပစ်လို့ထိတာလား၊ မဟုတ်ဘဲနဲ့ သူ့ဟာသူ ပစ်တဲ့ပုံစံဖြစ်တာလား […]

ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးဟု AA ပြော

Dawei Watch

March 6, 2024

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးပြီး ဇက်သင်္ဘော သုံးစင်းကို တိုက်ခိုက်ဟန့်တားနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ အဆိုပါမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို မတ်လ ၄ရက်နေ့တွင် AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေးတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း […]