ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး ချောင်းတောင်တံတားဂိတ် တိုက်ခိုက်ခံရ၊ အရပ်သားထိခိုက်မှုရှိ

Dawei Watch

March 14, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီ၏ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တံတားတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။ “ဖြစ်တာက ဒီမနက် ၈ နာရီခွဲကျော်ကျော်လောက်မှာ ဖြစ်သွားတာ။ တံတားမှာ ဂိတ်ရှိတယ်။ အဲဒီဂိတ်ကို ဝင်ပစ်တာ။ အမျိုးသမီးတစ်ဦးက ပစ်နေတဲ့အချိန်နဲ့ ဆုံသွားတော့ ထိသွားတယ်။ ခြေထောက်မှာ ထိတယ်လို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသည့် အမျိုးသမီးသည် ချောင်းတောင်ကျေးရွာမှဖြစ်ပြီး ရေးမြို့ဘက်သို့အသွား တံတားဖြတ်ချိန်၊ တိုက်ခိုက်မှုနှင့် ဆုံသွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျည်ထိမှန် ဒဏ်ရာရသည့်အမျိုးသမီးကို ရေးဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရကြောင်း […]

ထားဝယ်ဒေသရှိ အင်တာနက်ကန့်သတ်ခံထားရသည့်နေရာများတွင် တော်လှန်ရေးစာစဥ်များဖြန့်ဝေ

Dawei Watch

March 14, 2024

ထားဝယ်ခရိုင်အတွင်းရှိ အင်တာနက် ကန့်သတ်ခံထားရတာသည့် ဒေသများတွင် မတ်လမှစ၍ ဂိမှာန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီက တော်လှန်ရေးစာစဥ်များ အပတ်စဥ် စတင်ဖြန့်ချီပေးနေကြောင်း ယင်းကော်မတီထံက သိရသည်။ “သတင်းအချက်အလက်တွေ အဆက်အသွယ်မပြတ်ကြဖို့ ရည်ရွယ်ချက်နဲ့ အဓိကဖြန့်ဝေတာပါ” ဟု ယင်းကော်မတီ၏ တာဝန််ရှိသူတစ်ဦးက ပြောသည်။ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာသို့ မကွေးနှင့် မုံရွာ ဒေသတွင် ထုတ်ဝေသည့် မြစ်ကွေ့စာစဥ်နှင့် တူမီးစာစဥ်တို့ကို စတင် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ နောက်ပိုင်းတွင် ထားဝယ်ဒေသက သတင်းများကို စုစည်း၍ အချပ်ပိုအဖြစ် ဖြန့်ဝေနိုင်ရန်စီစဥ်နေပြီး ကျေးရွာများ တိုးချဲ့ဖြန့်ဝေနိုင်ရန်လည်း စီစဥ်နေကြောင်း ယင်းကော်မတီထံက သိရသည်။ ၎င်းအပြင် ရွေ့လျားစာကြည့်တိုက် ၄ ခုဖြင့် အသိပညာပေးလှုပ်ရှားမှုနှင့် ပညာရေး၊ […]

ဟိန္ဒားရွာက CDM ရဲတပ်သား အသတ်ခံရဟု မိသားစုဆို

Dawei Watch

March 13, 2024

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာက CDM ရဲတပ်သား ကိုမျိုးသီဟကျော် (ခ) ကိုသီဟ အသတ်ခံရသည်ဟု ကြားသိရပြီး အလောင်း ပြန်မရသေးကြောင်း ၎င်း၏မိသားစုဝင်နှင့် ဒေသခံအချို့က ပြောသည်။ မတ်လ ၁၁ ရက်က ဝကုန်းရွာတွင် အကြွေးသွားတောင်းပြီးအပြန် ညနေပိုင်းတွင် KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ မိဘများက လိုက်လံစုံစမ်းပြီး တောင်းပန်‌ပြောဆိုသဖြင့် ယင်းအဖွဲ့က ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ကိုသီဟကို ကော်သူးလေတပ်မတော်-KTLA တပ်မဟာက တပ်ခွဲမှူး ဗိုလ်တေဇ (ခ) ကိုရဲကတို့အဖွဲ့က ထပ်မံဖမ်းဆီးသွားကြောင်း မိသားစုဝင်နှင့် ဒေသခံအချို့က ပြောသည်။ ယင်းနောက် ညနေပိုင်းတွင်ပင် အသတ်ခံရခြင်းသည်ဟု သတင်းကြားသိရကြောင်း မိသားစုဝင်ထံမှ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ

Dawei Watch

March 13, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၂ ဦးကို ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ နံနက် ၈ နာရီခန့်တွင် ထုန့်ဖားဖမ်းဒေသ၌ တရားမဝင် ဝင်လာသော အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အားလုံးကို စစ်ဆေးရာ ခရီးသွားအထောက်အထား စာရွက်များနှင့် နိုင်ငံကူးလက်မှတ်များ မရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသဖြင့် မောပန်းနေကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပစ်ကပ်ကားတစ်စီး လမ်းဘေးရပ်ထားပြီး အနီးတွင် ခြေရာများ တွေ့ရသဖြင့် ရပ်ကွက်လူကြီးက မသင်္ကာဖြစ်ရာမှ အာဏာပိုင်များနှင့် […]

ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 13, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။ သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင် ဦးသန်းစိုးကို လက်နက်ကိုင် လူတစ်စုက မတ် ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ဦးသန်းစိုးက အိမ်နောက်ဖေးကနေ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာ ပစ်ခတ်ခံရတာ” ဟု သောင်ပြင် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းစိုးသည် မေးစေ့၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် […]

စံချိန်တင်တက်နေသည့် ရွှေဈေး တက်ရိပ်ဆက်ပြ

Dawei Watch

March 13, 2024

ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာငွေလဲနှုန်းနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စံချိန်တင်တက်နေသည့် ပြည်တွင်းရွှေဈေးမှာ ဆက်ပြီးတက်ရိပ်ပြနေသည်။ ပြီးခဲ့သည့်နှစ်က တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြင့် တောက်လျှောက်ငြိမ်နေရာမှ ယခုလအစောပိုင်းမှစကာ ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ဈေးတက်လာခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းလေးဆယ် ကိုးသောင်း (၄,၀၉၀,၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ထားခဲ့သည်။ ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ဒေါ်လာလဲလှယ်နှုန်းထားကြောင့် ပြည်တွင်းရွှေဈေးတက်နေခြင်းဖြစ်ပြီး တွက်ချက်မှုများအရ လက်ရှိနှုန်းထားထက် ပိုတက်လာနိုင်သေးကြောင်း ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ဒေါ်လာဈေးရယ် ကမ္ဘာ့ရွှေဈေးနဲ့ တွက်မယ်ဆိုရင်လေ လေးဆယ်နှစ်သိန်းလောက် ဖြစ်ရမှာ။ အခုစျေးထက် ထပ်တက်ဦးမှာလို့ မှန်းနေကြတယ်” ဟု ၎င်းက ပြောသည်။ ပြည်တွင်းရွှေဈေးကို အခြေခံတွက်ချက်ရာတွင် ကမ္ဘာ့ရွှေပေါက်ဈေးကို ဒေါ်လာငွေလဲနှုန်းနှင့် မြှောက်ပြီး ၁ ဒသမ ၈၇၅ ဖြင့် […]

ထိုင်းတွင် ဆိုင်ကယ်များ အွန်လိုင်းက Live လွှင့်ရောင်းနေသော မြန်မာဇနီးမောင်နှံဖမ်းဆီးခံရ

Dawei Watch

March 13, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသတွင် အွန်လိုင်းကတစ်ဆင့် Live လွှင့်ပြီး ဆိုင်ကယ်များ ရောင်းချနေသော မြန်မာနှစ်ဦးကို စမွတ်စခွန် လဝကအရာရှိများက ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၁ နှစ်အရွယ် ကိုနီနှင့် အသက် ၂၃ နှစ်အရွယ် မမာတို့ ဇနီးမောင်နှံဖြစ်ပြီး အုန်းနွဲ့ဒေသရှိ နေထိုင်ရာ အခန်းထဲတွင် မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် Facebook နှင့် tiktok များကဲ့သို့ အွန်လိုင်းမီဒီယာများတွင် ကားနှင့် ဆိုင်ကယ်များကို Live လွှင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့သဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ ကားနှင့် ဆိုင်ကယ်ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတို့ကို ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိကြောင်း […]

ကျွန်းစုတွင် တစ်နေကုန် တိုက်ပွဲဖြစ်

Dawei Watch

March 13, 2024

ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျုစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ အကြား ၁၂နာရီကျော်အကြာတိုက်ပွဲဖြစ်ပွားကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ထံမှ သိရသည်။ မတ်လ ၁၁ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိကြောင်း အထက်ပါစစ်ကြောင်းထံမှ သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ နှင့် ပျုစောထီး ၅၀ ဦးခန့် စစ်ကူရောက်လာသည့်အပြင် လက်နက်ကြီး အချက်ရေ ၂၀ကျော်ပစ်ကူပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “စစ်ကူလာတာရှိပေမယ့် ပျုစောထီးတွေက ပိုများနေတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးပေါ့” […]