ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားတွင် ၂၀၂၆ မှစ၍ ကလေးသူငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှု ပိတ်ပင်မည်

Dawei Watch

November 24, 2025

မလေးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်မှစ၍ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ပိတ်ပင်ရန် စီစဉ်နေကြောင်း သိရသည်။ ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုခွင့် ကန့်သတ်ရန် ရွေးချယ်သည့် နိုင်ငံအရေအတွက် တိုးပွားလာနေသည့်အထဲတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခြင်းဖြစ်သည်။ ဆိုက်ဘာအနိုင်ကျင့်မှု၊ ငွေကြေးလိမ်လည်မှုနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အစရှိသည့် အွန်လိုင်းဘေးအန္တရာယ်များမှ ကလေးသူငယ်များကို ကာကွယ်ရန် လိုအပ်ကြောင်း မလေးရှားအစိုးရ ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောသည်။ ယင်းအတွက် သြစတြေးလျနှင့် အခြားနိုင်ငံများတွင် ဆိုရှယ်မီဒီယာအသုံးပြုမှုအတွက် အသက်ကန့်သတ်ချက်များ သတ်မှတ်သည့် နည်းလမ်းများကို မလေးရှားအစိုးရက လေ့လာနေကြောင်း ၎င်းက ပြောသည်။ “လာမယ့်နှစ်မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ […]

ယူကရိန်းစစ်ရပ်စဲရေး ကနဦး အစီအစဉ်မူကြမ်းကို မွမ်းမံလိုက်ပြီဟု ကန်နှင့်ယူကရိန်းပြော

Dawei Watch

November 24, 2025

ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းကဆိုသည်။ အဆိုပါ ကနဦးမူကြမ်းနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။ ရုရှားရန်မှ ယူကရိန်း၏ လုံခြုံရေးကို မည်သို့ အာမခံကာကွယ်ပေးမည်ဆိုသောအချက် အပါအဝင် အခြားဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍ အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မပြုသေးပေ။ တနင်္ဂနွေနေ့က ဂျီနီဗာဆွေးနွေးပွဲသည် အင်မတန် အကျိုးဖြစ်ထွန်းပြီး လာမည့်ရက်များတွင်လည်း ယင်းကိစ္စကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်း၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။ […]

ရေဖြူ၊ ရာဖူးရွာရှိ စစ်အာဏာရှင်တပ်သားများကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

November 24, 2025

ရေဖြူမြို့နယ် ၊ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် ရောက်နေသည့် စစ်အာဏာရှင်တပ်သားများကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွာသားများထံမှသိရသည် ။ နံနက် ၈ နာရီဝန်းကျင်တွင် ရွာလယ်ရှိ အိမ်များရှေ့တွင် ကင်းချကာ လမ်းပိုင်းစစ်ဆေးရန် ပြင်ဆင်နေချိန် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းရွာသားများက ဆိုသည် ။ ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းပိတ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ကားသမားများထံမှသိရသည်။ စစ်အာဏာရှင်တပ်သားများ ကျေးရွာအတွင်းဆက်ရှိနေသဖြင့် ထပ်မံလာရောက်ပစ်ခတ်ခံရပြီး တိုက်ပွဲဖြစ်မည်ကို ရွာသားများကစိုးရိမ်နေကြသည် ။ ” အခြားရွာသွားရှောင်တဲ့သူလည်း ရှောင်တယ်။ မရှောင်ကြတဲ့သူကများတယ်။ ဒါပေမဲ့ ထပ်လာပစ်ကြပြီး တိုက်ပွဲဖြစ်မှာပဲ စိုးရိမ်တယ်” ဟု ရွာသားတစ်ဦး ကပြောသည်။ မလွှဲတောင်လမ်းပိုင်းရှိ စစ်အာဏာရှင် တပ်သားများသည် […]

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းကို ကန်နှင့် ယူကရိန်း မကြာမီဆွေးနွေးမည်

Dawei Watch

November 23, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုသည့် ယူကရိန်းစစ်အဆုံးသတ်ရေး အစီအစဉ်မူကြမ်းကို ဆွေးနွေးရန် ယူကရိန်းနှင့် အမေရိကန်တို့ မကြာမီ ဆွစ်ဇာလန်နိုင်ငံတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ယူကရိန်းဘက်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်မူကြမ်းတွင် ရုရှားဘက်က အဓိကတောင်းဆိုချက်များကို လိုက်လျောထား ခြင်းကြောင့် ယင်းကို ပြင်ဆင်နိုင်ရန် ယူကရိန်းဘက်က ကြိုးပမ်းလျက် ရှိသည်။ အချက် ၂၈ ချက်ပါ အဆိုပါ မူကြမ်းကို ယူကရိန်းဘက်က အတည်ပြုနိုင်ရန် ယူကရိန်းကို အမေရိကန်ဘက်က ပေးထားသည့် အချိန်မှာ တစ်ပတ်ပင် မပြည့်ပေ။ အဆိုပါ မူကြမ်းအရ ရုရှား၏ ကျုးကျော်တိုက်ခိုက်မှုကို ခံရသည့် ယူကရိန်းက မိမိနယ်မြေများကို ရုရှားလက်သို့ စွန့်လွှတ်ရမည်ဖြစ်ပြီး ယူကရိန်းစစ်တပ်အင်အားကိုလည်း လျှော့ချရမည် ဖြစ်သည်။ ယင်းအပြင် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့အတွင်းသို့ မည်သောအခါမျှ […]

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ်များကို စစ်အာဏာရှင်တပ် မီးရှို့နေ

Dawei Watch

November 23, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်က မင်းဒပ်ရွာရှိ အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်က ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံအချို့က ပြောသည်။ “အခုမိုးလင်း စရှို့တယ်။ အိမ်တွေဘယ်လောက် မီးလောင်လဲ မသိရသေးဘူး” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ဘုတ်တောင်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝဲရစ်ရွာနှင့် ကမြိုင်ရွာကြားတွင် တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် မင်းဒပ်ရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဦးလေးတို့လည်း မနေ့ကတည်းက တောထဲပြေးလားရတယ်။ မနေ့က […]

စစ်အာဏာရှင်၏ စစ်ဆေးရေးဂိတ်ကြောင့် ထားဝယ်တက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်လျှောက်သူ လျော့နည်း

Dawei Watch

November 22, 2025

လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိသည့် ထားဝယ်တက္ကသိုလ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပညာသင်နှစ်များတွင် နှစ်စဥ် နေ့သင်တန်းလျှောက်ထားသူ လျော့ကျနေကြောင်း စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန၏ စာရင်းနှင့်တက္ကသိုလ် ပညာရေးအသိုင်းအဝိုင်းထံမှသိရသည် ။ ယခု ၂၀၂၅ – ၂၆ ပညာသင်နှစ် အတွက် ထားဝယ်တက္ကသိုလ်တွင် ဘာသာရပ် ၁၆ ခု၌ နေ့သင်တန်း ဝင်ခွင့်ရသူ ဦးရေ တစ်ရာသာရှိပြီး၊ ဝင်ခွင့်ရကျောင်းသားဦးရေ ဆယ်ဦးပြည့်မီသည့် ဘာသာရပ်သုံးခုသာရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဝင်ခွင့်ရ စာရင်းတွင်ဖော်ပြထားသည် ။ အာဏာသိမ်းပြီးနောက် ထားဝယ်တက္ကသိုလ်အား နေ့သင်တန်း ဝင်ခွင့်လျှောက်ထားသူ ဆက်တိုက်လျော့နည်းနေပြီး ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ၃၂၄ ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၁၆၂ ဦး ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၉၈ ဦး ၊ […]

ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာကို တရုတ်က ကုလသမဂ္ဂသို့ တိုင်ကြား

Dawei Watch

November 22, 2025

ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာကို တရုတ်က ကုလသမဂ္ဂသို့ နိုဝင်ဘာလ ၂၁ ရက်က တင်သွင်းတိုင်ကြားလိုက်သည်။ ထိုင်ဝမ်အရေးတွင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ခြိမ်းခြောက်နေသည်ဟု တရုတ်ဘက်က စွပ်စွဲကာ ယင်းသို့ တင်သွင်းလိုက်ခြင်း ဖြစ်သည်။ ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာတွင်တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း အပြင်းထန်ဆုံး စကားလုံးဖြင့် တရုတ်ဘက်က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ သောကြာနေ့က ပေးပို့ခဲ့သည့်စာတွင်တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်၏ ပြောဆိုမှုမှာ နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည့်အပြင် သံတမန်ရေးရာ စံနှုန်းများကို ချိုးဖောက်ရာ ရောက်ကြောင်းပါ ရေးသားထားသည်။ ထိုင်ဝမ်ရေလက်ကြားတွင် ဂျပန်က စစ်ရေးအရ […]

ပုလောတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

Dawei Watch

November 22, 2025

ပုလောမြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တို့ နိုဝင်ဘာလ ၂၁ ရက်ညက မီးရှို့ခံရကြောင်း မြို့ခံများထံမှသိရသည် ။ မီးရှို့ခံရသည့်နေအိမ်မှာ စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ပုလောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် (နိုင်သူအကုန်ယူစနစ်) တွင် ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်၏ နေအိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “(မီးရှို့ခံရမှု) ဖြစ်သွားတာက ညအိပ်ချိန်ကြီးဖြစ်တာပါ။ ဘယ်သူမှ အသေးစိတ်တော့မသိဘူး။ ဒီမြို့မှာက အခြားမြို့နဲ့စာရင် ပွင့်လင်းမြင်သားမှုအားနည်းတယ်။ ဒီလိုကိစ္စတွေ ဖြစ်ရင် ဘယ်သူမှမေးလို့မရ ပြောလို့မရဘူး “ ဟု မြို့ခံတစ်ဦး ကပြောသည်။ နိုဝင်ဘာလ ၂၁ ရက်ညပိုင်းတွင် ပုလောမြို့အတွင်း ပစ်ခတ်သံအချို့လည်း ကြားရသေးကြောင်း မြို့ခံများကဆိုသည်။ စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ်များကမူ PDF များက မီးလာရှို့ကြောင်းနှင့် […]