ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တပေါင်းလပြည့်နေ့ နံနက်ပိုင်း ဖြစ်သော်လည်း ထားဝယ်ဘုရားကြီးတွင် ဘုရားဖူးနည်းပါး

Dawei Watch

March 2, 2026

ယနေ့(မတ်၂) တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ ရွှေတောင်စားစေတီတော်နှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် ဘုရားဖူးများ နည်းပါးနေသည်။ ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ပဌာန်းပွဲနှင့် ညတရားပွဲသာ ကျင်းပပြုလုပ်နေသည်။ ကိုဗစ်မတိုင်မီကာလများကကဲ့သို့ ထားဝယ်ဘုရားကြီး၏ တပေါင်းပွဲတော်ကို မြို့လုံးကျွတ်သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ၊ ထားဝယ်ရိုးရာအကများ၊ နိဗ္ဗာန်စျေးပွဲများဖြင့် စည်စည်ကားကား ပြန်လည် မကျင်းပနိုင်သည်မှာ ၆ နှစ်ရှိပြီဖြစ်သည်။ ယခုနှစ် ကျင်းပသည့် ထားဝယ်ဘုရားကြီးဗုဒ္ဓပူဇနိယပွဲသည် ရွှေတောင်စားစေတီ၏ တည်ထားခြင်း ၁၆၃ နှစ်မြောက် နှင့် မင်းတုန်းမင်း ၏ ကောင်းမှုတော် လောကမာရဇိန်ကြေးသွန်းရုပ်ပွားတော် တည်ထားခြင်း နှစ် ၁၅၀ ပြည့် ဘုရားပွဲများဖြစ်သည်။

မြိတ်ထောင်မှ ၂၉ ဦး ပြန်လွတ်လာဟု ကနဦးသိရ၊ ထပ်လွှတ်ရန်ရှိဟုဆို

Dawei Watch

March 2, 2026

စစ်ကော်မရှင်၏ လွတ်ငြိမ်းဖြင့် မြိတ်အကျဉ်းထောင်တွင် ကျခံနေရသော အမျိုးသား၊ အမျိုးသမီး ၂၉ ဦး ပြန်လွတ်လာကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများထဲမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၆ ဦး မတ်လ ၂ ရက်နေ့(တပေါင်းလပြည့်နေ့) နံနက်တွင် ပြန်လွတ်လာကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အများစုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံရသူတွေလို့တော့ သိထားရတယ်။ ညနေဘက်နောက်တစ်သုတ် ထပ်လွှတ်မယ်လို့လည်း ကြားရတယ်”ဟု ၎င်းက ပြောသည်။ ပြန်လွတ်လာသူများအနက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံရသူများလည်းပါဝင်သည်ဟု ၎င်း၏အဆိုအရ သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း […]

အီရန်စစ်ပွဲတွင် ဟစ်ဇ်ဘိုလာ ပါဝင်လာ

Dawei Watch

March 2, 2026

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်လိုက်သည်။ အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးရမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ပစ်ခတ်ခြင်းဖြစ်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ကဆိုသည်။ ယင်းနောက် အစ္စရေးကလည်း ယနေ့ နံနက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးအရပ်ရှိ ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသော နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းမှာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ဟစ်ဇ်ဘိုလာစစ်ပွဲနောက်ပိုင်း ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးအရပ်ကို အစ္စရေး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ၎င်းတို့ စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။ ၎င်းတို့၏ တိုက်ခိုက်မှုပစ်မှတ်များတွင် ဟစ်ဇ်ဘိုလာ၏ […]

အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချခံရသူများအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု

Dawei Watch

March 2, 2026

ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားတစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် စွပ်စွဲတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသည့် အကျဥ်းသား ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။ ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံခြားသား ၁၀ ဦးကိုလည်း အထက်ပါ ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းပြုခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ […]

ထိုင်းက မြန်မာအပါအဝင် ပြည်ပကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်း

Dawei Watch

March 2, 2026

ထိုင်းနိုင်ငံက ပြည်ပနိုင်ငံများသို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက မတ်လ ၁ ရက်နေ့က ကြေညာသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့လောင်စာဆီ ၂၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော ဟို့မက်စ်ရေလက်ကြားကို အီရန်က ပိတ်လိုက်သဖြင့် ထိုင်းနိုင်ငံက အရေးပေါ်စွမ်းအင်ချွေတာရေးအစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောသည်။ ထို့ကြောင့် ပြည်တွင်း လောင်စာဆီများကို ထိန်းသိမ်းနိုင်ရန်အတွက် ရေနံအပါအဝင် လောင်စာဆီများကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံထဲတွင် လောင်စာဆီ ၇ ဒသမ ၆၆ ဘီလီယံလီတာအထိ သိုလှောင်ထားပြီးဖြစ်သဖြင့် ယင်းပမာဏက […]

အီရန်စစ်ပွဲ တစ်လခန့် ကြာနိုင်ဟု ထရမ့်ပြော

Dawei Watch

March 2, 2026

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် တစ်လခန့် ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဌာနချုပ်ကို ၎င်းတို့ ဖျက်ဆီးလိုက်ပြီဟု အမေရိကန်က ကြေညာခဲ့ပြီးနောက်တစ် သမ္မတထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့စီးပွားရေးသည် ပိုမိုနက်ရှိုင်းသည့် မရေရာမှုထဲ ကျရောက်လာသည်။ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် ရက်အတော်ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အရာရှိများကလည်း ဆိုသည်။ Daily Mail သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတထရမ့်က လက်ရှိအီရန်စစ်ပွဲသည် လေးပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။ “ဒါမျိုးက အမြဲတမ်း လေးပတ်ကြာမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ ခန့်မှန်းထားတာကတော့ လေးပတ်လောက် […]

ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ သေဆုံးကြောင်း အီရန်အတည်ပြု

Dawei Watch

March 1, 2026

စနေနေ့က အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲတို့ နှစ်ဦးစလုံး သေဆုံးကြောင်း အီရန်အစိုးရပိုင်မီဒီယာများက အတည်ပြုဖော်ပြသည်။ ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ အစ္စရေး-အီရန် စစ်ပွဲအတွင်း အီရန်စစ်တပ်အကြီးအကဲ သေဆုံးသွားပြီး နောက်ပိုင်း အီရန်စစ်တပ်ကို ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီသည် စနေနေ့က တိုက်ခိုက်ခံရမှု အတွင်း သေဆုံးကြောင်း အီရန်သတင်းဌာန Tasnim က ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း အီရန်ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဇာဒေးလည်း သေဆုံးကြောင်း ဖော်ပြသည်။ နာဆာဇာဒေးသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မယူမီက အီရန်စစ်တပ်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စနေနေ့က တိုက်ခိုက်ခံရမှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး မိုဟာမက် ပါခ်ပူရ်သေဆုံးမှုကို […]

ခါမေနီသေဆုံးမှုမှာ ဆေးတစ်ခွက် ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံး ပြော

Dawei Watch

March 1, 2026

အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီသည် သွေးဆာနေသည့် အာဏာရှင်တစ်ဦးဖြစ်ပြီး ၎င်း သေဆုံးမှုမှာ သက်သာရာရစေသည့် ဆေးတစ်ခွက်ပင်ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံးဖြစ်သူ ရက်ဇာ ပါလာဗီက ပြောကြားလိုက်သည်။ “သူ (ခါမေနီ) သေသွားပြီမို့လို့ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ဟာလည်း အဆုံးသတ်သွားပါပြီ။ မကြာခင် သမိုင်းအမှိုက်ပုံထဲကို ရောက်ပါတော့မယ်” ဟု ၎င်းက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေးသားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ပါလာဗီသည် ၎င်းကိုယ်၎င်း အီရန်နိုင်ငံ၏ ပကတိခေါင်းဆောင်အဖြစ် ပုံဖော်လေ့ရှိသည်။ အယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူကို ခန့်အပ်ရန် ကြိုးပမ်းမှုဟူသမျှသည် ကျရှုံးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမျိုးသားအောင်ပွဲခံမှုရဲ့ အစဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ […]