ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

Dawei Watch

February 26, 2026

တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်အတွင်း ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ပြောဆိုချက်များအရ သိရသည်။ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဂိတ်နှင့် စခန်းများအပါအဝင် စစ်အာဏာရှင်တပ်၏ ခြေလျင်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေ၍ မြိတ်-ထားဝယ်ကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ မြိတ်-ထားဝယ်ကားလမ်း ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ သုံးပတ်နီးပါး ရှိလာပြီဖြစ်သဖြင့် ဒေသတွင်း၌ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်အချို့နှင့် မိသားစုဝင်များက ပြောသည်။ “စားရိက္ခာပြတ်လာပြီ၊ ကုန်စုံဆိုင်တွေမှာလည်း […]

အယုဒ္ဓယတွင် မြန်မာအမျိုးသမီးတစ်ဦး လူနာတင်ယာဉ်ပေါ် ကလေးမွေး

Dawei Watch

February 26, 2026

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးသည် ဗိုက်နာလာ၍ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့သွားစဉ် လမ်းတွင် ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက အယုဒ္ဓယခရိုင် ဥထိုင်းဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် မြန်မာကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ဗိုက်နာလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အရေးပေါ်ကားကို ခေါ်၍ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် မနီမာဝင်းကို အနီးဆုံးဆေးရုံဖြစ်သော ဥထိုင်းဆေးရုံကြီးသို့ အရေးပေါ်ကားဖြင့် အမြန်ပို့ဆောင်ပေးခဲ့သော်လည်း လမ်းတွင်ပင် ကလေးမွေးဖွားရန် လိုအပ်လာသဖြင့် ဥထိုင်းဆေးရုံကြီးကို ဆက်သွယ်ခဲ့ပေးခဲ့ကြောင်း သိရသည်။ ဆေးအဖွဲ့ရောက်လာပြီး မိနစ် ၂၀ ခန့်အကြာ ကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး ကလေးမှာ မိန်းကလေးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ပြီး ဆက်လက်ကုသမှုခံယူရန် ဥထိုင်းဆေးရုံကြီးသို့ […]

ရေးနှင့် သံဖြူဇရပ်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် လှည့်ကင်းများကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

February 26, 2026

မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းများနှင့် လှည့်ကင်းတို့ကို တော်လှန်ရေး တပ်များက တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ရေးမြို့နယ်၊ ခေါ်ဇာမြို့ စျေးကြီးရှေ့တွင် ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပူးပေါင်း တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၂၄ရက် ည ၈နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ MSRF နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေး တပ်ရင်း/အမှတ် (၈၀၀၂) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း တော်လှန်ရေးတပ်များက ထုတ်ပြန်သည်။ “ကိုယ်က အရင်ရောက်နေလို့ လက်ဦးမှု ယူနိုင်ခဲ့တာပါ။ မိနစ် ၂၀ လောက်ပစ်ပီး ပြန်ဆုတ်လာလိုက်တာပါ။ […]

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ၁၀နှစ်ဆက်တိုက် ကျဆင်း

Dawei Watch

February 26, 2026

ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းမှာလည်း ကျဆင်းခဲ့၍ ၁၀ နှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ဂျပန်အစိုးရအချက်အလက်များအရ သိရသည်။ ယင်းအခြေအနေမှာ ဝန်ကြီးချုပ် ဆာနအဲတာကအိချိအတွက် ကြီးမားသော စိန်ခေါ်မှုများရှိနေကြောင်းကို မီးမောင်းထိုးပြနေသည်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ကနဦးအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ မွေးဖွားသည့် စုစုပေါင်း မွေးကင်းစကလေးငယ် ၇၀၅,၈၀၉ ဦးရှိခဲ့ကာ ယင်းမှာ ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။ အဆိုပါ စာရင်းဇယားများတွင် ဂျပန်နိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများက မွေးဖွားလာသော ကလေးငယ်များအပြင် ပြည်ပရောက် ဂျပန်နိုင်ငံသားများက မွေးဖွားလာသည့် ကလေးငယ်များလည်း ပါဝင်သည်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ဂျပန်သည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း […]

မဲဆောက်တွင် ရွှေထည်များကို Live လွှင့်ရောင်းသည်ဆိုပြီး မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

February 26, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရွှေထည်လက်ဝတ်ရတနာများကို အွန်လိုင်းပေါ်တွင် Live လွှင့်ရောင်းချနေသည်ဟု ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မဲဆောက်ရဲစခန်းနှင့် ထိုင်းသတင်းဌာနတစ်ခုတို့က ဖော်ပြချက်အရ သိရသည်။ မဲဆောက်မြို့ မယ်ပဒေသရှိ နေအိမ်တစ်ဆောင်ကို ရဲတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဝင်ရောက်စစ်ဆေးချိန် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းပေါ်တွင် ဈေးရောင်းချနေသော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် အသက် ၂၂ နှစ်အရွယ် ရှိပြီး အခန်းထဲတွင် ရွှေထည်လက်ဝတ်ရတနာ ၁၀ စုံနှင့် Live လွှင်ရာတွင် အသုံးပြုသော ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အဆိုပါမြန်မာနိုင်ငံသားကို တရားစွဲထားပြီး မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ […]

ထားဝယ်မြို့လယ်ခေါင်ရှိ လက်ဆောင်ပစ္စည်းဆိုင် ဖောက်ထွင်းခံရ

Dawei Watch

February 26, 2026

ထားဝယ်မြို့လယ်ခေါင်ရှိ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရကြောင်း ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ ဗိတန်းလမ်းဆုံ (နိဗ္ဗာန်လမ်း) တွင် ရှိသော Phyu Phyu Hmwe လက်ဆောင်ပန်းစည်းနှင့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုး လက်လီလက်ကားဖြန်ဖြူးရောင်းချသည်ဆိုင်ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ၁၀နှစ် ဝန်းကျင်အရွယ် ကလေးသုံးဦးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သိန်း နှစ်ဆယ်တန် ငွေသားပန်းစည်းနှင့် ငွေသား ခုနစ်သိန်းတို့ကို ခိုးယူသွားကြောင်း ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။ “အိပ်မောကျနေတုန်း အချိန်ဖြစ်သွားတယ်။ ကလေးဆိုတော့ ဆိုင်နံဘေးက အပေါက်ကနေ လျှိုဝင်ပြီး ဝင်ခိုးသွားတာ။ ဒီကလေးတွေ နေ့ဘက်ဆိုင်နားကို လာနေကျ ကလေးတွေပါပဲ” ဟု ၎င်းက ပြောဆိုသည်။ နံနက် ၄နာရီ အိမ်သားများ နိုးလာချိန်မှသာ ဆိုင်တံခါးပွင့်လျက်ရှိနေသည်ကို […]

တနင်္သာရီတွင် သီဟိုဠ်စေ့ စျေးမရသဖြင့် တောင်သူများ အခက်တွေ့

Dawei Watch

February 26, 2026

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ကျေးရွာအချို့တွင် သီဟိုဠ်စေ့ စျေးကောင်းမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သီဟိုဠ်ပင်အဓိက စိုက်ပျိုးသည့် ကျေးရွာများမှ ဒေသခံတောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က စျေးကောင်းရသော်လည်း ယခုနှစ်တွင် စျေးကျနေကြောင်း တောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံးစျေး ၆၅၀၀ ကျပ် ပေါက်စျေးရှိသော်လည်း ယခုနှစ်တွင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြားတွင်သာ စျေးရှိကြောင်း ဒေသခံများက ဆိုသည်။ “စျေးကျတော့ စားဝတ်နေ‌ရေးအတွက် ပိုပင်ပန်း (ခက်ခဲ) လာတယ်။ အရင်က ခရုစေ့ (သီဟိုဠ်စေ့) ပေါ်ချိန်ဆို ဝမ်းသာ နေရတယ်။ ကုန်စျေးနှုန်းကတက်ပြီး ဒေသထွက်ကုန်တွေက စျေးကျနေရင် ပိုပင်ပန်းတာပေါ့” ဟု ချောင်းလမုရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။ သီဟိုဠ်စေ့များကို ဝယ်သူများသည် ကျေးရွာများမှတစ်ဆင့် မြိတ်သို့ […]

အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် ကာကွယ်ပြောဆို

Dawei Watch

February 26, 2026

ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကာကွယ်ပြောဆိုသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အစ္စရေးဘက်မှ ယုံကြည်ချက်အပြည့်အဝဖြင့် ရပ်တည်ကြောင်း ဝန်ကြီးချုပ်မိုဒီက အစ္စရေးပါလီမန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ အိန္ဒိယခေါင်းဆောင်တစ်ဦးက အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်းပြောကြားခြင်း ဖြစ်ပြီး အစ္စရေးအပေါ် အိန္ဒိယ၏ ကာလရှည်ထောက်ခံမှုကို အလေးပေးပြောဆိုခဲ့သည်။ “အိန္ဒိယဟာ အစ္စရေးဘက်က အခုအချိန်မှာရော နောင်အနာဂတ်ကာလမှာရော ခိုင်ခိုင်မာမာ ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်သွားမှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ တိုက်ခိုက်မှုကို အရိုင်းအစိုင်း လုပ်ရပ်အဖြစ် ၎င်းက အပြစ်တင်ရှုတ်ချခဲ့သည်။ အရပ်သားများကို သတ်ဖြတ်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကမျှ […]