ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့်ငွေကို ဘဏ်ကထုတ်ယူရန်ကြိုးပမ်းမှုဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ
Dawei Watch
February 28, 2026ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့် ငွေများကို ဘဏ်တွင် လာရောက်ထုတ်ယူရန် ကြိုးပမ်းသည်ဆိုပြီး ဖမ်းဆီးခံရသူလေးဦးတွင် မြန်မာနှစ်ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခန့်က ချင်းမိုင်မြို့ရှိ ကရူထိုင်းဘဏ်တွင် ထိုင်းအမျိုးသမီးတစ်ဦးက ဘတ်ငွေ သုံးသိန်း လာရောက်ထုတ်ယူစဉ် ဘဏ်ဝန်ထမ်းက မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ကြောင်း ဆိုသည်။ ဘဏ်ဝန်ထမ်းက ငွေကြေးဝင်လာသော အရင်းအမြစ်ကို မေးမြန်းရာ ငွေထုတ်ယူသူက မဖြေကြားနိုင်ခြင်း၊ ဘဏ် အကောင့်သည် ယခင်က ငွေကြေးလိမ်လည်မှုနှင့် ပတ်သက်၍ တိုင်ကြားခံရသော ဘဏ်အကောင့် ဖြစ်နေခြင်းတို့ကြောင့် တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ် ထိုင်းအမျိုးသမီးက ဘတ်ငွေ သုံးသိန်းသည် သူမ၏ ကိုယ်ပိုင်ငွေများ မဟုတ်ဘဲ အခြားသူများ၏ […]


