ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

November 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများကို ဝယ်ယူရောင်းချနေပြီး သုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၆ ဦးကို ရဲတပ်ဖွဲက ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်ကို ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားက မူးယစ်ဆေးပြားများကို ကိုစည်သူအောင်ထံက ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ည ၈ နာရီခန့်တွင် ကိုစည်သူအောင်ထံက ဆေးပြားဝယ်ယူ၍ အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ကျွန်းပေါ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ ကိုစည်သူအောင်စီးသော ဆိုင်ကယ်သည် ဘန်တိုင်းဒေသရှိ ဘန်ဂလိုတစ်ခုတွင် ရပ်ထားသည်ကို စုံစမ်းသိရှိခဲ့ရသည်။ […]

ထားဝယ်လေယာဉ်ကွင်း စချဲ့၊ ထားဝယ်ကိုဗုံးကြဲရန် အသုံးပြုလာမည်ကိုစိုးရိမ်

Dawei Watch

November 22, 2025

ထားဝယ်လေယာဉ်ကွင်း အဆင်မြှင့်‌တင်ရေးလုပ်ငန်းများ ယခုနိုဝင်ဘာလထဲတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စက်တင်ဘာလ ၁၈ နေ့ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်လေဆိပ်အား ‌အဆင့်မြှင့်တင်ရန် ပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းသို့လုပ်ငန်းစတင်လာခြင်း ဖြစ်သည်။ ဒေသတွင်းသုံး( Domestic Airport) အဆင့်မှ နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း (Code 4D) အထိ အဆင့်မြှင့်ရန် စီမံကိန်း (Master Plan) ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။ လတ်တလောတွင် ကွင်းဘေးသို့ ၂၅ ပေအကျယ်သို့ချဲ့ထွင်ရန် ကနဦးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။ “လေယာဉ်ကွင်းလည်းစချဲ့နေပြီ။ လေယာဉ်ဆီ‌တွေလည်း ကားတွေနဲ့ (ထားဝယ်မြို့) ကြက်စားပြင်ဆိပ်ကမ်းကနေ ကားတွေနဲ့ ညဘက်သယ်နေတာတွေရှိတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ ထားဝယ်လေယာဉ်ကွင်းသည် လက်ရှိတွင် ခရီးသည်တင် ATR 72 အမျိုးအစား လေယာဉ်ငယ်နှစ်စီးသာ […]

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် ယူကရိန်းအတွက် ရွေးချယ်ရန် အခက်အခဲဖြစ်ကြောင်း ဇလန်းစကီးပြော

Dawei Watch

November 22, 2025

ရုရှား၏ အဓိက တောင်းဆိုချက်များကို ထောက်ခံထားသည့် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် ယူကရိန်း၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သမ္မတဇလန်းစကီးက နိုဝင်ဘာလ ၂၁ ရက်က ပြောကြားလိုက်သည်။ ငြိမ်းချမ်းရေး အစီအစဥ်ကြောင့် ယူကရိန်းအနေဖြင့် အမေရိကန်၏ ထောက်ခံအားပေးမှုကို ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအဆိုပြုသည့် အဆိုပါ ငြိမ်းချမ်းရေးအစီအစဥ်ကို ယူကရိန်းဘက်က တစ်ပတ်အတွင်း လက်ခံရန် တိုက်တွန်းထားသည်။ အဆိုပါအစီအစဉ်ကို ယူကရိန်းဘက်က လက်ခံရန် သင့်လျော်သော နောက်ဆုံးရက်သည် ကြာသပတေးနေ့ ဖြစ်သည်ဟု ၎င်းယုံကြည်ကြောင်း သမ္မတထရမ့်က Fox News ရေဒီယိုသို့ ပြောကြားခဲ့သည်။ ထရမ့်၏ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းဘက်က နယ်မြေများ စွန့်လွှတ်ရန်၊ […]

စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေ၍ သရက်ချောင်းမှ ကျေးရွာ ၁၀ ရွာခန့် ထပ်မံထွက်ပြေးနေရ

Dawei Watch

November 21, 2025

သရက်ချောင်းမြို့နယ်အောက်ဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ ပြန်လည်ထွက်ပြေးနေရကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများထံမှသိရ သည်။ အင်အား ၂၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၂၁ ရက်တွင် ဆင်ကူးမှ ဘုတ်တောင်အထိ စစ်ကြောင်းထိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်ခန့်တွင် ဘုတ်တောင်မှ ကတွဲ၊ ကျောက်ခမောက်၊ ဆိတ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း၊ ရငဲ၊ ကမြိုင်စသည့်ကျေးရွာများကို စစ်ကြောင်းဆက်ထိုးနေသည်ဟု ဒေသခံများကဆိုသည်။ စစ်ကြောင်းထိုးစဉ် လမ်းမှာတွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားပြီး တခြားရွာသို့ရောက်ရှိချိန်တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ၎င်းတို့ကပြောသည်။ ရော်ဘာခြစ်သွားသည့် အသက် ၃၀ ခန့်ရှိ ကတွဲရွာသား အမျိုးသားနှစ်ဦးကိုလည်း တောကောင် ပစ်ရန်ယူဆောင်သွားသည့် တူမီးသေနတ်ပါလာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးထံက သိရသည်။ “ပြန်လွှတ်ပေးသူတွေလည်း […]

ဆယ်နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် အမြန်ရေယာဉ်ခရီးစဉ် ပြန်စ

Dawei Watch

November 21, 2025

ဆယ်နှစ်ကြာရပ်ထားသည့် ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲမည်ဟု မြိတ်မြို့နှင့်ထားဝယ်မြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဟု မြိတ်မြိုရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနက်ဖြန် အမြန်ရေယာဉ်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ ကုန်းလမ်းကြောင်းတွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်လေ့ရှိသဖြင့် တနင်္သာရီတိုင်းမှ ခရီးသွားများမှာ ရေကြောင်း၊လေကြောင်းတို့ကို အားပြုသွားလာနေကြခြင်းဖြစ်ပြီး ယခင်က အမြန်ရေယာဉ်အငယ်စားများဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု အခြေအနေအရ ရေကြောင်းခရီးစဉ်ကို စပိတ်ဘုတ်အမြန်ရေယာဉ် အငယ်စားများဖြင့် ပြေးဆွဲလျက်ရှိရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “အခုက ရာသီဥတုဆိုးလို့ စပိဘုတ်ရေယာဉ်က လမ်းကနေ […]

ပလမြို့အနီး သင်္ကန်းတောရွာအနီးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲ

Dawei Watch

November 21, 2025

ပုလောမြို့နယ်၊ ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို မီးရှို့ပြီး ကဒဲရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်အချို့နှင့် ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်အာဏာရှင်တပ်သား ၄၀ ဝန်းကျင်သည် သင်္ကန်းတောရွာမှ ကဒဲရွာဘက်သို့ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့က သင်္ကန်းတောရွာကို မီးရှို့ပြီး တက်လာတယ်။စစ်ကြောင်းက ခြေလျင်ထိုးလာတယ်။ ပ‌ဒေသာမိုင်း(အတွဲလိုက်)နဲ့ ချလိုက်တယ်။အသေများနိုင်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ၏ သေနတ်များနှင့် စစ်သုံးပစ္စည်းအချို့ တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသွားသည့် စစ်အာဏာရှင်တပ်သားများကို ရွာအတွင်းမှ သယ်ထုတ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၈ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက […]

မြိတ်မြို့က အခမဲ့ဆေးကုခန်း နေရာအခက်အခဲကြောင့် ပိတ်ရဖွယ်ရှိ

Dawei Watch

November 21, 2025

မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်ထားသည့် မြိတ်မြို့ပေါ်ရှိ အခမဲ့ဆေးကုသခန်းကို နေရာအခက်အခဲကြောင့် ယာယီပိတ်သိမ်းရမည့်အခြေအနေရှိနေကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။ လက်ရှိ ဆေးခန်းဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ နေရာကို အခမဲ့ အသုံးပြုခွင့်ပေးထားသည့် မူလပိုင်ရှင်များက ပြန်ယူတော့မည်ဖြစ်သည့်အတွက် ဆေးခန်းဖွင့်ရန်နေရာအခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ အသင်းခွဲဥက္ကဌ ဒေါက်တာတင်စိုးမိုးက ပြောသည်။ ဆေးခန်းဖွင့်ရန်အတွက် အစားထိုးမြေနေရာအဆင်မပြေပါက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆေးခန်းကို ယာယီပိတ်ထားရနိုင်ကြောင်း ဆေးခန်းတွင် ကိုယ်တိုင်ဦးဆောင်ကုသပေးနေသူလည်းဖြစ်သည့် ဒေါက်တာ တင်စိုးမိုးက ဆိုသည်။ “မူလပိုင်ရှင်တွေကလည်း ဆေးခန်းဖွင့်ထားတဲ့ အဆောက်အအုံကို သုံးဖို့လိုလာလို့ ကျွန်တော်တို့ကို အသိပေးလာပါတယ်၊ သူတို့လည်း (နေရာ)အခမဲ့ပေးသုံးလာတာ ၂ နှစ်လောက်ရှိနေပါပြီ” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဆေးခန်းဖွင့်ရန် လိုအပ်သည့်နေရာနှင့် အဆောက်အအုံကို ဘုန်းကြီးကျောင်းနှင့် မြိတ်မြို့ခံအချို့က အခမဲ့အသုံးပြုခွင့်ပေးရန် […]

အမေရိကန်၏ စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတပြော

Dawei Watch

November 21, 2025

အမေရိကန်ကျောထောက်နောက်ခံပြု စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာလ ၂၀ ရက်က ပြောကြားလိုက်သည်။ အဆိုပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဥ်ကို အမေရိကန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ၊ လာမည့်ရက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယင်းကိစ္စကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။ အမေရိကန်ကျောထောက်နောက်ခံပြု အဆိုပါ ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်ကို ဥရောပနိုင်ငံများက ဆန့်ကျင်လျက် ရှိသည်။ အဆိုပါ အစီအစဉ်အရ ယူကရိန်းအနေဖြင့် နယ်မြေများ ပိုမိုစွန့်လွှတ်ရမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ယင်းအစီအစဥ်မှာ ယူကရိန်းအဖို့ လက်နက်ချသည်နှင့် အတူတူပင် ဖြစ်သည်ဟု ယူကရိန်း၏ မဟာမိတ်များက ကြာမြင့်စွာ ရှုမြင်လာခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ယူကရိန်းသမ္မတ ဇလန်းစကီးက အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်၏ […]