ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရုတ်သမ္မတရှီက ထရမ့်ကို ဖုန်းဆက်ရာတွင် ထိုင်ဝမ်နှင့်တရုတ် ပေါင်းစည်းရေး ထည့်သွင်းပြောဆို

Dawei Watch

November 25, 2025

ထိုင်ဝမ်ကို တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးမှာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ချိန်ခွင်လျာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၂၄ ရက်က ဖုန်းခေါ်ဆိုရာတွင် ပြောကြားလိုက်သည်။ တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်လျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ၏ ပြောဆိုမှုကြောင့် တရုတ်နှင့် ဂျပန်အကြား တင်းမာမှုမြင့်တက်နေချိန် တရုတ်သမ္မတရှီကျင့်ဖျင်၏ အဆိုပါ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တနင်္လာနေ့က ဖုန်းပြောဆိုမှုအတွင်း “တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသည် တချိန်က ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒကို ပုခုံးချင်းဖက် တိုက်ခိုက်ခဲ့ကြပြီး လက်ရှိတွင် ဒုတိယကမ္ဘာစစ်၏ ရလဒ်ကို ကာကွယ်စောင့်ရှောက်ရန် အတူလက်တွဲလုပ်ဆောင်သင့်ကြောင်း” တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက […]

ယူကရိန်းဘက်က နယ်မြေလက်လွှတ်ရေးအပေါ် ဇလန်းစကီး သတိပေး

Dawei Watch

November 25, 2025

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ရုရှားသမ္မတပူတင်၏ တောင်းဆိုချက်မှာ အဓိကပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း ဂျီနီဗာဆွေးနွေးပွဲအပြီးတွင် ယူကရိန်းသမ္မတဇလန်းစကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန် ၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကနဦးအဆိုပြုထားသည့် ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းက အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။ အဆိုပါ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အရေးပါသည့် ခြေလှမ်းများကို ကြိုဆိုသော်လည်း ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ပူတင်၏ တောင်းဆိုချက်မှာ […]

မြန်မာနိုင်ငံသားများအတွက် ယာယီတရားဝင်နေထိုင်ခွင့် ကန်ရုတ်သိမ်း

Dawei Watch

November 25, 2025

မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ကို အဆုံးသတ်မည် ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်က ဆိုသည်။ ယင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ဖြင့် လက်ရှိ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးမှာ နေထိုင်ခွင့်ရုပ်သိမ်း ခံရမည်ဖြစ်သည်။ မြန်မာအတွက် သတ်မှတ်ထားသော ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS) သည် ယနေ့ အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေကို သုံးသပ်ကာ အမေရိကန်အေဂျင်စီများကို တိုင်ပင်ဆွေးနွေးပြီးနောက်တွင် မြန်မာနိုင်ငံသည် ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS)နှင့် ဆက်လက်ကိုက်ညီမှု မရှိတော့ကြောင်း အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်လိုက်သည်။ မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ(TPS)ကို ရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမည် […]

တနင်္သာရီ၊ ဖာနီရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချသဖြင့် ရွာသားငါးဦး ဒဏ်ရာရ

Dawei Watch

November 25, 2025

တနင်္သာရီမြို့နယ်၊ ဖာနီရွာကို ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ဖာနီရွာသား ငါးဦးဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ဖာနီရွာကို ဒရုန်းဖြင့်ချသည့် ဗုံးတစ်လုံးသည် နေအိမ်တစ်ဆောင်ရှေ့ရှိ ကားနံဘေးတွင် ကျရောက်ပေါက်ကွဲပြီး ရွာသားများ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူများသည် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားများဖြစ်ပြီး လေးဦးမှာ ဒဏ်ရာများသဖြင့် မြိတ်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားကာ တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “(ကုန်ကားရောက်ချိန်) ပစ္စည်းလာ(သယ်)တိုက်လို့ လူစုနေကြတယ်။ အိမ်ရှေ့မှာ လူတွေက များနေတယ်။ ထိတဲ့သူ ဒဏ်ရာပြင်းသမား လေးယောက်ကိုတော့ ဆေးရုံပို့လိုက်တယ်”ဟု အထက်ပါဒေသခံတစ်ဦးက ပြောဆိုသည်။ ဖာနီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က […]

ကျွန်းစုတွင် ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းသယ်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်

Dawei Watch

November 25, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ပဲ့တိုင်ကျေးရွာ ဘုရားတောင်ကုန်းပေါ်ရှိ ပျူစောထီးအထိုင်စခန်းသို့ ဘုရားထွက်‌ရွာမှ လက်နက်ခဲယမ်းလာပို့သည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ကားနှစ်စီးပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများလိုက်ပါလာပြီး သတင်း အခိုင်အမာကြိုတင်ရရှိသည့်အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။ “စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးက ကိုယ်စားလှယ်လောင်းတွေ ကျွန်းစု ဘက်ကို မဲဆွယ်စည်းရုံး‌ရေးဆင်းနေတယ်လေ။ အဲဒါကို လုံခြုံရေးယူဖို့ပြင်ဆင်နေတာဖြစ်မယ်” ဟု အဆိုပါတာဝန်ခံက ဆိုသည်။ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးအထိုင်စခန်းသည် ကျွန်းစုမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများအနက် အင်းအားအများဆုံးနှင့် အကြီးဆုံးစခန်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါကားနှစ်စီးတွင် စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲဝင်နှင့် ပျူစောထီး ၁၅ […]

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ် ၆၀ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

November 24, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းဘေးက မင်းဒပ်ရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာလ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးရာ အရပ်သားနေအိမ် ၆၁ လုံး ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ကျေးရွာအတွင်း ဒေသခံများ သွားရောက်ကြည့်ရှု နေအိမ် ၆၁ လုံး မီးရှို့ခံထားရသည်ကို တွေ့ရှိ့ကြောင်း မင်းဒပ်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “(မီးရှို့ခံရတာမှာ) ကျွန်မတို့အိမ်လည်း ပါတယ်။ အိမ်တစ်လုံးရဖို့ မနည်းကြိုးစားထားရတာ။ အခုမီးရှို့ခံရတဲ့ အိမ်တွေ အတော်များများက ထိုင်းနိုင်ငံမှာ သွားလုပ်စားကြပြီး ဆောက်ထားတဲ့ အိမ်တွေချည်းပဲ။ ကျွန်မလည်းငို ကျွန်မအမေတို့လည်း ငိုပဲ” ဟု ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် နံနက်တွင် […]

မြိတ်မြို့မအားကစားကွင်းအရှေ့ဆိုင်ခန်းများကို စာချုပ်မပြည့်မီ အဓမ္မဖယ်ခိုင်း

Dawei Watch

November 24, 2025

မြိတ်မြို့မအားကစားကွင်းအရှေ့တွင်ရှိသည့် ဆိုင်ခန်းတွဲများကို စစ်ကော်မရှင်လက်အောက်ခံ အားကစားဝန်ကြီးဌာနက အပြီးတိုင်ဖယ်ရှားခိုင်းနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ အဆိုပါအားကစားကွင်းအရှေ့တွင် ဆိုင်ခန်းပေါင်း ၃၀ နီးပါးရှိပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် အားကစားဦးစီးဌာနထံက အကြောင်းကြားစာပေးပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောဆိုသည်။ နှစ်ရှည်စာချုပ်ဖြင့်ဝယ်ထားပြီးမှ ယင်းကဲ့သို့ အပြီးတိုင်ဖယ်ရှားခိုင်းခြင်းကြောင့် ဆိုင်ခန်းပိုင်ရှင်ပြည်သူများ နစ်နာရကြောင်း ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ “အစိုးရပိုင်တဲ့နေရာဆိုပေမယ့် အဲဒီအစိုးရတွေကပဲ ကြည်ကြည်ဖြူဖြူနဲ့ ရောင်းချခဲ့ပြီး အခုက နှစ်မပြည့်‌သေးဘဲ ရုတ်တရက် ဖယ်ရှားခိုင်းတာကတော့ တရားလွန်တယ်ဗျာ။ ဝယ်ထားရတာ စက္ကူနဲ့ မဟုတ်ဘူး၊ ငွေသားနဲ့ဗျ။ အငှားဆိုင်ခန်းတွေက ကိစ္စမရှိပေမယ့် နှစ်ချုပ်နဲ့ဝယ်ထားတဲ့သူတွေက နစ်နာတယ်” ဟု ၎င်းက ပြောသည်။ ဆိုင်ခန်းနေရာများကို နှစ် ၃၀ စာချုပ်ဖြင့် ရောင်းချထားပြီး နှစ်ပြည့်ရန်အတွက် လေးနှစ်နီးပါးလိုသေးကြောင်း ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးက […]

တစ်ပတ်ကျော်ကြာ ပိတ်ထားသည့် ထားဝယ်-မြိတ်ကားလမ်း ပြန်ဖွင့်

Dawei Watch

November 24, 2025

တစ်ပတ်ကျော်ကြာ ပိတ်ထားသည့် ထားဝယ်-မြိတ်ကားလမ်းကို ယနေ့(နိုဝင်ဘာ ၂၄) မွန်းလွဲ ၁၂ နာရီခွဲတွင် လမ်းပြန်ဖွင့်ပေးလိုက်သဖြင့် မြိတ်ဘက်ကိုဆင်းသည့်ကားများ သွားလာနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မြိတ်ဘက်ကိုဆင်းတဲ့ အဆင်းကားတွေတော့ အခုထွက်ခွာကုန်ပြီ။ ပလောက်ကနေ တက်လာတဲ့ အတက်ကားတွေကိုတော့ အခုထိမတွေ့ရသေးဘူး” ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် ချောက်ချောင်းရွာမှ ဘုတ်တောင်၊ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ ထားဝယ်-မြိတ်သွားကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်ခန့်မှ ၂၄ ရက်အထိ ၉ ရက်ခန့်ကြာ ပိတ်ထားခဲ့သည်။ ယင်းကြောင့် ချောက်ချောင်းမှ ဆင်ထိုးကြီးအထိ ကားအစီးရေရာချီနှင့် ခရီးသည်ရာချီမှာ တစ်ပတ်ကျော်ကြာပိတ်မိနေပြီး ယနေ့ မွန်းလွဲပိုင်းမှ ဖြတ်သန်းခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့နှင့် ယာဉ်နောက်လိုက် […]