ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုရမည်ဟု တရားရုံးဆုံးဖြတ်

Dawei Watch

November 26, 2025

လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ဥရောပသမဂ္ဂနိုင်ငံတိုင်းတွင် လေးစားအသိအမှတ်ပြုရမည်ဟု ဥရောပသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။ ဂျာမနီတွင် လက်ထပ်ထိမ်းမြားခဲ့သည့် ပိုလန်နိုင်ငံသား လိင်တူစုံတွဲတစ်တွဲအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့် ပိုလန်အစိုးရအား အဆိုပါ တရားရုံးက အပြစ်တင်ဝေဖန်ခဲ့သည်။ ပိုလန်ဥပဒေအရ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ခွင့်မပြုသောကြောင့် ယင်းသို့ ငြင်းဆန်ရခြင်း ဖြစ်ကြောင်း ပိုလန်အစိုးရက ဆိုသည်။ ယင်းသို့ ငြင်းဆန်မှုမှာ ဥရောပသမဂ္ဂ၏ ဥပဒေနှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း အဆိုပါ တရားရုံးက ဆိုသည်။ ယင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနေထိုင်ခွင့်အပြင် လူသားတစ်ယောက်၏ ပုဂ္ဂလိကဘဝနှင့် မိသားစုဘဝကို လေးစားအသိအမှတ်ပြုခံရခြင်းဟူသည့် အခြေခံအခွင့်အရေးကိုပါ ချိုးဖောက်ခံရရာ ရောက်ကြောင်း တရားရုံးက ဆိုသည်။ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အများစုဖြစ်သော ပိုလန်နိုင်ငံတွင် LGBT များ၏ […]

ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရန် ဂျာကာတာတွင် ကြောင်သားနှင့် ခွေးသား ပိတ်ပင်

Dawei Watch

November 26, 2025

အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ခွေးရူးပြန်ရောဂါကူးစက်မှုလျှော့ချရန် ကြောင်သား ၊ ခွေးသား ၊ လင်းနို့သား ရောင်းဝယ်မှုနှင့် စားသောက်မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း မြို့တော်ဝန်က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းမှာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ အဆိုပါ ပိတ်ပင်တားမြစ်သည့်အမိန့်ကို ဂျာကာတာမြို့တော်ဝန်က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဂျာကာတာတွင် “ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်သော တိရစ္ဆာန်များ”ကို ရောင်းချခြင်းအား တားမြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။ ယင်းသို့ တားမြစ်သည့် အမိန့်ကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Dog Meat Free Indonesia အဖွဲ့က ကြိုဆိုခဲ့သည်။ အဆိုပါ တားမြစ်အမိန့်သည် “အင်ဒိုနီးရှားပြည်သူအားလုံးကို ကာကွယ်ရန် […]

မောတောင်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် လသားအရွယ်ကလေးများ နေထိုင်ရေး၊ ကျန်းမာရေးအခက်ကြုံ

Dawei Watch

November 26, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများတွင် ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစ မိခင်များ၊ ကလေးငယ်များပါဝင်နေပြီး နေထိုင်ရေး၊ ကျန်းမာရေးအတွက် အခက်အခဲများစွာကြုံနေရကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် နေအိမ်သို့ မပြန်နိုင်သေးသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် နို့တိုက်မိခင်တစ်ဦးက ဆိုသည်။ “ကလေးတွေမှာက ယားနာ‌တွေပေါက်လာတာရှိတယ်။ လသားကလေးတွေဆိုလည်း ခြင်ကိုက် ဖုတွေနဲ့။ အချို့မိခင်တွေ ကျတော့လည်း နို့မထွက်လို့ နို့စည်တွေကိုဖျော်ပြီးတိုက်နေတော့ ဝမ်းပူ(ဝမ်းဗိုက်ဖောင်းကားနေ)တယ်။ ကလေးတွေအတွက် ခြင်ထောင်နဲ့ နို့မှုန့်တွေ လိုအပ်နေတယ်။ ကလေးတွေအတွက် ဒိုင်ဗာတွေလည်း လိုအပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း လ‌စေ့နေသည့် ကိုယ်ဝန်သည်များရှိပြီး အချိန်ခါမရွေး ဗိုက်နာနိုင်သည့်အတွက် စိုးရိမ်စိတ်နှင့် နေနေရကြောင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က […]

မောတောင်လမ်းတွင် ၁၀ ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်

Dawei Watch

November 25, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့သို့ သွားသည့် လမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် သဲဖြူရွာအနီးဝန်းကျင်တို့တွင် စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ၁၀ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။ သိန်ခွန်းရွာနှင့် သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က လေကြောင်းနှင့် ကားများကို အသုံးပြု၍ စစ်အင်အားထပ်ဖြည့်ကာ စစ်ကြောင်းထိုးလာသဖြင့် နိုဝင်ဘာလ ၁၅ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၂၅ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စစ်အင်အားအလုံးအရင်းဖြင့် ခြေလျင်စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆိုသည်။ “နှစ်ဖက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်။ တိုက်ပွဲမပြီးသေးလို့ အသေးစိတ်ပြောလို့ မရသေးဘူး။ သူတို့ဘက်က ထိခိုက်တာရော သေတာရောများတယ်။ သူတို့က နှစ်လအတွင်း မောတောင်ကို ပြန်လည်ရယူဖို့ ကြေညာထားတာလည်း တွေ့ရတယ်။ အဲဒါကြောင့် […]

ထားဝယ် ဇဟာရွာတွင် မဲစာရင်းပြုစုနေသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ဒူရကစစ်ကြောင်းဆို

Dawei Watch

November 25, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် မဲစာရင်းပြုစုနေသူတစ်ဦးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဖမ်းဆီးထားကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။ ဇဟာရွာတွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဟန်ညွန့်ကို ရွာအရှေ့ပိုင်းရှိ ၎င်း၏ဥယျာဥ်ခြံအတွင်းရှိ နေအိမ်၌ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန် ထားတယ်။ ထုတ်ပြန်ချက်နဲ့ အညီလည်း အခုလုပ်တယ်။ တကယ်လို့ သူ (ဦးဟန်ညွန့်) က အုပ်ချုပ်ရေးမှူးဖြစ်နေလို့ ဖမ်းတာ မဟုတ်ဘူး။ မဲရုံမှူးတစ်ယောက်ဖြစ်တယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီကို ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သူအများကြီး ပံ့ပိုးနေတာရှိတယ်” ဟု ၎င်းက […]

မောတောင်ဒေသခံ စစ်‌ရှောင်တစ်ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းသဖြင့် အခက်တွေ့

Dawei Watch

November 25, 2025

ထိုင်း-မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြသည့် မောတောင်မြို့က ဒေသခံ စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက လက်မခံသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံနေကြောင်း စစ်ရှောင်များထံမှ သိရသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက နယ်စပ်တွင်ရှိနေသည့် စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက လက်မခံတော့ဘဲ ပြန်ခိုင်းနေကြောင်း စစ်‌ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စစ်ဘေးရှောင်များသည် ယာယီတဲဆောက်ရန် သစ်ခုတ်ခြင်း၊ အမှိုက်များကို စနစ်တကျ မပစ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရှိခြင်း စသည့်အချက်တို့ကို အကြောင်းပြကာ ထိုင်းဘက်က လက်မခံကြောင်း ၎င်းက ပြောဆိုသည်။ “ထိုင်းဘက်က လက်မခံတော့ ပြန်တဲ့သူကလည်း ပြန်ကျတယ်။ မပြန်ဘဲ နေကျန်ခဲ့တဲ့ သူတွေလည်းရှိတယ်။ အချို့တွေကလည်း ရှေ့ရက်ကတည်းက ပြောင်းနေကြတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။ […]

ထားဝယ်မြို့လယ်ခေါင်က တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဝင်တိုက်

Dawei Watch

November 25, 2025

ထားဝယ်မြို့လယ်တွင် စိုက်ထူထားသော စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ် ယမန်နေ့ညနေပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရကြောင်း မြို့ခံများထံမှသိရသည်။ ဦးမြတ်ကိုမှာ စစ်အာဏာရှင်တပ်၏ ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီးရှိ စိုက်ထူထားသော ဦးမြတ်ကို၏မဲဆွယ်ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ရေးလမ်းအတိုင်း မော်တော်ဆိုင်ကယ်ဖြင့်လာစဉ် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ဆိုင်းဘုတ်က လမ်း ဘေးပလက်ဖောင်းဘေးမှာ ထောင်ထားတယ်။ ပလက်ဖောင်းကိုကျော်ပြီးမှ ဆိုင်းဘုတ်ကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်လည်း လဲသွားတယ်၊ဆိုင်းဘုတ်လည်း မြေကြီးပေါ်လဲကျနီးနီး ဖြစ်သွားတယ်” ဟု ယင်းမြို့ခံကပြောသည်။ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်မိသူမှာ တိုက်မိမှုဖြစ်ပြီးနောက် ယင်းနေရာမှ ထွက်ခွာသွားသည်ဟုဆိုသည်။ ဆိုင်ကယ်ဖြင့် […]

ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် ဥရောပသမဂ္ဂ ကတိပြု

Dawei Watch

November 25, 2025

ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းကို ဆက်လက်ကူညီပံ့ပေးသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကတိပြုပြောကြားလိုက်သည်။ ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်အသစ် ရလာသည်ကိုလည်း ကြိုဆိုဂုဏ်ပြုကြောင်း ၎င်းက ပြောသည်။ “ဥရောပသမဂ္ဂအနေနဲ့ သမ္မတဇလန်းစကီး လိုအပ်တဲ့ သံတမန်ရေးရာ အထောက်အပံ့၊ စစ်ရေး အထောက်အပံ့၊ စီးပွားရေး အထောက်အပံ့အားလုံးကို ဆက်လက် ပေးအပ်ဖို့ သံန္နိဌာန်ချထားပါတယ်” ဟု ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က ပြောသည်။ “ဒီလို အထောက်အပံ့ပေးတယ်ဆိုရာမှာ အထူးသဖြင့် ယူကရိန်းအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ဆိုလိုတာပါ” ဟု ၎င်းက ပြောဆိုသည်။ ယူကရိန်း၏ ဘဏ္ဍာရေးလိုအပ်ချက်များကို နောက်ထပ် ၂နှစ်အထိ ဖြည့်ဆည်းပေးရန် ပြီးခဲ့သည့်လက […]