ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမှ ပလောက်အထိ ထားဝယ်-မြိတ်ကားလမ်း ပြန်ဖွင့်လိုက်ပြီဟု KNLA ကြေညာ

Dawei Watch

November 28, 2025

ရက် ၂၀ နီးပါးပိတ်ထားသော သရက်ချောင်းမြို့နယ်မှ ပလောက်အထိ ထားဝယ်-မြိတ်ကားလမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ကြောင်း ယနေ့(နိုဝင်ဘာ ၂၈)နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) က ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ရေးလိုအပ်ချက်အရ KNLA တပ်ဘက်က နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၈ ရက်မနက်အထိ သရက်ချောင်းနှင့် ပလောက်လမ်းပိုင်းကို ရက် ၂၀ နီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းပိုင်းတစ်လျှောက်တွင် ရာနှင့်ချီသည့် ကုန်တင်ကား၊ ခရီးသည်တင်ကားများနှင့် ခရီးသည်များ ပိတ်မိနေပြီး ပိတ်ထားသည့် ကာလအတွင်း အချိန်အကန့်အသတ်ဖြင့် ကားများကို ဖြတ်သန်းခွင့်ပြုခြင်းလည်းရှိခဲ့သည်။ “ဒီနေ့ မိုးလင်းပိုင်းမှာ ကားတွေဖြတ်သန်းသွားလာနေတာ တွေ့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လမ်းပိတ်ထားသည့်အတွက် ကုန်ပစ္စည်း ဆုံးရှုံးမှုများရှိသလို ခက်ခက်ခဲခဲ လမ်းပေါ်တွင် နေထိုင်ခဲ့ရကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားများက ဆိုသည်။ […]

ထိုင်းအာဏာပိုင်များက အချိန်သတ်မှတ်ကာ နောက်ဆုံးထားပြန်ခိုင်းသဖြင့် မောတောင် စစ်ရှောင်များ နေရပ်ပြန်လာရ

Dawei Watch

November 28, 2025

ထိုင်းနိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေကြသည့် မောတောင်ဒေသခံ စစ်ဘေးရှောင်များကို နိုဝင်ဘာလ ၂၆ရက် ညနေ ၅နာရီ နောက်ဆုံးထားပြီး ထိုင်းအာဏာပိုင်းများက နေရပ်ပြန်ခိုင်းသဖြင့် မြန်မာဘက်ခြမ်းသို့ ပြန်လာရကြောင်း စစ်ဘေးရှောင် များက ပြောသည်။ နယ်ခြားဂိတ်ဖြစ်သည့် အလယ်ဂိတ်တွင် တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအဏာပိုင်များက နိုဝင်ဘာလ ၂၄ ရက်မှ စတင်ကာ နေရပ်ပြန်ခိုင်းခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်တွင် နောက်ဆုံးထား ပြန်ခိုင်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စတင် ပြန်ခိုင်းသည့် နိုင်ဘာလ ၂၄ ရက်မှစတင်၍ စစ်ဘေးရှောင်ရာနှင့်ချီ မြန်မာဘက်ခြမ်းသို့ စတင်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာလ ၂၇ရက်တွင် စစ်ဘေးရှောင် အားလုံးပြန်လာကြရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။ “သူတို့က ပြောင်းခိုင်းနေတော့ ပြောင်းမှရမယ်။ အိမ်ကို ပြန်ဝင်သွားလည်း အိမ်တွေ […]

သရက်ချောင်း၊ ပြင်းဖြူကြီးရွာက နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

November 27, 2025

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက အရပ်သားနေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၂၆ရက် နံနက် ၉ နာရီခန့်တွင် ပြင်းဖြူကြီးရွာသို့ ရောက်ရှိလာပြီး နေအိမ်များတွင် ဝင်ရောက်တပ်စွဲခဲ့ကြောင်း ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် ရွာထဲ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ယင်းနောက် ညနေ ၄ နာရီကျော်တွင် စစ်အာဏာရှင်တပ်က အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အိမ်က (စစ်အာဏာရှင်တပ်) မီးရှို့ခဲ့တာ” ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်က မီးရှို့ပြီးနောက် မီးခိုးလုံးများကို အဝေးက မြင်တွေ့နေရကြောင်း စစ်ကြောင်းဝင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ် ရွာထဲသို့ မဝင်ရောက်ခင် […]

သထုံနှင့် ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၁ ဦး လွတ်မြောက်

Dawei Watch

November 27, 2025

မွန်ပြည်နယ်အတွင်းရှိ သထုံနှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူများထံမှ သိရသည်။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးတွင် ကျိုက်မရောအကျဉ်းထောင်မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား ၅ ဦး ဖြစ်သည်။ “လက်ရှိ သိထားသလောက်ကတော့ မွန်မှာက ကျိုက်မရောနဲ့ သထုံအကျဉ်းထောင်က ၁၁ ဦး လွတ်လာတယ်။ မော်လမြိုင်ထောင်က လွတ်လာတာ မရှိသေးဘူး။ ထပ်လွတ်လာတာ ရှိသေးလာတော့ စာရင်းအတိအကျ မရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။ စစ်ကော်မရှင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ […]

ရေး အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

November 27, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ အစင်စံပြကျေးရွာက အသက် ၅၀နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဆိုသူသည် နိုဝင်ဘာလ ၂၆ရက်နေ့ ည ၇နာရီ ဝန်းကျင်က အစင်ကျေးရွာဘက်မှ ဇီးဖြူသောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပစ်ခတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ ဦးမောင်ဖဲသည် ဦးခေါင်း၊ ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာတွင် သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ သေနတ်သမားတွေက အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်လိုက်တာ။ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးမောင်ဖဲ ပစ်သတ်ခံရပြီးနောက် အစင်ကျေးရွာသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်သူ့စစ်အဖွဲ့ဝင် […]

လောင်းလုံး သဘော့ဆိပ်ရွာတွင် နေအိမ်သုံးဆောင် မီးလောင်ပျက်စီး

Dawei Watch

November 27, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်သူအချို့က ပြောသည်။ သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တစ်ဆောင်က မီးစတင် လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးလောင်နေတဲ့ကြားထဲ လေကလည်း တဟူးဟူး တိုက်လာတော့ ကျန်တဲ့အိမ်တွေပါ ကူးကုန်တာ” ဟု ၎င်းက ပြောဆိုသည်။ မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ မီးလောင်မှုကြောင့် နေအိမ်သုံးဆောင် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုသည်။ “ပင်လယ်ကမ်းခြေနားမှာဆိုတော့ လေကလည်း တိုက်နေတယ်။ တောတိုင်လေး (သစ်လုံးငယ်) နဲ့ ဆောက်ထားတဲ့ အိမ်သုံးဆောင် […]

ထားဝယ်နှင့် မြိတ်ထောင်က အကျဉ်းသား ၁၀ဦးလွတ်မြောက်

Dawei Watch

November 27, 2025

ထားဝယ်နှင့် မြိတ်အကျဉ်းထောင်တို့က လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် အကျဥ်းသား၊ အကျဥ်းသူ ၁၀ ဦး လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်အကျဥ်းထောင်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ငါးဦးလွတ်မြောက်လာကြောင်း ထားဝယ် အကျဥ်းထောင်ရှေ့တွင် သွားရောက်စောင့်ကြိုခဲ့သည့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။ “ပေါက်တိုင်းတံတားဂိတ်မှာ ဖုန်းထဲမှာ စာ (စစ်အာဏာရှင်ဆန့်ကျင်ရေး) တွေ့လို့ လူဝတ်လဲ အဖမ်းခံရတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ထားဝယ်အလှသစ် စျေးဝယ်စင်တာမှာ အဖမ်းခံရတဲ့ ရန်တောင်ရွာသူတွေ ပါတယ်။ အားလုံးငါးယောက်လွတ်တယ်။ ရဲစခန်းကို ခေါ်သွားပြီးမှ ခံဝန်ထိုးပြီး လွှတ်တယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ထောင်တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦးလွတ်မြောက်ကြောင်း စစ်အုပ်စု […]

ထားဝယ်မြို့ဝင်ဂိတ်များတွင် တစ်ရက်အတွင်း လူငယ်ရှစ်ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

November 27, 2025

ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာလ ၂၂ ရက် တစ်ရက်တည်းတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ရှစ်ဦးရှိကြောင်း မြို့ခံခရီးသွားများ၊ စစ်မှုထမ်းစုဆောင်းခံသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၆နာရီမှစ၍ ထားဝယ်မြို့ဝင်ထွက်ဂိတ်များဖြစ်သော ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား စစ်ဆးရေးဂိတ်တို့တွင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ထားဝယ်သို့ လာသည့် ဒေသခံခရီးသွားလူငယ် အမျိုးသားတို့ကို အဓမ္မစစ်မှုထမ်း စုဆောင်းဖမ်းဆီးခဲ့ကြောင်း ဒေသခံခရီးသွားအချို့က ပြောသည်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးနှင့် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦး ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ အဆိုပါ လူငယ်ရှစ်ဦးအနက် အများစုသည် ထားဝယ်မြို့ပေါ် တွင် နေ့စားအလုပ်သွားရောက် လုပ်ကိုင်ကြမည့်သူများဖြစ်ပြီး အချို့မှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရသည့်အကြောင်းကိုမူ ယင်းလူငယ်များက […]