ထားဝယ်မြို့တွင် စက်သုံးဆီဆိုင်များ စုံ၊ မ စနစ်ဖြင့် ယနေ့စရောင်း
Dawei Watch
March 10, 2026ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် စုံ၊ မ ခွဲ စနစ်ဖြင့် ယနေ့ မတ်လ ၁၀ ရက်တွင် စတင်ရောင်းချနေကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက်နေ့ဖြစ်သောကြောင့် မော်တော်ယာဉ် နံပါတ်ပြားပါ အက္ခရာအရှေ့က စုံဂဏန်း နံပါတ်ပါ ယာဉ်များကိုသာ စက်သုံးဆီ ရောင်းချကြောင်း ၎င်းတို့က ပြောသည်။ ဥပမာ မော်ဆိုင်ကယ်နံပါတ် 54W ဆိုလျှင် အက္ခရာနှင့် အနီးစပ်ဆုံးဖြစ်သည့် 4 ဂဏန်းကို သတ်မှတ်ပြီး ဆီထည့်ခွင့် ပြုကြောင်း မြိုခံတစ်ဦးက ဆိုသည်။ “စုံမခွဲပြီး ဒီနေ့စရောင်းပေးနေတာပေါ့နော်။ စာကတ်ထားတာလည်း တွေ့ရတယ်။ မနံပါတ်ပါ မော်တော်ယာဉ်တွေကိုလည်း မနက်ဖြန်မှ လာထည့်ပါလို့ ပြောပြီးပြန်လွတ်နေတာလည်း တွေ့ရတယ်” ဟု အထက်ပါမြို့ခံကပြောသည်။ ထားဝယ်မြို့ပေါ်ရှိ DDPC၊ Petro […]


