မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့မှုဖြတ်တောက်မည့်ဥပဒေ ကန် အောက်လွှတ်တော်အတည်ပြု
Dawei Watch
December 2, 2025မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့မှု ဖြတ်တောက်ရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုလိုက်သည်။ မြန်မာနိုင်ငံအတွက် ရန်ပုံငွေအသစ် မပေးရေးအက်ဥပဒေ (H.R. 4423 – No New Burma Funds Act) ဟု အမည်ပေးထားသည့် အဆိုပါဥပဒေကြမ်းအား ထောက်ခံမဲ ၃၈၅ မဲ၊ ကြားနေမဲ ၄၆ မဲနှင့် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။ ယင်းဥပဒေအား ဂျော်ဂျီယာပြည်နယ် ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Nikema Williams နှင့် တောင်ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလင်ကန်ပါတီ အောက်လွှတ်တော်အမတ် Young Kim တို့က ယခုနှစ်အတွင်း ပူးတွဲတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေအရ ကမ္ဘာ့ဘဏ်ရှိ အမေရိကန်အမှုဆောင်ဒါရိုက်တာအနေဖြင့် မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့မှု ပိတ်ပင်ရေးကို ဆက်လက်လုပ်ဆောင်ရန် […]


