ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အီရန်တွင် မိန်းကလေးစာသင်ကျောင်းတိုက်ခိုက်ခံရမှု ခေတ်နောက်ကျနေသည့် ပစ်မှတ်ဒေတာကြောင့်ဖြစ်နိုင်ဟုဆို

Dawei Watch

March 12, 2026

အီရန်နိုင်ငံရှိ မိန်းကလေးစာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်ဘက်က ခေတ်နောက်ကျနေသည့် ပစ်မှတ်ဒေတာကို အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ယင်းနှင့် နီးစပ်သူနှစ်ဦးက ရိုက်တာသတင်းဌာနသို့ မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ အဆိုပါစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်ရပ်သည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ ပဋိပက္ခသမိုင်းတစ်လျှောက် အရပ်သားသေဆုံးမှု အဆိုးရွားဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်လာနိုင်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အဆိုပါ အီရန်မိန်းကလေးစာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်နိုင်ကြောင်း အမေရိကန်စစ်တပ်က လက်ရှိလုပ်ဆောင်နေသည့် ဌာနတွင်းစုံစမ်းစစ်ဆေးမှုများက ဖော်ပြနေကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းရှိရာ ဧရိယာအတွင်းသို့ အမေရိကန် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲသည့် ပုံစံမျိုး မြင်တွေ့ရသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ သို့ရာတွင် ယင်းအဖြစ်ဆိုး မည်သို့မည်ပုံ အတိအကျဖြစ်ပွားခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရိုက်တာသတင်းတွင် […]

အခြားသူ၏ နိုင်ငံကူးလက်မှတ်ကို အသုံးပြုသည်ဆိုပြီး ဒွန်မောင်းလေဆိပ်တွင် မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 12, 2026

အခြားသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) ကို အသုံးပြု၍ လေယာဉ်စီးရန်လာသော မြန်မာနိုင်ငံသားနှစ်ဦးသည် ဘန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၁ ရက်က ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ထိုင်းတောင်ပိုင်း နရသီဝတ်ခရိုင်သို့ လေယာဉ်စီးရန်လာသော ကိုစောနေနှင့် ကိုစောမန်တို့နှစ်ဦးကို လေဆိပ်အာဏာပိုင်များက မသင်္ကာသဖြင့် စစ်ဆေးခဲ့ကြောင်း ဆိုသည်။ နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များနှင့် ကိုက်ညီမှု မရှိသလို ရုပ်လည်းကွဲလွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် လဝကစုံစမ်းရေးဌာနသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးသည် အခြားသူများ၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ဝန်ခံခဲ့ထားကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားနှစ်ဦးသည် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာပြီး ဘန်ကောက်မြို့သို့ ဘတ်စ်ကားဖြင့် ဆက်လက်ထွက်ခွာလာခဲ့ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။ ယင်းနောက် အခြားသူများ၏ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ထောင်နီးပါးဝင်ဖြေ၊ မြို့နယ်အများစု စာစစ်ဌာနတစ်ခုသာဖွင့်နိုင်

Dawei Watch

March 12, 2026

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်း စာစစ်ဌာန အသီးသီးတွင် ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်နီးပါးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆၃၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅၉၉၁ ရှိကာ ပျက်ကွက်သူ ၃၃၂ ဦးရှိကြောင်း ဖော်ပြသည်။ မြိတ်မြို့နယ်တွင် စာဖြေဌာန ခုနစ်ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ သုံးထောင့်လေးရာကျော်ဖြင့် အများဆုံး ဝင်ရောက် ဖြေဆိုခဲ့သည်။ ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစု၊ ပုလော မြို့နယ်တို့တွင်မူ စာစစ်ဌာနတစ်ခုစီသာဖွင့်နိုင်ပြီး မြို့ပေါ်တွင်သာ ဖွင့်နိုင်သည်။ စစ်ရေး မကြာခဏ ပြင်းထန်လေ့ရှိသည့် လောင်းလုံးမြို့နယ်တွင်မူ ယမန်နှစ်အတိုင်းပင် စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်း မရှိပေ။ ရေဖြူမြို့နယ်တွင် စာစစ်ဌာန နှစ်ခုနှင့် ကော့သောင်းမြို့နယ်တွင် စာစစ်ဌာန […]

ချွန်ဘူရီတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ထိုင်းအာဏာပိုင်များ ဝင်စစ်၊ မြန်မာ ၃၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

March 12, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၁ ရက်က ချွန်ဘူရီခရိုင် ဒွန်ဟွာလိုဒေသနှင့် ဘန်းဘိုဝါဒေသရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာပေါင်းစုံက ရှောင်တင်ခင် ဝင်ရောက်စစ်ဆေးခဲ့သည်။ ပထမလုပ်ငန်းခွင်ထဲတွင် တရုတ်နှင့် မြန်မာနိုင်ငံသား ၂၉ ဦး အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အများစုတွင် တရားဝင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများကို တွေ့ရကြောင်း ဖော်ပြသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံသား နှစ်ဦးက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသဖြင့် ဒွန်ဟွာလိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ဒုတိယလုပ်ငန်းခွင်ထဲ ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမား ၁၀၀ ကျော် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အာဏာပိုင်များကို မြင်သည်နှင့် အလုပ်သမားအချို့ […]

စစ်အာဏာရှင်တပ် ကြည်း၊ ရေ၊ လေဖြင့် ခုခံနေသည့် ဝင်းဝစခန်းကို ပူးပေါင်းတပ်များသိမ်းယူ

Dawei Watch

March 12, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ယနေ့ မတ်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။ ဝင်းဝစခန်းကို ဖေဖော်ဝါရီလ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ မတ်လ ၁၁ ရက် ညနေ ၄ နာရီတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်အာဏာရှင်တပ်က ဝင်းဝ စခန်းကို ကြည်း၊ ရေ၊ လေဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ကြားက လက်လွှတ်လိုက်ရခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗျူဟာအမှတ် (၂) ၏ ဦးဆောင်မှုဖြင့် KNU တပ်မဟာ (၄) ၊ KNLA တပ်ရင်း(၁၂)၊ […]

မွန်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်ရှိ

Dawei Watch

March 12, 2026

မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူတစ်သောင်း ကျော်ရှိပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖြေဆိုသူ တစ်ထောင်ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးဌာနမှ၏ အချက်အလက်များအရ သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ကိုးထောင်ကျော်ရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ထားသူ တစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၂၉၇၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးသည့် မုဒုံမြို့နယ်တွင် ဖြေဆိုသူ […]

မဇောတွင် လယ်ဧကသုံးရာခန့်ကို အဓမ္မရောင်းခိုင်း၊ တစ်ဧက သိန်းတစ်ရာခန့်စျေးပေါက်သော်လည်း ၁၅ သိန်းသာပေး

Dawei Watch

March 12, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် မြိတ်မြို့ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ လယ်ဧက သုံးရာခန့်ကို အတင်းအဓမ္မဖိအားပေး ရောင်းချခိုင်းနေသဖြင့် လယ်ပိုင်ရှင်များ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ မဇောပြင်ကြီးကျေးရွာရှိ မြေဧက သုံးရာခန့်ကို မဖြစ်မနေ ရောင်းချပေးရန် ဖေဖော်ဝါရီလ ၂၇ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ လယ်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူ၍ ဖိအားပေးပြောဆို ခဲ့ကြောင်း မဇောရွာဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါမြေတွင် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းတွင် ပါဝင်သည့် ရေသန့်စက်ရုံနှင့် ရေသိုလှောင်ကန်တည်ဆောက်မည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။ ဒေသခံများ စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် လယ်မြေများကို စားကျက်မြေဟုဆိုကာ ဖိအားပေး ရောင်းခိုင်းနေခြင်း ဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။ “ရောင်းတဲ့သူတွေလည်း ရှိတယ်။ မရောင်းချင်ပေမယ့် ဖိအားကြောင့် ရောင်းနေရတယ်။ မြေကို မဖြစ်မနေ ရောင်းပေးရမယ်လို့ […]

ဒေသတော်လှန်ရေးတပ်ဖွဲ့ လေးခုပေါင်းပြီး ထားဝယ်တပ်တော် စတင်ဖွဲ့စည်း

Dawei Watch

March 12, 2026

ဒေသတော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ထားဝယ်တပ်တော်ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီလ ၂၈ မှ မတ်လ ၃ ရက်နေ့အထိ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံကို ၄ ရက်တာ ကျင်းပပြီး ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF)မှာ ထားဝယ်တပ်တော် (Tavoy Army) ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးမည်ဟုဆိုသည်။ ထားဝယ်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) မှ ထားဝယ်တပ်တော် (Tavoy Army) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ‌ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက ပြောသည်။ “ထားဝယ်အမျိုးသားညီလာခံကနေပြီး ထွက်ပေါ်လာတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ဟာ ထားဝယ်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ […]