ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်လေတပ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

March 13, 2026

မြိတ်မြို့ရှိ စစ်အာဏာရှင်လေတပ်စခန်းကို တော်လှန်ရေးတပ်များက မတ်လ ၁၂ ရက်ညတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများထံမှ သိရသည်။ မတ်လ ၁၂ ရက် ည ၈နာရီတွင် တစ်ကြိမ်၊ ယနေ့ မတ်လ ၁၃ ရက် နံနက် ၁နာရီတွင် တစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တစ်ကြိမ်ကို နှစ်လုံးချတယ်။ တစ်လုံးက လေတပ်ထဲကျတယ်။ ကျန်တာတွေက စစ်ဆေးရုံနားကို ကျတယ်။ ညဘက်ဆိုတော့ ထိခိုက်မှု မမြင်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်ဆေးရုံမှာ လေတပ်စခန်း၏ လမ်းတစ်ဖက်တွင် တည်ရှိသည်။ ဗုန်းချတိုက်ခိုက်ခံရချိန် လေတပ်အနီးတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ညဘက် အသံတွေကြားနေရတာ ရင်တွေတုန်တယ်။ ပေါက်ကွဲသံတွေ တော်တော်ကျယ်တယ်။ ညဦးဘက်နဲ့ […]

ထားဝယ်တွင် စက်သုံးဆီဈေး ဆက်တိုက်တက်

Dawei Watch

March 13, 2026

ထားဝယ်တွင် မတ်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း စက်သုံးဆီရည်ညွှန်းဈေးများ ဆက်တိုက်တက်လျက်ရှိပြီး ပြင်ပစက်သုံးဆီစျေးများလည်း ပိုမိုမြင့်တက်လာနေသည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ထားဝယ်ဈေးကွက်၏ 92 ဓာတ်ဆီတစ်လီတာ ရည်ညွှန်းဈေးနှုန်းမှာ ၂၅၅၀ ကျပ်မှ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၂၉၆၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာ ရည်ညွှန်းဈေးမှာ ၂၉၈၀ ကျပ်မှ ၃၆၉၅ ကျပ်သို့ ဈေးမြင့်တက်သွားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာ ၄၁၀ ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာ ၇၁၅ ကျပ်ခန့် ဈေးတက်သွားခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ထားဝယ်ဈေးကွက်တွင် မတ်လ ၃ ရက်နေ့ကစပြီး စက်သုံးဆီ ဝယ်ယူရခက်ခဲနေသလို မြို့ပေါ်ဈေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် […]

မွန်တွင် စက်သုံးဆီ ပြင်ပေးစျေး တစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်ရ

Dawei Watch

March 13, 2026

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှု ကန့်သတ်လိုက်ပြီးနောက် ပြင်ပစျေးကွက်တွင် ဆီတစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း သုံးစွဲသူများထံမှ သိရသည်။ မွန်တွင် မတ်လ ၇ရက်ကစပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချရန် စစ်ကော်မရှင်က ကန့်သတ်ခဲ့ကြောင်း သုံးစွဲသူ ဒေသခံများက ပြောသည်။ ယင်းအပြင် ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး တစ်သောင်းကျပ်၊ အိမ်စီးကား သုံးသောင်းကျပ်၊ ခရီးသည်တင်ယာဉ် တစ်သိန်းကျပ်၊ ပရီမီယံ ဒီဇယ် ကားနံပါတ်အနီ လေးသောင်းကျပ်၊ ကားနံပါတ်အနက် သုံးသောင်းကျပ်ဖိုးသာ ရောင်းချရန်လည်း ကန့်သတ်ထားကြောင်း ၎င်းတို့က ဆိုသည်။ စက်သုံးဆီ လိုသလောက် ဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်း၊ ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ပြီး အရောင်းပိတ်ထားခြင်း စသည်တို့ကြောင့် သုံးစွဲသူများသည် ပြင်ပ‌စျေးကွက်ကို အားထားလာရကြောင်း သုံးစွဲသူ […]

တနင်္သာရီမြို့တွင် ဓာတ်ဆီတစ်လီတာ ခုနစ်ထောင်အထိမြင့်တက်၊ တစ်ကြိမ်တန်းစီ တစ်လီတာသာရ

Dawei Watch

March 13, 2026

တနင်္သာရီမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ခုနစ်ထောင်ကျပ်အထိ စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှသိရသည်။ ဆီစျေးတက်သည့်အပြင် တန်းစီ၍ဝယ်ယူရပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ကြိမ်တန်းစီပါက တစ်လီတာသာ ဝယ်ယူ၍ရကြောင်း ကိုယ်တိုင် တန်းစီဝယ်ယူခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ “စုံမ စနစ်နဲ့ ရောင်းပေးနေတာတော့ မဟုတ်ဘူး။ ဆိုင်ကယ်ဖြစ်ရင်ရပြီ။ တန်းစီနိုင်မှ ရတယ်။ ဒါတောင် ကံမကောင်းရင် တန်းစီရင်း ဆီကုန်သွားနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဆီစျေးများ စမတက်မီ ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်မီက ဆီတစ်လီတာလျှင် ၂၇၀၀၊ ၂၈၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ကမ္ဘာ့ရေနံစျေး လှုပ်ခတ်ပြီးနောက် မတ်လ ၃ ရက်တွင် ကျပ် သုံးထောင်၊ လေးထောင် ဝန်းကျင်ဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။ ယင်းနောက် တစ်လီတာလျှင် ကျပ်ငါးထောင်အထိ ဖြစ်လာပြီး မတ်လ […]

အနိုင်ရ ပြည်သူ့ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ကြံ့ခိုင်ရေးက တိုင်ကြားမှု UEC ကြားနာ

Dawei Watch

March 13, 2026

စစ်အုပ်စုက ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဦးအား ကြံ့ခိုင်ရေးပါတီက ကန့်ကွက်တိုင်ကြားထားသည့်အမှုကို မတ်လ ၉ ရက်ကစပြီး ကြားနာစစ်ဆေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာသည်။ ဦးခိုင်ဦးသည် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကိုယ်စားပြုကာ မဲအများဆုံးရသူ အကုန်ယူစနစ်ဖြင့် မြိတ်မြို့နယ်တွင် ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဦးခိုင်ဦး အနိုင်ရရှိမှုအပေါ် ပြိုင်ဘက်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးဝင်းကြူက ရွေးကောက်ပွဲ မသမာမှုရှိသည်ဟုဆိုကာ UEC ထံ ကန့်ကွက်တိုင်ကြားထားခြင်းဖြစ်သည်။ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ထွေးကမူ USDP ကိုယ်စားလှယ်လောင်း၏ ကန့်ကွက်တိုင်ကြားမှုနှင့် ပတ်သက်၍ မတ်လ ၂၃ ရက်တွင် နှစ်ဖက်ကြားနာ စစ်ဆေးခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။ “ကိုယ့်ဘက်က ပြန်လည်ဖြေရှင်းမယ်ဆိုတဲ့စာကို သွားတင်ထားတယ်။ […]

ဟော်မုဇ်ရေလက်ကြားကို ပိတ်တော့မည် မဟုတ်ဟု အီရန် ပြော

Dawei Watch

March 13, 2026

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်တော့မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က မတ်လ ၁၂ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ သို့သော်ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ အီရန်၏ အခွင့်အရေးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ အီရန်ထိပ်သီးခေါင်းဆောင်သစ် မိုဂျတာဘာခါမေနီက အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့နိုင်သည့် အာဏာကို ဆက်လက်ကျင့်သုံးရမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ယင်းပြောဆိုမှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အာမီရ် ဆာအိဒ် အီရာဗာနီက ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့ ပိတ်ထားတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရေလမ်းကြောင်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ပင်ကိုရပိုင်ခွင့်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ သတင်းထောက်များ၏ မေးခွန်းများကို […]

မြိတ်၊ တောင်ရှည်ရွာအုပ်စုတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

Dawei Watch

March 13, 2026

မြိတ်မြို့၊ တောင်ရှည်ကျေးရွာအုပ်စု ပျဥ်ချောင်းရွာတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့က တောင်ရှည်ရွာမှ ပျဥ်ချောင်းရွာသို့ စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “စစ်ကြောင်းထိုးလာလို့ ကြားဖြတ်တိုက်လိုက်တယ်။ နေ့ဘက်တိုက်ပွဲဖြစ်ကြတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်း စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် အုပ်ချုပ်ရေးမှူးများ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ တက်လက်ငယ်ရွာ ရာအိမ်မှူးမှာ လက်တွင်ဒဏ်ရာရရှိပြီး အင်္ဂမော်ရွာပျူစောထီးခေါင်းဆောင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားကြောင်း ၄င်းကဆိုသည်။ “ရှေ့တန်းအမြဲလိုက်နေရတာ သူတို့ပြောတာတော့ ကင်းစောင့်ရတာလို့ပဲ ပြောတယ်။ စခ(စစ်အာဏာရှင်)ထိခိုက်တာတော့ မသိရဘူး”ဟု အထက်ပါဒေသခံက ပြောသည်။ မတ်လ ၉ ရက်နေ့တွင် မြိတ်မြို့ တပ်တောင်ရွာနှင့် ပလုံးရွာမှ ရွာသားနှစ်ဦး ပစ်သတ်ခံရကြောင်း […]

ရေဖြူတွင် လျှပ်စစ်မရချိန် စက်သုံးဆီစျေးတက်မှုကြောင့် ဒူးရင်းခြံစရိတ် ၁၀ဆနီးပါးမြင့်တက်

Dawei Watch

March 12, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲက ကျေးရွာအချို့တွင် လျှပ်စစ်ဓာတ်အား မရရှိတော့ချိန် စက်သုံးဆီ စျေးလည်း မြင့်တက်နေသဖြင့် ဒူးရင်းခြံ၏ ကုန်ကျစရိတ်မှာ ၁၀ ဆနီးပါး မြင့်တက်လာကြောင်း ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။ ရေဖြူမြို့ အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ရလိုင်၊ ပုဂေါဇွန်း၊ သစ်တိုထောင့်ကျေးရွာနှင့် နဘုလယ်တိုက်နယ် တို့တွင် မတ်လ မတိုင်မီက စက်သုံးဆီတစ်တစ်ဂါလံလျှင် ၁၃၀၀၀ ကျပ်နှင့် ကျပ် ၁၅၀၀၀ ကြားသာ ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးများ မြင့်တက်လာချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ မတ်လ ပထမပတ်မှစတင်ပြီး ဓာတ်ဆီတစ်လီတာလျှင် သုံးသောင်းကျပ်အထိ နှစ်ဆကျော် စျေးတက်သွားကြောင်း ဒေသခံများက ဆိုသည်။ စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ဒူးရင်းနှင့် ကွမ်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ကျစရိတ် ပိုများလာပြီး […]