ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပတ္တယားတွင် မြန်မာများအပါအဝင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ပြီး ကိုးဦးဖမ်းဆီးခံရ

Dawei Watch

March 16, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေရှိ Walking Street တွင် မြန်မာနိုင်ငံသားအများစုပါဝင်သော လူငယ်အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ခဲ့ပြီး ကိုးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၅ ရက် ည ၁၁ နာရီခွဲခန့်က အဆိုပါလမ်းပေါ်ရှိ Siam Bayshore ဟိုတယ်ရှေ့တွင် လူငယ် ၂၀ ခန့် လက်နက်များ ကိုင်ဆောင်၍ ခိုက်ရန်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က တိုင်ကြားချက်ရရှိကြောင်း ဆိုသည်။ ယင်းနေရာသည် ခရီးသွားအများစု လာလည်သည့်နေရာဖြစ်သဖြင့် ရဲတပ်ဖွဲ့က ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ရောက်ရှိချိန် လူငယ်အုပ်စုနှစ်စု လက်နက်များကိုင်ဆောင်၍ ရန်ဖြစ်နေကြကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က ရန်ပွဲကို ချက်ချင်းနှိမ်နင်းခဲ့စဉ် လူငယ်အများစုက ရုန်းရင်းဆန်ခတ်ဖြစ်၍ ခရီးသွားများကြား ထွက်ပြေးကြပြီး ၎င်းတို့အနက် လူငယ် ကိုးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း […]

အီရန်နှင့် ဆွေးနွေးနေကြောင်း ထရမ့်ပြော

Dawei Watch

March 16, 2026

အီရန်စစ်ပွဲ သုံးပတ်မြောက်သို့ ရောက်လာချိန်တွင် အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ သို့ရာတွင် အီရန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်ရယူရန် အဆင်သင့် မဖြစ်သေးကြောင်း ၎င်းက ဆိုသည်။ အီရန်စစ်ပွဲအဆုံးသတ်ရေး သံတမန်ရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတထရမ့်က “ဟုတ်ကဲ့ ၊ ကျွန်တော်တို့ သူတို့နဲ့ စကားပြောနေပါတယ်” ဟု ဖြေကြားခဲ့သည်။ သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများ၏ အသေးစိတ်အချက်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ “သူတို့ဘက်က အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ အဆင်သင့်ဖြစ်ဖို့ သူတို့ နီးစပ်နေပါပြီ” ဟု ထရမ့်က ပြောဆိုသည်။ အမေရိကန်နှင့် ဆွေးနွေးနေသည်ဆိုသည့်အချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားပြီး […]

တနင်္သာရီတိုင်းရဲရုံးနှင့် စသုံးလုံးရုံးတို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

March 16, 2026

ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် အထူးစုံစမ်းစစ်ဆေးဦးစီးဌာန (စစစ) ရုံးကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) မဟာမိတ် ဆက်ဆံရေးတာဝန်ခံက ပြောသည်။ မတ်လ ၁၅ ရက် နံနက်က အဆိုပါရုံးနှစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးကို တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲအရာရှိအချို့ ထိခိုက်မှုရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “တိုင်းရဲရုံးဖြစ်စဉ်မှာကတော့ သူတို့ဘက်ကနေပြီးတော့ ရဲအရာရှိနှစ်ဦးပေါ့နော် ထိခိုက်မှုရှိတယ်လို့တော့ ကျွန်တော်တို့ ကြားသိရတယ်” ဟု မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောဆိုသည်။ စသုံးလုံးရုံးကို ဗုံးချတိုက်ခိုက်မှုတွင်မူ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထားဝယ်မြို့ခံတစ်ဦးကမူ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်ထားဝယ်ဝင်းအတွင်း ဒရုန်းဗုံး ကျရောက် ပေါက်ကွဲသည်ဟု ကြားသိရကြောင်း ပြောသည်။ ပေါက်ကွဲမှုကြောင့် ဟိုတယ်ဝင်းအတွင်းရှိ ကားသုံးစီး ထိခိုက်ပြီး […]

KTLA ဆာကဆောတပ်မ၏ တိုက်ခိုက်မှုကြောင့် ဗထူးတပ်ဖွဲ့မှ ရဲဘော် ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

Dawei Watch

March 16, 2026

ကော်သူးလေတပ်(KTLA) ဆာကဆောတပ်မမှ တပ်မမှူး ဗိုလ်စောအယ်ခွီး (ခ) ကော်လဖိုး ဦးဆောင်သည့် တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗထူးတပ်မှ ရဲဘော် ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗထူးတပ်ဖွဲ့ထံမှ သိရသည်။ မတ်လ ၁၄ ရက်တွင် မောတောင်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းမှနေ၍ ထားဝယ်ခရိုင်သို့ ပြန်လာသည့် ဗထူးတပ်ဖွဲ့ဝင်များ စီးနင်းလာသောကားကို ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မက ရည်ရွယ်ချက်ရှိရှိ ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ဗထူးတပ်မှ ရဲဘော် ၂ ဦး နေရာတွင်ပင် သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦးပျောက်ဆုံးနေကြောင်း ဗထူးတပ်မှ တပ်ရင်းမှူး မမကြီးက ပြောသည်။ ပျောက်ဆုံးနေသည့် ရဲဘော်နှစ်ဦးကို လိုက်လံရှာဖွေရာ ဖမ်းဆီးခံရပြီး ရိုက်နှက်ညှင်းပန်း နှိပ်စက်ထားသည့် […]

ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောစေလွှတ်မည်မဟုတ်ဟု ဂျပန်နှင့် ဩစတြေးလျပြော

Dawei Watch

March 16, 2026

အီရန်က ပိတ်ထားသည့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများက စစ်သင်္ဘောများ စေလွှတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုထားသော်လည်း ယင်းသို့ စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဂျပန်နှင့် ဩစတြေးလျက ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းမည့် သင်္ဘောများကို လိုက်ပါအကာအကွယ်ပေးရန်အတွက် စစ်သင်္ဘောများ စေလွှတ်ရန် နိုင်ငံပေါင်း ၇ နိုင်ငံသို့ ဆက်သွယ်အကူအညီတောင်းခံထားပြီး ဖြစ်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က ဆိုသည်။ သို့ရာတွင် မည်သည့်နိုင်ငံများကို ဆက်သွယ်အကူအညီတောင်းခံထားကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သို့ရာတွင် တရုတ် ၊ ပြင်သစ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ဗြိတိန်နှင့် အခြားနိုင်ငံများ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက လူမှုကွန်ရက်ပေါ်၌ ကနဦး […]

စစ်အုပ်စုက စိတ်ကြိုက်ပုံဖော်ထားသော ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်

Dawei Watch

March 16, 2026

စစ်အုပ်စုက စိတ်ကြိုက်ပုံဖော်ထားသော ပြည်သူ့လွှတ်တော်ကို ယနေ့ (မတ် ၁၆) တွင်စတင်ခေါ်ယူလိုက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်တင်မြှောက်လိုက်သည်။ ဦးခင်ရီသည် စစ်အာဏာရှင်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရအဖွဲ့တို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သေးသည်။ စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ၏ တတိယအကြိမ် ညီလာခံအပြီးတွင် ဦးခင်ရီက ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီး စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရီမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဒုက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ စစ်အုပ်စုရွေးကောက်ပွဲကို နေပြည်တော်၊ တပ်ကုန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမောင်မောင်အုန်းကို ရွေးချယ်ခဲ့သည်။ ဦးမောင်မောင်အုန်းသည် စစ်ကော်မရှင်တွင် လက်ရှိ ပြန်ကြားရေးဝန်ကြီး နေရာယူထားသူဖြစ်ပြီး စစ်အာဏာရှင်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ […]

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကို ဒရုန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်

Dawei Watch

March 15, 2026

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ ၁၅ရက် နံနက်ပိုင်းတွင် ဒရုန်းထပ်မံ ဗုံးချတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) ထံမှ သိရသည်။ အဆိုပါဗျူဟာ လက်အောက်ရှိ တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောသည်။ “PDF တွေ ဒရုန်းနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး” ၎င်းက ပြောဆိုသည်။ ဒရုန်းဗုံး ပေါက်ကွဲပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း တံတားအနီးနေထိုင်သူများနှင့် လမ်းသွားလမ်းလာများထံမှ သိရသည်။ “အခုတစ်ခါ ပေါက်ကွဲသံ နည်းနည်းပိုကြမ်းတယ်။ ရှမ္မလည်ဆွဲ (မြို့ပေါ်ရပ်ကွက်) အထိ ပေါက်ကွဲသံကြားရတယ်။ ပြီးမှ လက်နက်ကြီးသံတွေ ကြားရတယ်” ဟု တံတားအနီးနေထိုင်သူတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပိတ်ခြင်း၊ အစစ်အဆေးတင်းကျပ်ခြင်း မရှိခဲ့သော်လည်း အသွားအလားနည်းပါး […]

မြိတ်ရှိ ဆီဆိုင်ကြီးများ၌ ဝယ်ယူရခက်သဖြင့် ကုန်စုံဆိုင်များတွင် စက်သုံးဆီ စျေးကြီးပေးဝယ်နေရ

Dawei Watch

March 15, 2026

မြိတ်မြို့ ဆီဆိုင်ကြီးများတွင် စက်သုံးဆီဝယ်ယူရာ၌ စုံ၊မ ခွဲခြားသည့်စနစ်ဖြင့် ရောင်းချနေသည့်အပြင် အချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရသဖြင့် ကုန်စုံဆိုင်များတွင် စျေးကြီးပေးဝယ်သုံးနေရကြောင်း မြို့ခံများထံမှ သိရသည်။ မတ်လ ၁၀ ရက်နေ့ကစပြီး စုံ၊မခွဲခြားသည့်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး တန်းစီရချိန်ကြာမြင့်သည့်အတွက် ရပ်ကွက်အတွင်း ကုန်စုံဆိုင်များတွင် သွားရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်နေ မြို့ခံတစ်ဦးကဆိုသည်။ “တန်းစီးရတာက အချိန်တအားကုန်တယ်။ကိုယ့်အလှည့်ကျဖို့ စောင့်ရတာရယ် စုံနေ့ မနေ့ ခွဲနေတာတွေရယ် စိတ်ရှုပ်တာလည်းပါတယ်။အလုပ်ကလည်းတစ်ဖက်ဆိုတော့ စိတ်ရှုပ်မခံချင်တာပါ။အိမ်‌ဆိုင်တွေများဆို ကိုယ်အားတဲ့အချိန် သွားထည့်ထားရုံပဲ” ဟု ၎င်းကပြောသည်။ လက်ရှိတွင် မြိတ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် 95 အမျိုးအစားဓာတ်ဆီ တစ်လီတာလျှင် ၃၇၀၀ ကျပ် ဝန်းကျင်ရှိပြီး နေအိမ်ကုန်စုံဆိုင်များတွင် တစ်လီတာ ကျပ် ၆၀၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စက်သုံးဆီဆိုင်များထက် ဈေးများသော်လည်း တန်းမစီလိုသည့် […]