ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း၊ ဂုံညှင်းဆိပ်ရွာတွင် စစ်အာဏာရှင်တပ် သတ်ထားသည့် ဒေသခံ ၇ ဦးအလောင်းတွေ့၊ ယနေ့ဗုံးထပ်ကြဲခံရ

Dawei Watch

March 14, 2026

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာမှ စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်သွားသဖြင့် နယ်မြေရှင်းလင်းရေး လုပ်ရာတွင် အသတ်ခံထားရသည့် ဒေသခံ ၇ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း သိရသည်။ စစ်အာဏာရှင်တပ် ဆုတ်ခွာသွားပြီးနောက် မတ်လ ၁၃ ရက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်၌ အသတ်ခံထားရသည့် အရပ်သားအလောင်း ၇ လောင်း တွေ့ရှိခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ် ထံမှသိရသည်။ “ဂုံညှင်းဆိပ်ရွာ ညောင်ပင်ရှိန်ဘုန်းကြီးကျောင်းမှာ နယ်မြေရှင်းရင်း တွေ့တယ်လို့ သတင်းရရှိထားပါတယ်” ဟု ၎င်းက ပြောသည်။ ဒေသခံများနှင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သဖြင့် သေဆုံးမှုအခြေအနေ အသေးစိတ်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်အာဏာရှင်တပ်က ယနေ့ (မတ် ၁၄) ညနေပိုင်းတွင်လည်း ယင်းဂုံညှင်းဆိပ်ရွာသို့ ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့၍ အရပ်သား ၁ […]

ပုလောအနီး စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

Dawei Watch

March 14, 2026

ပုလောမြို့အနီး တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ (မတ် ၁၄) နံနက် ၈ နာရီ ၃၀ မိနစ်တွင် တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်ယာကမ်းရွာသည် ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ်တွင် တည်ရှိကာ ပုလောမြို့နှင့် တစ်မိုင်ကျော်ကွာဝေးသည်။ အဆိုပါ စစ်အာဏာရှင်တပ်စခန်းကို မတ်လ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အာဏာရှင်တပ်သား ၆ ဦး သေဆုံးပြီး ၃၀ ကျော် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စစ်အာဏာရှင်စခန်းကို KNLA တပ်မဟာ ၄ […]

ထိုင်းတွင် အမျိုးသမီးအတွင်းခံ တစ်ရာကျော် ခိုးယူသည်ဆိုပြီး မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

March 14, 2026

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် အမျိုးသမီး အတွင်းခံ အခု တစ်ရာကျော်ကို ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်စက်များတွင် အဝတ်လျှော်ထားသော အမျိုးသမီးအတွင်းခံ တစ်ရာ ကျော်ကို ခိုးယူခဲ့မှုဖြင့် မတ်လ ၁၃ ရက် ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူနေထိုင်ရာ အခန်းထဲတွင် ခိုးယူထားသော အတွင်းခံများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နခွန်စဝမ်မြို့ထဲ ၂၄ နာရီဖွင့်ထားသော အဝတ်လျှော်ဆိုင်များတွင် အမျိုးသမီးအတွင်းခံများ ပျောက်ဆုံးနေမှုကို တိုင်ကြားမှုများလာသဖြင့် ဆိုင်ပိုင်ရှင်က CCTV မှတ်တမ်းကို ကြည့်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းအရ ခြေရာခံရာ အခန်းငှားနေထိုင်သော မြန်မာနိုင်ငံသားကို […]

အီရန်ရေနံချက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းရှိရာ ကျွန်းကို အမေရိကန် တိုက်ခိုက်

Dawei Watch

March 14, 2026

အမေရိကန်စစ်တပ်က အီရန်၏ ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်နေ့က အတည်ပြုပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာမှုကို မနှောင့်ယှက်ရန် အီရန်အစိုးရအား ဖိအားပေးသည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။ သို့ရာတွင် အဆိုပါ ကျွန်းပေါ်ရှိ အရေးပါသည့် ရေနံအခြေခံအဆောက်အအုံများကိုမူ တိုက်ခိုက်မှုမှ ချန်လှပ်ထားခဲ့ကြောင်း ၎င်းက ပြောသည်။ အီရန်၏ အရေးအပါဆုံး ရေနံချက်လုပ်ငန်းများ တည်ရှိရာ အဆိုပါ ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်း သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။ “ကျွန်းပေါ်က ရေနံအခြေခံအဆောက်အအုံတွေကို လုံးဝဖျက်ဆီးပစ်ဖို့ ကျွန်တော် မရွေးချယ်ခဲ့ဘူး” ဟု ထရမ့်က […]

တရုတ်ယွမ်ဖြင့် ငွေပေးချေလျှင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ခွင့်ပြုရန် အီရန် စဉ်းစားနေ

Dawei Watch

March 14, 2026

ရေနံတင်သင်္ဘောများ တရုတ်ယွမ်ငွေဖြင့် အရောင်းအဝယ်လုပ်လျှင် ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့် ပြုရန် အီရန်အစိုးရက စဉ်းစားနေကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနကို မတ်လ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။ ယင်းခြေလှမ်းသည် မဟာဗျူဟာမြောက် ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ သွားလာမှုကို စီမံကိုင်တွယ်ရန် အီရန်အစိုးရ၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အဆိုပါ အီရန်အရာရှိက ဆိုသည်။ ကမ္ဘာ့ရေနံအရောင်းအဝယ် အများစုကို အမေရိကန်ဒေါ်လာဖြင့်သာ အဓိကလုပ်ဆောင်နေသော်လည်း ပိတ်ဆို့အရေးယူခံထားရသည့် ရုရှားရေနံကိုမူ ရူဘယ် သို့မဟုတ် ယွမ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။ ရေနံအရောင်းအဝယ်တွင် ယွမ်ငွေသုံးစွဲမှုကို ချဲ့ထွင်ရန် တရုတ်အစိုးရက နှစ်ရှည်လများ ကြိုးပမ်းခဲ့သော်လည်း အမေရိကန်ဒေါ်လာမှာ ကမ္ဘာ့အဓိက အရန်ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် […]

ထိုင်း-မြန်မာနယ်စပ် KNLA ဘောဓိဂိတ်ကို KTLA ဆာကဆောတပ်မ ဝင်ရောက်တိုက်ခိုက်မီးရှို့ဟု KNUဆို

Dawei Watch

March 13, 2026

ထိုင်း-မြန်မာနယ်စပ်ရှိ KNLA တပ်ဖွဲ့၏ ဘောဓိနယ်စပ်ဂိတ်ကို KTLA က ဆာကဆောတပ်မက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီး (ခ) ကော်လဖိုး ဦးဆောင်သည့် တပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ထီးမိုပွာဒေသ ဘောဓိ-အမိုနယ်စပ်လုံခြုံရေးဂိတ်ကို ယနေ့ မတ်လ ၁၃ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ကျွန်တော်တို့ဘက်ကတော့ (ထိခိုက်သေဆုံးမှု) မရှိဘူး။ သူတို့ဘက်က (ထိခိုက်တာရှိမရှိ) လည်း ကျွန်တော်တို့ အသေးစိတ် […]

ဝင်းဝစခန်းအနီးဝန်းကျင်ရှိ ရွာနှစ်ရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ

Dawei Watch

March 13, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်းက ဝင်းကဖော်ရွာနှင့် ဂုံညှင်းဆိပ်ရွာတွေကို စစ်အာဏာရှင်တပ်က မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNLA တပ်ရင်း (၂၇) နှင့် စစ်ရေးသတင်းအမြစ်အချို့ထံမှ သိရသည်။ သရက်ချောင်းမြို့နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်၏ တစ်ခုတည်း ကျန်ရှိသည့် ဝင်းဝစခန်းကိုKNLA နှင့် တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် အနီးဝန်းကျင်ကျေးရွာများကို စစ်အာဏာရှင်တပ်က ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီကျော်နှင့် မွန်းလွဲပိုင်း ၁ နာရီခွဲကျော်တွင် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ဂုံညှင်းဆိပ်ရွာကို K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ဂုံညှင်းဆိပ်ကျေးရွာသည် ဝင်းဝကျေးရွာနှင့် အဖြောင့်တိုင်းလျှင် လေးမိုင်နီးပါးအကွာတွင် […]

ရွှေ့ပြောင်းကလေးငယ်များ ပညာအခမဲ့သင်ယူခွင့် ထိုင်းမျိုးချစ်အဖွဲ့ကန့်ကွက်

Dawei Watch

March 13, 2026

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းကလေးငယ်များအားလုံး ပညာ အခမဲ့သင်ယူခွင့်ကို ကန့်ကွက်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသည့် ထိုင်းမျိုးချစ်အဖွဲ့က ကြေညာထားပြီး လက်မှတ်ပေါင်း ရှစ်သောင်းခွဲကျော်ကို စုဆောင်းပြီးဖြစ်ကြောင်း ဆိုသည်။ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများသာ ပထမဦးစားပေးဖြစ်သင့်ပြီး ထိုင်းကလေးငယ်များလည်း ပထမဦးစားပေး ပညာသင်ယူခွင့် ရရှိမှသာ အခွင့်အရေး အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း ထိုင်းမျိုးချစ်အဖွဲ့က ကြွေးကြော်သည်။ လက်ရှိ စာသင်ကျောင်းများတွင် ထိုင်းကလေးငယ်များပင်လျှင် ပညာရေးဆိုင်ရာ အခွင့်အရေး အပြည့်အဝ မရရှိသဖြင့် ရွှေ့ပြောင်းကလေးငယ်များကို အခမဲ့ ပညာသင်ယူခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း မျိုးချစ်အဖွဲ့က ထုတ်ပြန်သည်။ ပြည်သူများထံမှလည်း ကန့်ကွက်ကြောင်း လက်မှတ်များကို စတင်စုဆောင်းနေခဲ့ပြီး မတ်လ ၁၂ ရက်တွင် လက်မှတ်ပေါင်း ၈၅၀၀၀ ကျော်ကို ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။ မတ်လ ၁၇ ရက်တွင် စုဆောင်းထားသော အဆိုပါ […]