ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

Dawei Watch

March 18, 2026

စစ်အုပ်စုလွှမ်းမိုးထားသော အမျိုးသားလွှတ်တော်ကို ယနေ့ (မတ် ၁၈) တွင်စတင်ခေါ်ယူလိုက်ပြီး စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်သည်။ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် အာဏာသိမ်းချိန်တွင် စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီဖွဲ့စည်းချိန်တွင် အတွင်းရေးမှူးအဖြစ်ရယူခဲ့ပြီး လက်ရှိတွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် စသည့်နေရာများ ယူထားသူဖြစ်သည်။ ၎င်းသည် အတုအယောင်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဲဆန္ဒနယ် (၁၁) မှ အချိုးကျကိုယ်စားပြုစနစ်(PR) ဖြင့် စစ်တပ်ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ Jeng Phang နော်တောင် ကို ရွေးချယ်ခဲ့သည်။ Jeng Phang နော်တောင်သည် စစ်ကောင်စီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ လက်ရှိ စစ်ကော်မရှင်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး စသည့် နေရာများကို […]

တနင်္သာရီမြို့တွင် တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများ မြို့တွင် ပူဇော်ပြသထားမည်

Dawei Watch

March 18, 2026

တနင်္သာရီမြို့ ၊ ချောင်းကြီးရပ်ကွက် ၊ သာသနဝုဍ္ဎီပါလကျောင်းတိုက်အတွင်း တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို ကျောင်းတိုက်တွင် ဆက်လက် ပူဇော်ပြသထားရှိမည်ဖြစ်ကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။ မတ်လ ၈ ရက်က ကျောင်းတိုက်ပရဝုဏ်အတွင်း ရေကန်တူးရန် မြေတူးရာမှ အနက် သုံးပေခန့်တူးဖော်ပြီးနောက် ကျောက်ဖျာ တစ်ချပ်အောက်တွင် စဥ့်အိုးတစ်လုံးဖြင့် ထည့်ထားသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို တူးဖော်ရရှိခြင်းဖြစ်သည်။ အဆိုပါ စဥ့်အိုးထဲတွင် သစ်သားဘုရားဆင်းတုတော် တစ်ဆူ၊ ငွေထည်ဘုရား ၃၉ ဆူ ၊ သတ္တုစပ် လောဟာ (ကြေး၊ ရွှေ စသဖြင့် အရောအစပ်) ဘုရားဆင်းတု ၁၁ ဆူ စုစုပေါင်း ဘုရားဆင်းတု ၅၁ ဆူ နှင့် ခဲဒင်္ဂါးပြား ခုနစ် ချပ် […]

ထားဝယ်မြို့တွင် စက်သုံးဆီပြတ်သဖြင့် တစ်လီတာဝယ်ခွင့်ရရန် နာရီနှင့်ချီတန်းစီရ

Dawei Watch

March 18, 2026

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ယခုရက်ပိုင်းအတွင် ဆီပြတ်လတ်သောကြောင့် နာရီနှင့်ချီ တန်းစီဝယ်ယူနေရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ယူခွင့်ရကြောင်း ဆီတန်းစီဝယ်ယူသည့် မြို့ခံများနှင့် ခရီးသားပြည်သူများက ပြောသည်။ ထာဝယ်မြို့ရှိ စက်သုံးဆီ ခွဲတမ်းရရှိသည့် ဆီဆိုင်အချို့တွင် မတ်လ ၁၆ ရက်ကစပြီး ဆီပြတ်လပ်သောကြောင့် လက်ကျန်ဆီ ရောင်းချနေသည့် ဆီဆိုင်အချို့တွင် တိုးကျိတ်ဝယ်ယူနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “အခုက စုံမ ကလည်း သတ်မှတ်ထားတော့ လမ်းပေါ် ဆိုင်ကယ်ကားတွေ နည်းလာတယ်။ ကြည့်လိုက်ရင် ဆီဆိုင်တွေမှာပဲ လူတွေ အများကြီးတန်းနေတာတွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ရွှေဝယ်သီရိအားကားစားကွင်းအနီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မူ မတ်လ ၁၇ ရက်က စက်သုံးဆီ လာရောက်ဝယ်ယူ သည့် ကား၊ ဆိုင်ကယ်များ စီတန်းထားသည်မှာ သုံးဖာလုံခန့်ရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ […]

ချွန်ဘူရီတွင် လမ်းဘေးစွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးက ကယ်တင်

Dawei Watch

March 18, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် လမ်းဘေးရှိ အမှိုက်ပုံးဘေးတွင် စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိပြီး ကယ်တင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ချွန်ဘူရီခရိုင် ကော့ကျန်းဒေသ အမှတ် ၃၃၁ အဝေးပြေးလမ်းမကြီးဘေး အမှိုက်ပုံဘေးတွင် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားသည်ကို ဆိုင်ကယ်စီးလာသော မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်။ ကလေးငယ်သည် တစ်ရက် သို့မဟုတ် နှစ်ရက်သားအရွယ်ဖြစ်ပြီး ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ကလေးငယ်ကို အခန်းသို့ ခေါ်ယူလာခဲ့ပြီး ကနဦးတွင် ပြုစုစောင့်ရှောက်ပေးရန် စဉ်းစားခဲ့သော်လည်း မတတ်နိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် မူလနေရာတွင် ပြန်သွားထားရန် စဉ်းစားနေစဉ် အဆောင်ပိုင်ရှင်က တွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ဘီးလင်းတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

Dawei Watch

March 18, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြင်သာကျေးရွာတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၅ရက် နံနက်ပိုင်းက ပြင်သာကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးသည် တဲဆောက်လုပ်ရန်အတွက် မြေရှင်းလင်း နေစဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားနှစ်ဦးသည် ရွှေတူးဖော်ရေး အလုပ်သမားများဖြစ်ကြပြီး အသက် ၂၀ ကျော် အရွယ်များကြကြော်း ဒေသခံများက ဆိုသည်။ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးစလုံးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့က ပြောဆို သည်။ “မိုင်းနင်းမိတဲ့ နှစ်ယောက်က ရွှေတွင်းလုပ်သားတွေ ဖြစ်ကြတယ်။ အခု မိုင်းနင်းမိတဲ့နေရာက စစ်ကြောင်းတွေလည်း ရောက်တယ်။ […]

နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများ ပိုတင်းကျပ်လာဖွယ်ရှိ

Dawei Watch

March 18, 2026

ပြည်နှင်ဒဏ်ပေးခြင်း ၊ ခိုလှုံခွင့်တောင်းခံခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတင်းကျပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို နယူးဇီလန်အစိုးရက ယနေ့ မတ်လ ၁၈ ရက်တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။ ယင်းဥပဒေကြမ်းသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်မှု၊ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုနှင့် မရိုးမသား ခိုလှုံခွင့်တောင်းခံမှုများကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း နယူးဇီလန်အစိုးရက ဆိုသည်။ ယင်းဥပဒေကြမ်းသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို စီမံခန့်ခွဲရာတွင် အာဏာပိုင်များအတွက် မျှတဆီလျော် သည့် လုပ်ပိုင်ခွင့်များ ရရှိစေမည်ဖြစ်ကြောင်း နယူးဇီလန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲရီကာစတန်းဖို့ဒ်က ပြောသည်။ ယင်းအပြင် နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလုံးကို မျှတထိရောက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နယူးဇီလန်တွင် နေထိုင်ခွင့်ရရှိထားသူတစ်ဦးသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်ပါက ပြည်နှင်ဒဏ်ပေးခံရနိုင်သည့် သတ်မှတ်ကာလကို ၁၀ နှစ်မှ အနှစ် ၂၀ အထိ […]

မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ် လူငယ် ၃၀ခန့်ကို စစ်အာဏာရှင်တပ်ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီဖြင့်ပြန်ရွေးခိုင်း

Dawei Watch

March 18, 2026

မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများကို ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသား ၃၀ ဦးခန့်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး တစ်ဦးစီအတွက် ကျပ်သိန်းဆယ်ချီ တောင်းခံနေကြောင်း ကာယကံရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မတ်လ ၁၆ ရက်တွင် ကျွန်းစုဘက်မှ မြိတ်မြို့သို့လာသည့် ခရီးသည်တင် ၉၉၉ အမြန်ရေယာဥ်သည် မြိတ်မြို့ ရွှေသာလျောင်းအနီးရှိ စစ်သင်္ဘောတွင် လက်မှတ်ဝင်ထိုးစဥ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းခေါ်သွားတဲ့ အရေအတွက်က တော်တော်များတယ်။ ကံမော်ရွာခံရော၊ မြိတ်က သားငယ် (လူငယ်) တွေရော ပါတယ်။ မိသားစု‌ဝင်တွေလိုက် စုံစမ်းတာတော့ ငွေပေးရင် ပြန်လွှတ်ပေးမယ့် အခြေအနေရှိနေတယ်။အဆင်မပြေတဲ့ မိသားစုတွေလည်း ရှိတော့ ဘယ်လိုဆက်ဖြစ်မယ် မသိရသေးဘူး” ဟု ကျွန်းစုမြို့နယ်၊ ကံမော်ရွာခံတစ်ဦးက ပြောသည်။ […]

ဂျပန်တွင် အရပ်သားဗုံးခိုနေရာများ ထပ်တိုးချဲ့ ဗုံးခိုနေရာပေါင်း ၆၂၅၀၀ ကျော်ရှိလာ

Dawei Watch

March 17, 2026

အရှေ့မြောက်အာရှဒေသ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေမှုကြောင့် အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာအသစ် ၁၅၀၀ နီးပါးကို ဂျပန်အစိုးရက ထပ်မံတိုးချဲ့သတ်မှတ်လိုက်သည်။ အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာများကို တိုးချဲ့ရန် ဂျပန်အစိုးရက ၂၀၂၄ ခုနှစ်တွင် စတင်လေ့လာခဲ့သည်။ အဆိုပါ လေ့လာမှုအရ မြေအောက်ရထားဘူတာများနှင့် မြေအောက်ကားပါကင်များအပါအဝင် နေရာပေါင်း ၁,၄၈၉ ခုကို ရေတိုဗုံးခိုရန် သင့်တော်သည့် နေရာများအဖြစ် ဂျပန်အစိုးရက အတည်ပြုလိုက်သည်။ ယခင်ရှိနှင့်ပြီးသား အရပ်သားပြည်သူများ ဗုံးခိုရာနေရာ ၆၁,၁၄၂ ခုနှင့်ပေါင်းပါက ဗုံးခိုနေရာပေါင်း ၆၂,၅၀၀ ကျော်ရှိသွားပြီဖြစ်သည်။ ယင်းဗုံးခိုနေရာများ အားလုံးကို ကွန်ရက်တစ်ခုသဖွယ် ပေါင်းစပ်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း Sankei သတင်းစာက မတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဗုံးခိုနေရာကွန်ရက်အနေဖြင့် လူပေါင်း ၁၀ ဒသမ ၈ သန်းဝန်းကျင်ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ […]