ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် စက်သုံးဆီ ဝယ်မရသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံ

Dawei Watch

March 19, 2026

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ စက်သုံးဆီ ဝယ်မရသည့်အတွက် စိုက်ခင်းထဲ ရေတင်ရန်၊ နွေစပါးရိတ်သိမ်းရန်နှင့် နွေစိုက်ခင်း ထွန်ယက်စိုက်ပျိုးရန် အခက်ကြုံရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ “ဆီ ဝယ်မရရင် ဘာမှလုပ်လို့ မရဘူး။ အခုက စျေးကြီးပေးဝယ်ရင်တောင် မရတဲ့အခြေအနေဖြစ်နေတယ်။ ရရင်လည်း နည်းနည်းပါးပါးပဲ ရတယ်။ နွေစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက်က အခက်အခဲဖြစ်တယ်။ စိုက်ခင်းထဲ ရေတင် ရေသွင်း‌ မလုပ်နိုင်ရင် သွားပြီ” ဟု နွေးစပါးစိုက် တောင်သူတစ်ဦးက ပြောဆိုသည်။ လယ်သမားများအတွက် ဆီဝယ်ယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲနေပြီး […]

ထားဝယ်တွင် စက်သုံးဆီအခက်အခဲကြောင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

Dawei Watch

March 19, 2026

ထားဝယ်ခရိုင်တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ကမ်းနီးငါးဖမ်းလှေ့အချို့ လုပ်ငန်းရပ်နား နေကြကြောင်း ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒီဇယ်စက်သုံးဆီတစ်ပီပါလျှင် ၆၈၀,၀၀၀ ကျပ်ခန့်သာ စျေးရှိရာမှ မတ်လ ပထမပတ်တွင် ၁၂သိန်း၊ ဒုတိယပတ်တွင် ၁၃သိန်းဝန်းကျင်အထိ ဖြစ်လာသည့်အပြင် ဝယ်ယူ၍လည်း မရတော့ကြောင်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုက ၁၄ သိန်းပေးတာတောင် ဝယ်မရတော့ဘူး။ ဒီတစ်ခေါက်ပြီးရင် နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ စက်သုံးဆီ စျေးကြီးပြီး အခက်အခဲအပြင် စျေးကောင်းသည့်ငါးများ ရှာဖွေဖမ်းဆီးရမိမှု နည်းလာခြင်းတို့ကြောင့် အကျိုးအမြတ် နည်းသဖြင့် လုပ်ငန်းယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ […]

လက်ရှိထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူကို ဝန်ကြီးချုပ်အသစ်အဖြစ် ထပ်မံရွေးချယ်

Dawei Watch

March 19, 2026

ရွေးကောက်ပွဲ အနိုင်ရ Bhumjaithai ပါတီခေါင်းဆောင် အနုထင်ချန်ဝီရကူ အား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ထပ်မံရွေးချယ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ အစိုးရက ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၀ ကျော်ဖြင့် ပထမနေရာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ရန် အောက်လွှတ်တော်အမတ် ၄၉၉ ဦးအနက် ၄၉၈ ဦး တက်ရောက်လာခဲ့သည်။ ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အနိုင်ရ Bhumjaithai ပါတီက အနုထင်ချန်ဝီရကူ အား အမည်စာရင်းတင်သွင်းခဲ့ပြီး ဒုတိယအနိုင်ရပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က နတ္တဖွန် ရွမ်ပန်ရာဝတ်ကို အမည်စာရင်း […]

အယုဒ္ဓယတွင် ဆိုင်ဖွင့်ထားသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 19, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာကုန်စုံဆိုင်နှင့် စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဆိုင်ဖွင့်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၈ ရက်က အယုဒ္ဓယခရိုင် ဝမ်နွိုင်ဒေသ ဝမ်ကျူလာနေရာရှိ အလုပ်သမားတိုက်ခန်းတွဲတွင် မြန်မာကုန်စုံဆိုင်နှင့် ထမင်းဆိုင်အား တွဲလျက်ဖွင့်ထားသည့် ဆိုင်ကို လဝကရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ကိုယ်တိုင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အသက် ၃၃ နှစ်အရွယ် ကိုအောင်ကိုနိုင် စစ်ဆေးတွေ့ရှိခဲ့ပြီး ငွေလက်ခံကောင်တာတွင်လည်း ၎င်းကိုယ်တိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ကိုယ်တိုင် ဈေးဆိုင်ဖွင့်၍ ရောင်းချခွင့် မရှိသလို အလုပ်သမားအနေဖြင့်လည်း ဆိုင်ရှေ့ ဈေးရောင်းချ၍ ငွေလက်ခံပိုင်ခွင့်မရှိပေ။ အကယ်၍ အလုပ်ရှင်ထံတွင် ဆိုင်ရှေ့ဈေးရောင်းလိုပါက “ခိုင်ခွန်နာ့လန်း” ဟုခေါ်သည့် ဆိုင်ရှေ့ဈေးရောင်းချခွင့်ကတ်ပြားကို အလုပ်သမားရုံးတွင် လျှောက်ထားပြီး […]

အီရန်သဘာဝဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရမှုကြောင့် စစ်ရှိန်ပိုမြင့်၊ အီရန်ဘက်က လက်တုံ့မပြန်ရန် ထရမ့်ခြိမ်းခြောက်

Dawei Watch

March 19, 2026

အီရန်၏ အဓိကသဘာဝဓာတ်ငွေ့သိုက် South Pars ကို အစ္စရေးက တိုက်ခိုက်ပြီးနောက် စစ်ပွဲအခြေအနေ သိသိသာသာ အရှိန်မြင့်တက်လာပြီး အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခြင်း မလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေး ပြောဆိုနေသည်။ South Pars ကို ဒေါသထွက်နေသော အစ္စရေးနိုင်ငံက အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အီရန်ဘက်က ယင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်း မရှိပါက အစ္စရေးအနေဖြင့် နောက်ထပ် တိုက်ခိုက်မှု မလုပ်စေရဟု ထရမ့်က ဆိုသည်။ ဗုဒ္ဓဟူးနေ့က အီရန်ပိုင် South Pars သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ရေနံစျေးနှုန်းများ မြင့်တက် လာခဲ့ပြီး အီရန်ကလည်း ပင်လယ်ကွေ့ဒေသတစ်လျှောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယင်းအပြင် ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများကိုလည်း အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ […]

စစ်အာဏာရှင်တပ်က တကူနှင့် ပဝကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

Dawei Watch

March 18, 2026

တနင်္သာရီမြို့နယ်၊တကူနှင့်ပဝကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ (မတ် ၁၈) နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဇဝဲကျေးရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ တကူကျေးရွာအုပ်စုရှိ အလယ်ပိုင်းရွာနှင့် ရွာမရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အလယ်ပိုင်းရွာတွင်ကျသည့် ဒရုန်းမှာပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် ရွာမရွာတွင်ကျသည့် ဒရုန်းမှာ မပေါက်ကွဲကြောင်း ၄င်းက ဆိုသည်။ “ထိခိုက်မှုမရှိဘူး။ဒရုန်းတွေက ရက်ဆက်ဆိုသလို တက်နေတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ ပဝကျေးရွာအုပ်စုကိုလည်း ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကာမီကာဇေဒရုန်းတစ်စီးဖြင့် တိုက်ခိုက်ခဲ့ပြီး ပဝကျေးရွာအုပ်စုရှိ ပိန်းတောရွာမှ က‌လေးတစ်ဦး ပွန်းပဲ့ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက […]

တနင်္သာရီမြို့ကို စစ်ကူလာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

Dawei Watch

March 18, 2026

မြိတ်မြို့မှ တနင်္သာရီမြို့သို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ‌တော်လှန်ရေးတပ်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ (မတ် ၁၈) နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မြိတ်မှတက်လာသည့် စစ်အာဏာရှင်ကားနှစ်စီးကို ကမ်းတိုရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ဆိုသည်။ “မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်ငယ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။မော်တုန်းရွာ အဖြတ်မှာ ခေါင်းတောင် မဖော်နိုင်ဘူး။ ထိတာများနိုင်တယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တနင်္သာရီမှ မြိတ်သို့ ပြန်ဆင်းသည့် စစ်အာဏာရှင်တပ်၏ ကားသုံးစီးကိုလည်း ကမ်းတိုရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အထိခိုက်များတယ်။အဆင်းမှာက ပိုထိတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ […]

သရက်ချောင်း၊ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

March 18, 2026

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ (မတ် ၁၈) နေ့လယ်တွင် Y-12 လေယာဉ်၊ K8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီ မိနစ် ၅၀ အတွင်း ဂုံညှင်းဆိပ်ရွာ၊ ဆီတောရွာနှင့် ဆီဒတ်ရွာ ၃ ရွာကို Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးသီးအလုံးရေ ၇၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံးကို ဂုံညှင်းဆိပ်ရွာထဲသို့ ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ […]