ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းအာဏာပိုင်းများ လုပ်ငန်းခွင်ထဲဝင်စစ် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ

Dawei Watch

December 10, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း လယွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့က လယွန်ခရိုင် နော့ခိုင်ဒေသ နော့လလွန့်ရွာထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံများထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ […]

ဩစတြေးလျတွင် ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ယနေ့ စပိတ်

Dawei Watch

December 10, 2025

ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုမှု ပိတ်ပင်သည့်ဥပဒေသည် ဩစတြေးလျနိုင်ငံ၌ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ပြီး ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ဥပဒေအရ တားမြစ်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ TikTok ၊ Youtube ၊ Instagram ၊ Facebook အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဝင်ရောက်အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို လိုက်နာခြင်း မရှိပါက ဩစတြေးလျဒေါ်လာ ၄၉ဒသမ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ ယင်းဥပဒေအသစ်ကို နည်းပညာကုမ္ပဏီကြီးများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း မိဘများနှင့် ကလေးသူငယ်ရေးရာ တက်ကြွလှုပ်ရှားသူများက ကြိုဆိုကြသည်။ ယနေ့သည် ဩစတြေးလျမိသားစုများအတွက် ‘ဂုဏ်ယူစရာ […]

ထားဝယ်နှင့် သရက်ချောင်းတွင် တံတားလေးစင်း ဖျက်ဆီးခံရသဖြင့် ကျောင်းကြိုပို့ရန်ခက်ခဲ

Dawei Watch

December 9, 2025

ထားဝယ်နှင့် သရက်ချောင်းမြို့နယ်ထဲက တံတား လေးစင်းကို စစ်အာဏာရှင်တပ်က ဖျက်ဆီးလိုက်သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကြိုပို့လုပ်ရန် အခက်အခဲဖြစ်နေသလို စားသောက်ရေးအတွက်လည်း အခက်အခဲကြုံရကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှင်မုတ္ထီးနှင့် ရောင်းမော် ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် ဆေးဖြတ်ကုန်း ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား တစ်စင်းတို့ကို ဒီဇင်ဘာလ ၂ ရက်တွင် စစ်အာဏာရှင်တပ်က ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့သည်။ ဒီဇင်ဘာလ ၃ ရက်တွင်လည်း သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ရှမ်းမတွင်းရွာက သစ်လုံးခင်း တံတားတစ်စင်းကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ရှင်မုတ္ထီးနှင့် ထားဝယ်မြို့ပေါ်တို့တွင် ကျောင်းသွားတက်ရသည့် ကျောင်းသူ၊ ကျောင်းသားများကို ကြိုပို့ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ […]

ဒီဇင်ဘာ ၁၂ ရက်တွင် ဘတ်အသစ် အမည်စာရင်း စလျှောက်နိုင်ဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

December 9, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင် မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာလ ၉ တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့်အစီအစဉ်တွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို […]

ကော့သောင်းတွင် ဘုရားပေါ်အရက်သောက်သူကို ဟန့်တားသည့်ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်

Dawei Watch

December 9, 2025

ကော့သောင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာတစ်ရွာတွင် ဘုရားရင်ပြင်ပေါ်အရက်သောက်စားနေသူအား သောက်စားခြင်းမပြုရန်တားမြစ်ပြောဆိုသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးရိုက်နှက်ခံရပြီး ပျံလွန်တော်မူကြောင်း စုံစမ်းသိရှိရသည်။ စူငယ်ဘလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတအား ကျောင်းတွင် ကပ္ပိယနှင့် ကျောင်းသားအချို့မရှိချိန် ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက လာရောက်ရိုက်နှက်ခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ဆရာတော်၏ ဦးခေါင်းကို ကြေးစည်တီးသည့်သစ်သားတုတ် (တင်းပုတ်) ဖြင့် ရိုက်နှိက်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။ “ဆရာတော်ရဲ့ဦးခေါင်းတစ်ခုလုံးက ရစရာမရှိတော့ဘူး။ တင်းပုတ်နဲ့ ထုရိုက်ထားတာ” ဟု အထက်ပါ ရဟန်းက မိန့်သည်။ သတ်ဖြတ်သွားသူသည် အဆိုပါကျောင်းတိုက်အတွင်း ထမင်း၊ ဟင်းများ လာရောက်တောင်းယူစားသောက်လေ့ရှိသူဖြစ်ကြောင်း ဆရာတော်နှင့် […]

ထိုင်းမြောက်ပိုင်းတွင် ပဲနို့ရောင်းသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 9, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ဖွန်ခရိုင်တွင် ဈေးလှည်းဖြင့် ပဲနို့ရောင်းချနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လန်ဖွန်မြို့ ပါစပ်ဒေသတွင် ထိုင်းအာဏာပိုင်များ ကင်းလှည့်နေစဉ် လမ်းဘေးဈေးရောင်းနေသော မြန်မာအမျိုးသမီး ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် ပဲနို့အပါအဝင် နို့များကို ဈေးလှည်းလေးဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်သော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးကို ဥပဒေအရ အရေးယူရန် မောင်ကျီးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားစသောလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။ အကယ်၍ ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် […]

စစ်အာဏာရှင်တပ်စစ်ကြောင်း ရေဖြူ ကျောက်ထရံရွာသားခုနစ်ဦးကိုဖမ်းထား

Dawei Watch

December 9, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်က ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ရွာသူ၊ ရွာသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာတပ်စစ်ကြောင်းသည် ပင်လယ်ကမ်းစပ်ရွာဖြစ်သည့် ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်တွင် ရောက်ရှိ လာပြီးနောက် အထက်ပါဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်သော်လည်း ယနေ့ ဒီဇင်ဘာလ ၉ရက်တွင် ထပ်မံ ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။ “စစ်ကြောင်းဝင်လာတာနဲ့ ဖမ်းပြီး ပြန်လွှတ်ပေးလိုက်သေးတယ်။ ပြီးမှ အားလုံး (ခုနစ်ယောက်စလုံး) ပြန်လာဆိုပြီး စစ်ကြောင်းနဲ့ အတူတူခေါ်ထားတယ်” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများတွင် ဦးသန်းသန်းအပါအဝင် မိသားစုဝင်သုံးဦးနှင့် ဒေသခံအခြား လေးဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးသန်းသန်းသည် ယခုနှစ် ဧပြီလဆန်းတွင်လည်း […]

ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်

Dawei Watch

December 9, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသံတိတ်သပိတ်ပြုလုပ်ကြရန် နှိုဆော်ထားချိန် ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ကြရန် မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင်အချို့က မန္တလေးမြို့လယ် စျေးချိုတော်အနီး ဒီဇင်ဘာလ ၃ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ၌ တိုက်တွန်းခဲ့သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီလည်း စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။ လက်ရှိ […]