ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြား ဖွင့်ပေးရန် အီရန်ကို ထရမ့် ရာဇသံပေး

Dawei Watch

March 23, 2026

အီရန်အနေဖြင့် ၎င်းတို့ ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို လုံးဝချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၂၁ ရက်နေ့တွင် ရာဇသံပေးလိုက်သည်။ အီရန်၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှစတင်ကာ ကျန်စက်ရုံများကိုပါ လုံးဝချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ထရမ့်၏ အဆိုပါ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ၎င်းတို့ဘက်ကလည်း အလားတူလက်တုံ့ပြန်သွားရန် အသင့်ရှိကြောင်း အီရန်အရာရှိများက ဆိုသည်။ ထရမ့်၏ ခြိမ်းခြောက်မှုအတိုင်း လုပ်ဆောင်လာပါက ဒေသတွင်းရှိ အမေရိကန်၏ စွမ်းအင်နှင့် ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်စစ်တပ်က ပြန်လည်တုံ့ပြန်ထားသည်။ လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသည်။ ယင်းကြောင့် ကမ္ဘာ့စွမ်းအင်နှင့် […]

ရန်သူမဟုတ်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား ဖြတ်ခွင့်ပြုဟု အီရန်ပြော

Dawei Watch

March 22, 2026

အီရန်၏ ရန်သူများနှင့် ဆက်စပ်သည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်၏ ပြောကြားချက်ကို ကိုးကား၍ အီရန်သတင်းမီဒီယာများက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ဖော်ပြသည်။ ပင်လယ်ကွေ့ဒေသအတွင်း ရေကြောင်းဘေးကင်းလုံခြုံရေး မြှင့်တင်ရန်နှင့် သင်္ဘောသားများအား အကာအကွယ်ပေးရန်အတွက် အီရန်အနေဖြင့် နိုင်ငံတကာရေကြောင်းအဖွဲ့ချုပ် (IMO) နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အဆိုပါ ကိုယ်စားလှယ် အလီမူဆာဗီက ပြောသည်။ အီရန်၏ ရန်သူများနှင့် မဆက်နွယ်သည့် သင်္ဘောများအနေဖြင့် အီရန်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ “သံတမန်ရေးနည်းလမ်းဟာ အီရန်ရဲ့ ဦးစားပေးအဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ရန်စကျူးကျော်မှုတွေကို အလုံးစုံရပ်တန့်ဖို့နဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်” […]

မွန်တွင် စက်သုံးဆီအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နား

Dawei Watch

March 21, 2026

စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသည့်အတွက် မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်အချို့ ရပ်နားမှုများ ရှိလာကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရသည်။ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည့်အပြင် ဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်၍ အရောင်းပိတ်ထားခြင်းကြောင့် မော်တော်ယာဉ်အများစု ရပ်နားထားကြရပြီး၊ အချို့မှာလည်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်သာ ပြောင်းလဲပြေးဆွဲနေရကြောင်း သိရသည်။ “ဆီက သူတို့ကန့်သတ်ထားတဲ့ ပမာဏအတိုင်းတောင် ဝယ်လို့မရဘူး အခုက။ တချို့ဆီဆိုင်ဆိုရင် ဆီမရှိလို့ ပိတ်ထားကြတယ်။ ရတဲ့ဆိုင်မှာလည်း ဥပမာ တစ်သိန်းဖိုး ဝယ်လို့ရတယ်ဆိုပေမဲ့ ဆီမရှိတော့ ငါးသောင်းဖိုးပဲ ရတာမျိုး။ ဆိုတော့ ဆီရဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ စုံ၊ မ ခွဲတာကလည်း မရှင်းဘူး။ ကားဆွဲဖို့က ဘယ်လိုမှ အဆင်မပြေတော့ နားထားလိုက်တယ်။ အများစုလည်း အဆင်မပြေကြတော့ နားကြရတာပေါ့” ဟု သံဖြူဇရပ်-ရန်ကုန် […]

နိုင်ကျဉ်းများကို နှိပ်စက်စစ်ဆေးသည့် ရဲတစ်ဦး ဖမ်းထားစဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရဟု ဒူရကစစ်ကြောင်းဆို

Dawei Watch

March 21, 2026

ထားဝယ်ခရိုင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ရှာဖွေဖမ်းဆီးခြင်းနှင့် စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းသည်ဟု နာမည်ကြီးသည့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဖမ်းဆီးရမိခဲ့ကြောင်း ယင်းစစ်ကြောင်းထံမှ သိရသည်။ အဆိုပါရဲမှာ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ် ဝေယံ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် စစ်ခေါင်းဆောင်က ၎င်းကို ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု ချီးမြှင့်ခဲ့ဖူးသည်။ မတ်လ ၁၉ ရက်က ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဘိုင် (အာဆီယံအရွက်ပြုတ်ရည်) လာရောက်ဝယ်ယူစဉ် ဒူရကစစ်ကြောင်းက ၎င်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖမ်းဆီးထိန်းသိမ်းထားစဉ် ယနေ့ မတ်လ ၂၁ ရက် ညနေပိုင်း၌ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒူရကစစ်ကြောင်း၏ စစ်ရေးတာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ “အရှင်ဖမ်းတယ်။ ကောင်းကောင်းမွန်မွန်ထားတယ်။ စစ်ဆေးနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီးတော့ […]

ဒီဇယ်ဆီ ဈေးတက်လာ၍ သိန္ဒောရွာတွင် ခဲတူးဖော်နေသည့် စက်များရပ်ထား

Dawei Watch

March 21, 2026

ဒီဇယ်များစျေးတက်လာ၍ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် ခဲတူးဖော်နေသည့် စက်များရပ်ထားရကြောင်း ‌ဒေသခံများနှင့် ခဲတူးဖော်နေသည့်သူများထံမှ သိရသည်။ ဒီဇယ်ဆီ ဝယ်၍ရသော်လည်း စျေးကြီးသဖြင့် အလုပ်ရပ်နားထားခြင်းဖြစ်ပြီး ဆီစျေးအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်လုပ်ကိုင်မည် ဖြစ်ကြောင်း ခဲလုပ်သားတစ်ဦးက ဆိုသည်။ “ဆီတွေက စျေးတက်လည်း ဝယ်ဖို့ရှိတယ်။ ‌စျေးကြီးလို့ နားထားတယ်။ သုံးလေးရက်ဖြစ်ပြီ နားနေတာ။စျေးခြေနေကို စောင့်ကြည့်နေတယ်”ဟု ၎င်းက ပြောသည်။ ခဲတစ်ပိဿာမှာ တစ်သိန်းကျပ်ဝန်းကျင်သာရသဖြင့် ယခုဒီဇယ်စျေးဖြင့် ဆက်လုပ်ပါက အရှုံးပေါ်နိုင်၍ ရပ်ထားခြင်းဖြစ်ကြောင်း စက်တူးသမားတစ်ဦးက ဆိုသည်။ ဒီဇယ် တစ်ပီပါကို ယခင်က ကျပ်ခြောက်သိန်းခွဲသာ ပေးရသော်လည်း လက်ရှိတွင် တစ်ပီပါ ကျပ် ၁၄ သိန်းမှ ၁၈ သိန်း ဝန်းကျင်ဖြင့် တက်လိုက်၊ကျလိုက်ဖြစ်နေကြောင်း ‌ဒေသခံများက ဆိုသည်။ သိန္ဓောရွာခဲလုပ်ကွက်များတွင် စက်ဖြင့် တူးဖော်သူများ၊ […]

ထားဝယ်ကမ်းနားလမ်း ဆီဘောကို စစ်ကော်မရှင် ဝင်စစ်၊ အကန့်အသတ်ဖြင့်သာရောင်းရန် ဖိအားပေး

Dawei Watch

March 21, 2026

ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ စက်သုံးဆီရောင်းချနေသည့် ဒေသအခေါ် ဆီဘောသို့ တိုင်းစစ်ကော်မရှင်က ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကမ်းနားဆီဘောနှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ကော်မရှင်အဖွဲ့ဝင်များသည် ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများတွင် လက်ကျန်စက်သုံးဆီ မည်မျှရှိသည်ကို စစ်ဆေးကာ မှတ်တမ်းတင်သွားခဲ့ပြီး၊ ယင်းလက်ကျန်ဆီများကို သတ်မှတ်ထားသည့်အတိုင်း အကန့်အသတ်ဖြင့်သာ ရောင်းချရန် ပြောဆိုသွားသည်ဟု ဆိုသည်။ “နောက်တစ်ခါ လာစစ်ဆေးလို့ သတ်မှတ်တဲ့အတိုင်း မရောင်းဘဲ ပိုပြီးရောင်းထားတာတွေ့ရင် အရေးယူမယ်လို့ ပြောသွားတယ်။ အဲဒါကြောင့် အခု ကမ်းနားလမ်းက ဆီဘောတွေလည်း မရောင်းပေးရဲတော့ဘူး” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။ ကမ်းနားလမ်းဆီဘောသည် ဒေသတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ထားဝယ်ခရိုင်ရှိ ကျေးလက်ဒေသများသို့ စက်သုံးဆီ အဓိကဖြန့်ဖြူးရောင်းချပေးသည့် နေရာဖြစ်ပြီး ယခုစစ်ဆေးမှု မတိုင်မီက ဆီပုံမှန်ရောင်းချပေးနေသော နေရာလည်းဖြစ်သည်။ ထိုကဲ့သို့ […]

ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

Dawei Watch

March 21, 2026

သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းက ဆုတ်ခွာထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့ ပိတ်မိနေသည့် ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ မတ်လ ၂၀ရက် ညနေပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က အထိနာနေချိန် မြိတ်လေတပ်စခန်းဌာနချုပ်က တက်လာသည့် K8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။ “မနေ့တုန်းကတော့ စကမစစ်ကြောင်းနဲ့ ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်တွေပေါ့နော် KNLA/PDF ပူးပေါင်းတပ် တွေနဲ့ မြေပြင်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာရှိတယ်။ သိရသလောက်ကတော့ စကမဘက်က အထိနာတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ ယနေ့ မတ်လ ၂၁ ရက် […]

ထိုင်းတွင် ငါးဖမ်းလှေပေါ် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

March 21, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် မြန်မာအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ချွန်ဖော်မြို့ ကမ်းလွန်ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လှေပေါ်တွင် ထိုင်းနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ကိုကျော်သိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုကျော်မျိုးအောင် စကားများ ရန်ဖြစ်ကြကြောင်း ဖော်ပြသည်။ စကားများ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။ ဓားထိုးမှုကြောင့် ကိုကျော်သိန်းတွင် ဝမ်းဗိုက်၌ သုံးချက်၊ နောက်ကျောတွင် တစ်ချက်၊ လက်နှစ်ဖက်တွင် လေးချက်နှင့် ညာဘက်ရင်ဘတ်တွင် […]