ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် လောင်စာဆီ၊ လျှပ်စစ်မီတာခ အပါအဝင် ကုန်ဈေးနှုန်းများ လျှော့ချပေးရန် အစိုးရထံ တောင်းဆို

Dawei Watch

March 25, 2026

ထိုင်းတွင် လောင်စာဆီ၊ လျှပ်စစ်မီတာခ၊ အိမ်သုံးဂတ်စ်နှင့် ကုန်ဈေးနှုန်းများကို လျှော့ချပေးရန် တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူကို စာပို့တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လောင်စာဆီအကျပ်အတည်းကြောင့် ကုန်ဈေးနှုန်းများ တက်လာနေချိန် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် တက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူထံ မတ်လ ၂၃ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုင်းတက်ကြွလှုပ်ရှားသူများက ဦးဆောင်ထားသည့် အဖွဲ့ပေါင်း ၁၄ ဖွဲ့က အစိုးရအိမ်တော်ရှိ တိုင်ကြားရေးစင်တာတွင် ယင်းအချက်များကို အရေးပေါ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လောင်စာဆီဈေးနှုန်း လျော့ကျလာစေရန်အတွက် စည်းကြပ်ခွန်ဖြစ်သည့် ဆီတစ်လီတာလျှင် ၇ ဘတ်ကို ပယ်ဖျက်ရန်နှင့် ဆီသန့်စင်ခများကို တစ်လီတာလျှင် ၆ ဘတ်မှ ၂ ဘတ်သို့ လျှော့ချပေးရန် ပြည်သူများက တောင်းဆိုကြခြင်းဖြစ်သည်။ […]

မွန် စက်သုံးဆီပြင်ပစျေးကွက်တွင် တစ်လီတာ ကျပ်နှစ်သောင်းအထိ ပေးဝယ်ရ

Dawei Watch

March 24, 2026

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှုကန့်သတ်လိုက်ပြီးနောက် ပြင်ပမှောင်ခိုစျေးကွက် တွင်ကျယ်လာပြီး လက်ရှိတွင် ဆီတစ်လီတာလျှင် ကျပ် ၁၅၀၀၀နှင့် ၂၀၀၀၀ ကြားအထိ ရောင်းဝယ်နေကြကြောင်း သုံးစွဲသူများထံမှ သိရသည်။ စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲလာသဖြင့် သုံးစွဲသူများသည် ပြင်ပ‌မှောင်ခိုစျေးကွက်ကို ပိုမိုအာကိုးလာရကြောင်း ၎င်းတို့က ပြောသည်။ အရောင်းဆိုင်အချို့ကလည်း စျေးပိုရသည့် မှောင်ခို‌စျေးကွက်ကို ရောင်းချပေးနေသည့်အတွက် ဆိုင်တွင် ဆီပြတ်လပ်ပြီး တန်းစီစောင့်ဆိုင်းသူများ ဝယ်မရဘဲ ဖြစ်နေကြောင်း သုံးစွဲသူ ဒေသခံများက ဆိုသည်။ “တချို့ဆိုင်တွေကလည်း ပေါက်‌စျေးနဲ့ အပြ ရောင်းချပေးပြီးတော့ တစ်ဘက်မှာ ‌စျေးပိုရတဲ့ မှောင်ခိုနဲ့ ရောင်းနေတာလည်း ရှိနေတယ်။ နောက်တစ်ခုက တန်းစီဝယ်တဲ့နေရာမှာလည်း လုပ်စားတဲ့လူတွေ ရှိတယ်။ အလုပ်အပျက်ခံ၊ အချိန်အကုန်ခံပြီး တန်းစီပြီးရင် မှောင်ခိုစျေးနဲ့ ပြန်ရောင်းတယ်” ဟု မော်လမြိုင် […]

ကုန်စျေးနှုန်းတက်နေ၍ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းပေးမည်ဟု ထိုင်းအစိုးရဆို

Dawei Watch

March 24, 2026

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာမှုကြောင့် နိုင်ငံအတွင်း လောင်စာဆီနှင့် စားသောက်ကုန်အချို့ ဈေးတက်နေချိန် ထိုင်းနိုင်ငံတွင် တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိရောင်းချပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာသည်။ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော လောင်စာဆီ၊ စွမ်းအင်နှင့် စားသောက်ကုန်များ ဈေးနှုန်းထိန်းညှိရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့အတည်ပြုကြေညာခြင်းဖြစ်သည်။ ပြည်သူများ တတ်နိုင်သော တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို “Thai Helping Thai” ဟူသော စီမံချက်ဖြင့် တစ်နိုင်ငံလုံးရှိ ခရိုင်အားလုံးကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဆန်၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆီ၊ ငံပြာရည်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာနှင့် သွားတိုက်ဆေးကဲ့သို့ အဓိကစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို […]

အမေရိကန်က အီရန်ကို ဆက်တိုက်မည်ဟု ကန်အရာရှိ ပြော

Dawei Watch

March 24, 2026

အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုသာ အမေရိကန်က တိုက်ခိုက်မှု ဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ Semafor သတင်းဌာနက ဖော်ပြသည်။ အမည်မဖော်လိုသည့် အီရန်အရာရှိများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောထားချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုသာ တိုက်ခိုက်မှုဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက Semafor သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။ “ တိုက်ခိုက်မှု ငါးရက်တာ ရပ်ဆိုင်းတယ်ဆိုတာက အီရန်ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံနေရာတွေအပေါ် တိုက်ခိုက်မှုကို ရပ်ဆိုင်းတာ ဖြစ်ပါတယ်” ဟု အဆိုပါအမေရိကန်အရာရှိက Semafor သတင်းဌာနကို ပြောကြားခဲ့သည်။ “(အီရန်ရဲ့) စစ်ဘက်ဆိုင်ရာနေရာတွေ ၊ ရေတပ်နဲ့ ပဲ့ထိန်းဒုံးတွေ ၊ ကာကွယ်ရေးစက်မှုဇုန်တွေကို တိုက်ခိုက်တာတွေကတော့ ရပ်ဆိုင်းမှာ […]

စစ်အုပ်စု အသွင်ပြောင်း အတုအယောင်အစိုးရအား လက်မခံကြောင်း ထားဝယ်တွင် ဆန္ဒထုတ်ဖော်

Dawei Watch

March 24, 2026

စစ်အုပ်စုက အသွင်ပြောင်းဖွဲ့စည်းမည့် အတုအယောင်အစိုးရအဖွဲ့အား လက်မခံကြောင်း ထားဝယ်ခရိုင်အတွင်း မတ်လ ၂၃ ရက်ညက ဆန္ဒဖော်ထုတ်ကြသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အဆိုပါ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ‘စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့… အလိုမရှိ’ ဆိုသည့်  ခေါင်းစဥ်ဖြင့် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည် ။  အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းမည့် အတုအယောင်အစိုးရကို ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဆန့်ကျင်အန်တုကြရန် DDMSC က တိုက်တွန်းထားသည် ။ စစ်အုပ်စု အနေဖြင့် ပြီးခဲ့သည််နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလတို့တွင်  ရွေးကောက်ပွဲ ကို အပိုင်းသုံးပိုင်း ခွဲကာ နေရာကွက်ကျားကျင်းပခဲ့သည် ။ ယင်းနောက် ယခု မတ်လတွင် ယင်းစစ်အုပ်စု […]

မြန်မာ့ဘောလုံး ငွေခေတ်ကြယ်ပွင့် ဦးတင်မြင့်အောင် ကွယ်လွန်

Dawei Watch

March 24, 2026

မြန်မာ့ဘောလုံးပရိသတ်တွေအားလုံးအတွက် တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ သတင်းတစ်ခုကို ပြောပြရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ မြန်မာ့ဘောလုံးငွေခေတ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ဦးတင်မြင့်အောင် ကွယ်သွားခဲ့တဲ့သတင်းပါပဲ။ လူငယ်မျိုးဆက်သစ်ကစားသမားတွေ လေးစားအားကျခဲ့ရတဲ့၊ မြန်မာ့ဘောလုံးလောကမှာ ကစားသမားဘဝရော နည်းပြဘဝမှာပါ အောင်မြင်မှုတွေ အလီလီသိမ်းပိုက်ခဲ့တဲ့ “ငွေခေတ်ရဲ့ ကွင်းလယ်ဖန်တီးရှင်” ဦးတင်မြင့်အောင် ဟာ ဒီနေ့ မတ်လ ၂၃ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ အချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်က ခြေလှမ်းများမှသည် ဂုဏ်ဆောင်ငွေတံဆိပ်ဆုဆီသို့ ဦးတင်မြင့်အောင်လို့ ပြောလိုက်ရင် ဘောလုံးပရိသတ်တွေရဲ့မျက်စိထဲမှာ အရင်ဆုံး မြင်ယောင်လာမှာက ၁၉၉၃ စင်ကာပူဆီးဂိမ်းစ်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ “ငွေတံဆိပ်” ဆွတ်ခူးနိုင်ခဲ့တဲ့ ပုံရိပ်တွေပါပဲ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လက်ရွေးစင်အင်္ကျီကို ဝတ်ဆင်ပြီး နိုင်ငံအတွက် […]

ထားဝယ်ခရိုင်တွင် စက်သုံးဆီတစ်လီတာ ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်

Dawei Watch

March 24, 2026

ထားဝယ်ခရိုင်တွင် စက်သုံးဆီပိုမိုရှားပါးလာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။ ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တစ်လီတာလျှင် ကျပ် ၄,၀၀၀ နီးပါးဖြင့် ရောင်းချပေးနေသည်ဆိုသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် အများစုမှာ မှောင်ခိုဈေးကွက်ကို အားကိုးနေကြရသည်။ ထားဝယ်မြို့ မှောင်ခိုဈေးကွက်တွင် တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ “ကိုယ်တိုင်ကတော့ တစ်သောင်းနဲ့ ဝယ်ဖူးတယ်။ ဒီနေ့ စုံစမ်းကြည့်တော့ နှစ်သောင်းဆိုပြီး ပြောနေတာတော့ ရှိတယ်။ သွားတော့ မဝယ်ရသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ နယ်ကျေးရွာများတွင်လည်း တစ်လီတာလျှင် ကျပ်တစ်သောင်းအထက် ရောက်ရှိနေကြောင်း သိရသည်။ “အနည်းဆုံးကတော့ ကိုးထောင်ကျပ်ပဲ။ တော်တော်များများကတော့ တစ်သောင်း၊ တစ်သောင်းနှစ်ထောင်တွေ ဖြစ်ကုန်ပြီ” ဟု လောင်းလုံးမြို့နယ်မှ […]

ရေဖြူ၊ ဇာဒီရွာမှ စစ်ရှောင်များ ရွာပြန်နေထိုင်ကြရန် စစ်အာဏာရှင်တပ် ဖိအားပေး

Dawei Watch

March 24, 2026

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဇာဒီရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်လည်နေထိုင်ကြရန် စစ်အာဏာရှင်တပ်က ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ကံပေါက်-ဇာဒီလမ်းပိုင်းရှိ ပုယရွာ စစ်ဆေးရေးဂိတ်မှ စစ်အာဏာရှင်တပ်သားများက ဆေးခန်းပြပြီးပြန်လာသော ကျေးရွာမှ ဆရာတော်တစ်ပါးကို ဒေသခံများ နေရပ်ပြန်နေရန်အတွက် လက်မှတ်လာထိုးကြရန် မတ်လ ၁၈ ရက်က မှာကြားလိုက်ကြောင်း ၎င်းတို့ကဆိုသည်။ “အိမ်ထောင်စု ၁၅၀ ပြန်လာနေမယ်ဆိုရင် လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းပြန်ပေးမယ်လို့ ပြောတယ်။ ရွှေ့ပြောင်းနေရသူတွေ ကြာတော့လည်း မလွယ်ဘူးလေ။ သွားထိုးတဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ အများစုကတော့ သွားမထိုးရဲကြဘူး။ သွားထိုးပြီးမှ စစ်မှုထမ်းဖို့ လူစာရင်းပေးသလို ဖြစ်မှာကိုလည်း ကြောက်နေကြတယ်” ဟု ဇာဒီရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ ဇာဒီကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁,၃၀၀ ကျော်ရှိပြီး၊ […]