ပရာကျွတ်ခီရီခန်ခရိုင်တွင် ဝက်သက်ရောဂါအဖြစ်များနေကြောင်း ထိုင်းကျန်းမာရေးဌာန သတိပေး
Dawei Watch
November 20, 2025ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်ရှိ ကလေးငယ်များတွင် ဝက်သက်ရောဂါအဖြစ်များနေကြောင်း ရတ်ချ်ဘူရီခရိုင်ရှိ ထိုင်းကျန်းမာရေးဌာန အမှတ် ၅ က ယနေ့သတိပေးထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၅ ရက်အထိ ပရာကျွတ်ခီရီခန်ခရိုင်အပါအဝင် အခြားခရိုင်များတွင် ဝက်သက်ရောဂါဖြစ်နေသော ကလေးငယ် ၄၀ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။ ကလေးငယ်အများစုမှာ အသက် ၂ နှစ်မှ ၄ နှစ်အရွယ်များဖြစ်ကြပြီး ရောဂါအဖြစ်အများဆုံးခရိုင်မှာ ပရာကျွတ်ခီရီခန်ခရိုင်ဖြစ်ကြောင်း ရေးသားထားသည်။ ဝက်သက်ရောဂါ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် အနီစက်ထခြင်းများဖြစ်ကြောင်း ဆိုသည်။ အချို့မှာ အဆုတ်ရောင် သို့မဟုတ် ဦးနှောက်ရောင်ရောဂါများအထိ ရောဂါပြင်းထန်လာနိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။ ဝက်သက်ရောဂါသည် ကလေးငယ်အများစုတွင် အဖြစ်များသော ရောဂါဖြစ်ပြီး ကာကွယ်ဆေးမထိုးထားပါက အလွယ်တကူ ကူးစက်နိုင်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် […]


