စစ်ခေါင်းဆောင်၏ လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဖြစ်ခန့်
Dawei Watch
March 30, 2026စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ပြောင်းလဲခန့်အပ်လိုက်ပြီဖြစ်ကြောင်း စစ်တပ်ပိုင်မြဝတီသတင်းဌာနက ဖော်ပြသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံအဖြစ် လူသိများပြီး စစ်အာဏာရှင်တပ်တွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) စသည့် အကြီးပိုင်းနေရာများ ရခဲ့သူဖြစ်သည် ။ အာဏာသိမ်းဖြစ်စဥ်တစ်လျှောက်တွင်လည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ကောင်စီတွဲဘက်အတွင်းရေးမှူး ၊ စစ်ကော်မရှင်အတွင်းရေးမှူး ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်စသည့် စစ်အုပ်စု၏ အရေးပါသည့်နေရာများရခဲ့သည်။ အသက်ခြောက်ဆယ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် OTS (Officer Training School) ဟု လူသိများသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗထူး အပတ်စဥ် ၇၇ ဆင်းဖြစ်ပြီး […]


