ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မယ်ဆိုင်တွင် မိန်းကလေးတစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 31, 2026

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၈ ရက်က မယ်ဆိုင်မြို့ ဆန်းဆိုင်မွန်ဒေသရှိ လမ်းပေါ်တွင် အသက် ၁၇ နှစ်အရွယ် မယ်ဆိုင်ဒေသခံ မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ သုံးချက်ကို တွေ့ရပြီး အလောင်းအနီးတွင် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မှတ်ပုံတင်ကိုလည်း တွေ့ရကြောင်း ဖော်ပြသည်။ သေဆုံးသူ မိန်းကလေးအပါအဝင် သူငယ်ချင်းဖြစ်သူသုံးဦးသည် မတ်လ ၂၇ ရက် ည ၁၀ နာရီခန့်က မြန်မာအမျိုးသားတစ်ဦးနှင့် ဆီဆိုင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို ဖော်ပြသည်။ သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးသည် နေရာတစ်ခုတွင် ကျန်ရစ်ခဲ့ပြီး သေဆုံးသူ မိန်းကလေးနှင့် […]

သိန္ဓောရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

Dawei Watch

March 30, 2026

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သိန္ဓောရွာ ခဲမိုင်းတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်ထားသော ဒဏ်ရာဖြင့် ဆိုင်အတွင်း သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ သေဆုံးနေသည့် အမျိုးသမီးသည် အသက် ၂၀ ဝန်းကျင်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ပြောသည်။ “မိုင်းမှာ လူသတ်မှုဖြစ်တယ်။ ကျောင်းပိတ်လို့ ဈေးသွားရောင်းနေတာ။ ကပ်ပ (ပုဆိန်တို) နဲ့ ခုတ်ခံထားရတယ်။ ဆိုင်မှာ ကြေးပြား (ပိုက်ဆံ) လာခိုးလို့ အော်လိုက်လို့ သတ်ခံရတာလို့လည်း ပြောနေကြတယ်” ဟု […]

မြိတ်မြို့ ဘုရားငါးဆူကွင်းပတ်လည်ရှိ မတ်လကုန်တွင်အပြီးဖယ်ရန် စည်ပင်ညွှန်ကြား

Dawei Watch

March 30, 2026

မြိတ်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအရှေ့ ဘုရားငါးဆူကွင်းပတ်လည်ရှိ ဆိုင်ခန်းတွဲများကို မတ်လကုန် တွင် အပြီးဖယ်ရှားရန် မြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့နှင့် မြို့ခံများထံမှ သိရသည်။ မြိတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ပိုင် အဆိုပါဆိုင်ခန်းတွဲများကို ဗုဒ္ဓဘာသာအသင်းမြေအဖြစ် လွှဲပြောင်းသွားမည် ဖြစ်ကြောင်းဖော်ပြထားပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားဖယ်ရှားကြရန် သတိပေးစာ ပေးပို့လာကြောင်း ဆိုင်ခန်းပိုင်ရှင် အချို့က ဆိုသည်။ အဆိုပါနေရာတွင် ဆိုင်ခန်းပေါင်း ၈၀ ဝန်းကျင်ရှိပြီး ဆိုင်ခန်းတစ်ခန်း၏ အကျယ်မှာ ပေ ၂၀၊ ၁၀ ပေ ရှိကြောင်း ၎င်းတို့ ထံမှ သိရသည်။ ဆိုင်ခန်းတွင် ဈေးရောင်းနေသူဖယ်ရှာပေးရန် ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး စာပေးပို့ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့ထံမှ သိရသည်။ အဆိုပါဆိုင်ခန်းများကို […]

တနင်္သာရီ ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

March 30, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ် စစ်ဆေး‌ရေးဂိတ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၊ တော်လှန်‌ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းမကြီးတွင် ဂိတ်ချ၍ စစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၂၉ရက် နံနက် ၁၀နာရီခွဲတွင် သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး ယခုတိုက်ခိုက်မှုသည် ရွာထဲတွင် ဂိတ်ချစစ်ဆေးနေသည့် ဂိတ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မိနစ်အနည်းငယ် တိုက်ပွဲဖြစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး (စစ်အာဏာရှင်တပ်) ဘက်က ထိခိုက်မှု ရှိတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်က ထိခိုက်မှုရှိသည် ဆိုသည်နှင့်ပတ်သက်၍ သေသေချာချ မသိရသေးပေ။ ယင်းသို့ တိုက်ခိုက်ပြီးနောက် မတ်လ ၃၀ရက်တွင် […]

မြန်မာအမျိုးသမီးများကို လိင်ကုန်ကူးသည့် မြန်မာနှစ်ဦး ကန်ချနဘူရီတွင် ဖမ်းမိ

Dawei Watch

March 30, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် လိင်ကုန်ကူးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာမိန်းကလေးငယ်များကို နယ်စပ်ဖြတ်ကျော်ခေါ်လာပြီး စန်ခရာဘူရီ နွန်းလူရွာတွင် လိင်အလုပ်သမအဖြစ် စေခိုင်းနေသည်ကို ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က အသွင်ယူ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။ မြန်မာမိန်းကလေးကို ချိတ်ဆက်၍ ဝန်ဆောင်မှုရယူလိုပါက Line အကောင့်မှတစ်ဆင့် ဆက်သွယ်ရခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များက အရပ်သားအသွင်ယူ၍ တစ်ဦးလျှင် ဘတ် ၈၀၀ နှုန်းဖြင့် အမျိုးသမီးနှစ်ဦးကို ခေါ်ယူရန် Line မှတစ်ဆင့် ချိတ်ဆက်ခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ ည ၈ နာရီခွဲတွင် တည်းခိုခန်းတစ်ခု၌ တွေဆုံကြရန် ချိန်းဆိုခဲ့ကြကြောင်း သတင်းတွင်ပါရှိသည်။ သတ်မှတ်ထားသောအချိန်တွင် အသက် […]

စစ်ခေါင်းဆောင်အပါ လေးဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်နှစ်ရပ်တွင် အမည်စာရင်းတင်သွင်း

Dawei Watch

March 30, 2026

စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ ယနေ့ မတ်လ ၃၀ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လေးဦးကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်းသွင်းလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့က အမည်စာရင်း တင်သွင်းသည်။ ဒေါက်တာကျော်ဆွေသည် စစ်အုပ်စုနှင့်နီးစပ်သည့် တစည ပါတီကို ကိုယ်စားပြုပြီး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။ စစ်ခေါင်းဆောင်ကို စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခြင်းဖြစ်သည်။ ဒေါက်တာကျော်ကျော်ဌေးသည် ထားဝယ်မြို့နယ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။ အမျိုးသားလွှတ်တော်မှာတော့ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ဘားအံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် […]

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ကပိတ်

Dawei Watch

March 30, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ခြမ်းက ယမန်နေ့ မတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ပိတ်ထားကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။ ယမန်နေ့က ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် မူးယစ်ဆေးပြား သုံးသိန်းနီးပါးသယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရမှုနှင့် ဆက်စပ်ပြီး ပိတ်ခြင်းဖြစ် နိုင်ကြောင်း မြို့ခံတို့က ခန့်မှန်းသည်။ “မနေ့ ညနေလောက်ကနေစပြီး ပိတ်လိုက်တာ။ ကုန်ပစ္စည်းတွေလည်း ပေးမဖြတ်ဘူး။ ထိုင်းဘက်ကမ်းမှာ အလုပ် သွားလုပ် နေတဲ့ လူတွေကိုလည်း ပေးမသွားဘူး။ ဘယ်သူမှ ပေးမဖြတ်ဘူး။ ပိတ်တာက ယာယီပဲဖြစ်မှာပါ။ အဓိက ဒီမူးယစ်ဆေးဝါး ဖမ်းမိထားတဲ့ကိစ္စပဲ။ သုံး၊ လေးရက်လောက်တော့ ပိတ်မယ် ထင်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောဆိုသည်။ ဘုရားဆူနယ်စပ်ဂိတ်သည် တရားဝင် ဖွင့်လှစ်ထားသည့်ဂိတ် မဟုတ်ဘဲ […]

တရုတ်က တိုက်လေယာဥ်ဟောင်းများကို အသေခံဒရုန်းအဖြစ်ပြောင်း၍ ထိုင်ဝမ်အနီး အသင့်ချထား

Dawei Watch

March 30, 2026

ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်စစ်တပ်သည် တိုက်လေယာဥ်များမှ အသွင်ပြောင်းထားသည့် တိုက်ခိုက်ရေးဒရုန်းများကို ထိုင်ဝမ်အနီးတွင် ဖြန့်ကျက်ထားကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ တရုတ်စစ်တပ်က J-6W ဒရုန်းအစီးရေ ၂၀၀ ထက်မနည်းကို ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ရှိ စစ်အခြေစိုက်စခန်းများတွင် ချထားကြောင်း သိရသည်။ ယင်းစစ်အခြေစိုက်စခန်းများမှတဆင့် ထိုင်ဝမ်သို့ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ပြီး ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ခြေ ရှိသည်။ ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် တရုတ်စစ်တပ်ကို သမ္မတရှီကျင့်ဖျင်က အမိန့်ပေးထားသည်။ ယင်းကြောင့် အဆိုပါ ဒရုန်းများကိုအသုံးပြု၍ ထိုင်ဝမ်ကို လပိုင်းအတွင်း တိုက်ခိုက်ရန် အလားအလာ မြင့်တက်လာကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ ၁၉၅၀ ပြည့်နှစ်လွန်ကာလက ဆိုဗီယက်အကူအညီဖြင့် ထုတ်လုပ်ခဲ့သည့် J-6 ‘Farmer’ တိုက်လေယာဉ်များကို […]