ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စက်သုံးဆီဈေး မြင့်တက်နေ၍ ရေဖြူတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အလုပ်ရပ်ထားရ

Dawei Watch

April 1, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်တွင် ယခင်က စက်သုံးဆီတစ်ဂါလံလျှင် ကျပ်တစ်သောင်းသုံးထောင်ဝန်းကျင်သာ ရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ တစ်ဂါလံလျှင် ကျပ် ၆၀,၀၀၀ နီးပါးအထိ စျေးတက်သွားကြောင်း၊ ယင်းကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေမလောင်းနိုင်တော့ဘဲ တောင်သူအချို့ အလုပ်ရပ်နားထားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တချို့ကလည်း ဆိုလာနဲ့ ပြောင်းဆင်ကြတယ်။ မတတ်နိုင်တဲ့သူတွေကတော့ ဆေးခြံ (ဟင်းရွက်ခင်း) တွေကို ဒီအတိုင်း ပစ်ထားလိုက်ရတာပဲ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးကာ […]

ချင်းမိုင်စီးပွားရေး တိုးတက်စေသဖြင့် မြန်မာများအတွက် ဗီဇာစည်းမျဉ်းသစ်များ ဖန်တီးပေးရန်တိုက်တွန်း

Dawei Watch

April 1, 2026

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်တိမ်းလာသည့် ဘွဲ့ရကျွမ်းကျင်လုပ်သားဦးရေ အနည်းဆုံး ၆,၀၀၀ အထိ ရှိနိုင်ကြောင်း Surin Pitsuwan Foundation အဖွဲ့က ထုတ်ပြန်သည်။

စစ်အာဏာရှင်တပ်က ဘုရားသုံးဆူအနီးကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး

Dawei Watch

April 1, 2026

“လေယာဉ်နဲ့ ရွာထဲကို လာပစ်သွားတာ။ ရွာထဲမှာဆိုတော့ လူတွေ ထိခိုက်ကုန်တာပေါ့။ ဆိုင်လည်း ထိသွားတာရှိတယ်။ သေဆုံးတာကတော့ အမျိုးသမီး နှစ်ဦးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သရက်ချောင်းတွင် ကားလမ်းနှင့် ဖုန်းဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထား၍ စားရေးခက်ခဲနေ

Dawei Watch

April 1, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် ဖုန်းဆက်သွယ်ရေးလိုင်းနှင့် ကားလမ်းပိတ်ဆို့ ဖြတ်တောက်ထားမှု တစ်လကျော် ကြာမြင့်လာပြီဖြစ်၍ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်များက မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရန် စစ်ဆင်ရေးကာလအတွင်း သရက်ချောင်းမြို့နယ်အောက်ပိုင်း ပိတိုင်ရွာမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးရှိ ဆင်ထိုးကြီးရွာအထိ ဖုန်းဆက်သွယ်ရေးလိုင်းနှင့် ကားလမ်းကို ပိတ်ထားခြင်းဖြစ်သည်။ မြိတ်-ထားဝယ်ကားလမ်း ဖြတ်တောက်ထားသဖြင့် စစ်ရှောင်ပြည်သူများ မြို့ပေါ်သို့ သွားလာ၍မရသလို စားနပ်ရိက္ခာရောင်းချသည့် ကားများလည်း သရက်ချောင်းမြို့နယ်အောက်ပိုင်းသို့ ဆင်း၍မရသဖြင့် စားနပ်ရိက္ခာရှားပါးကာ စျေးကြီးပေးဝယ်ယူနေရကြောင်း ဒေသခံများကဆိုသည်။ ကားတစ်တန်၊ လှေတစ်တန်ခရီးဖြင့် သယ်ယူရောင်းချသူများထံမှ ဈေးကြီးပေး ဝယ်ယူနေရသည်ဟု ဝင်းဝစခန်းအနီးရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့လည်း သူများရွာမှာ သွားရှောင်နေကြရတယ်။ ဖုန်းလိုင်းလည်းမရ၊ စားစရာလည်း ပြတ်လပ်နေပြီဆိုတော့ အခုက တခြားလမ်းကနေ […]

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၃,၈၀၀ ကျပ်အထိ ဈေးတက်

Dawei Watch

April 1, 2026

လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာခြင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် မီးလင်းရေးကော်မတီတို့က ဧပြီလမှစတင်ကာ မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ သို့ပြောင်းလဲကောက်ခံမည်ဟု ကြေညာထားသည်။ “၃ လပိုင်းက သုံးစွဲထားတဲ့ မီတာခကို ဒီ ၄ လပိုင်းမှာ ကောက်မှာပေါ့။ အခုကောက်မယ့် မီတာခကို တစ်ယူနစ် ၃,၈၀၀ နဲ့ ကောက်မယ်ဆိုပြီး ကြေညာထားတယ်။ မီတာခက အတက်တွေချည်းပါပဲ” ဟု ရေးမြောက်ပိုင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ရေးမြို့နယ်တွင် လျှပ်စစ်မီးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကိုယ်ထူကိုယ်ထ […]

စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်နေ၍ တကူရွာသားများ ဈေးမသွားရဲဟုဆို

Dawei Watch

April 1, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှုများ ရက်ဆက်ဆိုသလို လုပ်ဆောင်နေသဖြင့် တကူရွာဈေးတွင် ဈေးဝယ်သူ နည်းပါးလာကြောင်း ဒေသခံနှင့် ဈေးသည်များထံမှ သိရသည်။ မတ်လအတွင်းတွင် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ ကာမီကာဇေဒရုန်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့သဖြင့် တကူရွာဈေးတွင် ဈေးဝယ်သူနည်းပါးလာကြောင်း တကူရွာမှ ဈေးသည်တစ်ဦးက ဆိုသည်။ တကူရွာဈေးတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် မတိုက်ခိုက်ချိန်က နံနက်မှ ညနေအထိ ဈေးဝယ်သူများ လာရောက်ဝယ်ယူကြသော်လည်း ယခုအချိန်တွင် နံနက်ပိုင်းတွင်သာ ဝယ်သူများရှိကြောင်း ၎င်းက ဆိုသည်။ “ဒီလိုပါပဲ။ ရောင်းလိုက် ပြေးလိုက်နဲ့၊ စောစောပိုင်းတော့ နည်းနည်းရောင်းရတယ်။ ဈေးတွေက အရင်ကလို ရောင်းမကောင်းတော့ဘူး။ ဒရုန်းတွေ လာပြီးကတည်းက ဈေးဝယ်သူ နည်းလာတယ်” ဟု အထက်ပါ ဈေးသည်က ပြောသည်။ […]

အပစ်အခတ်ရပ်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရန် တရုတ်နှင့် ပါကစ္စတန်တောင်းဆို

Dawei Watch

April 1, 2026

ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ချက်ချင်းအပစ်အခတ်ရပ်စဲပြီး ဟော်မုဇ်ရေလက်ကြား အတွင်း ပုံမှန်ရေကြောင်းသွားလာမှု ပြန်စတင်နိုင်ရန် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က မတ်လ ၃၁ ရက်တွင် တောင်းဆို တိုက်တွန်းလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်း၌ အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ကြရာမှ ယင်းသို့ တောင်းဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်မြောက်စေရေး ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ပါကစ္စတန်က ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည့် ပါကစ္စတန်သည် အီရန်နှင့်လည်း ကာလရှည်ကြာ ဆက်ဆံရေးရှိပြီး ဘက်မလိုက်သည့် နိုင်ငံအဖြစ် နာမည်ကောင်းရှိခြင်းကြောင့် လက်ရှိအီရန်စစ်ပွဲတွင် အဓိက ကြားဝင်စေ့စပ်ပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။ တရုတ်နှင့် ပါကစ္စတန်နှစ်နိုင်ငံ၏ အီရန်စစ်ပွဲအဆုံးသတ်ရေး အချက်ငါးချက်ပါ အဆိုပြုချက်တွင် တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးနည်းလမ်းသည်သာ ပဋိပက္ခများကို […]

မြန်မာဘက်က လက်နက်ကြီးကျည်ဆန်များ ထိုင်းဘက်ကျ၍ မြန်မာ ၅ ဦးနှင့် ထိုင်းတစ်ဦး ဒဏ်ရာရ

Dawei Watch

April 1, 2026

မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကျေးရွာထဲ ကျရောက်ခဲ့သဖြင့် မြန်မာနိုင်ငံသား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နောက်ထပ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ လက်နက်ကြီးကျည်ဆန် ထိမှန်မှုကြောင့် အသက် ၇ နှစ်၊ အသက် ၁၁ နှစ်၊ အသက် ၁၃ နှစ်အရွယ် မြန်မာကလေးငယ်သုံးဦးနှင့် အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီးကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ […]