ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကမြောကင်းတံတားဂိတ်တွင် လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

April 3, 2026

ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်း စုဆောင်းရေးအဖွဲ့က ယနေ့ လူငယ်ခြောက်ဦးထက်မနည်းကို ဖမ်းဆီးပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းကြောင်း ခရီးသွားဒေသခံများက ပြောသည်။ ကမြောကင်းတံတားသည် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ကမြောကင်းတံကားဂိတ်တွင် ခရီးသွားလူငယ်များကို ယနေ့ ဧပြီလ ၃ရက် နံနက် ၆ နာရီခွဲမှစတင်၍ ဖမ်းဆီးခဲ့ကြောင်း မြို့ခံခရီးသွားတစ်ဦးက ဆိုသည်။ “ခြောက်ယောက်လောက်ရှိတယ်၊ ထိုင်ခိုင်းထားတာတွေ့ရတယ်။ ဘေးမှာက ကားထိုးထားတယ်“ ဟု ၎င်းက ပြောဆိုသည်။ အဆိုပါစစ်မှုထမ်းစုဆောင်းရေးအဖွဲ့မှာ ဖမ်းဆီးထားသည့် လူငယ်များကိုခေါ်ယူပြီး နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း မြိုခံခရီးသွားအချို့က ပြောသည်။ ဧပြီလ ၂ ရက် ညကလည်း ထားဝယ်မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ လူနေအိမ်များကိုလည်း စစ်အာဏာရှင်တပ်က ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရှိရသည်။ […]

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူး ရယူ

Dawei Watch

April 3, 2026

စစ်အုပ်စု စိတ်ကြိုက်ပြင်ဆင်ကျင်းပသည့် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဧပြီလ ၃ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် မဲပေးရွေးချယ်လိုက် သည်။ စစ်ခေါင်းဆောင်ကို ပြည်သူ့လွှတ်တော် အစုအဖွဲ့ က ဒုသမ္မတအဖြစ် မတ်လ ၃၁ ရက်က ရွေးချယ်ခဲ့သည်။ အမျိုးသားလွှတ်တော်အစုအဖွဲ့ ကမူ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးကို ရွေးချယ်ခဲ့ပြီး စစ်အာဏာရှင်တပ်ကိုယ်စားလှယ် အစုအဖွဲ့က စစ်ကော်မရှင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ညိုစော ကို တင်မြှောက်ခဲ့သည်။ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကို မဲခွဲရွေးချယ်ဆုံးဖြတ်ကြရာ ဆန္ဒမဲ ၅၈၄ မဲအနက် စစ်ခေါင်းဆောင်က ၄၂၉ မဲ၊ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ၁၂၆ မဲ နှင့် ဒေါ်နန်းနီနီအေးက ၂၉ […]

ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ အဖြစ်များလာ

Dawei Watch

April 3, 2026

ထိုင်းနိုင်ငံတွင် နှစ်စဉ် ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာနေကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်အပါအဝင် ခရိုင်အများစုတွင် လေထုအရည်အသွေး PM 2.5 နှုန်းသည် သာမန်အဆင့်ထက် ကျော်လွန်နေပြီး ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ကို နှစ်စဉ် ကြုံတွေ့နေရကြောင်း ဖော်ပြသည်။ PM 2.5 ဆိုသည်မှာ လေထုထဲတွင် ၂ ဒသမ ၅ မိုင်ခရိုမီတာထက် သေးငယ်သော ဖုန်မှုန့်ပါဝင်မှုနှုန်းကို ဆိုလိုခြင်းဖြစ်ပြီး ယင်းဖုန်မှုန့်များက ထိုင်းပြည်သူ သန်းချီကို နှစ်စဉ် ကျန်းမာရေးထိခိုက်စေကြောင်း သတင်းတွင်ပါရှိသည်။ ထိုင်းနိုင်ငံ ကင်ဆာအဖွဲ့အစည်း၏ အချက်အလက်များအရ အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နေ့လျှင် ပျမ်းမျှ ၄၈ ဦးအထိ ရှိနေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ရောဂါရလာသော လူနာ […]

၇ နှစ်အရွယ်ကလေးကို သတ်ခဲ့သည့် မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိ

Dawei Watch

April 3, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မင်ဘူလီနယ်မြေတွင် အသက် ၇ နှစ်အရွယ် သမီးကို လည်ပင်းညှစ်သတ်ခဲ့သည်ဆိုသော မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကော့လန်းကျွန်းသည် ချွန်ဘူရီခရိုင် ပတ္တယားမြို့၏ တစ်ဖက်တွင်ရှိသော နာမည်ကြီးကျွန်းဖြစ်သည်။ အသက် ၇ နှစ်အရွယ် မဇူးဝတီထွန်းအမည်ရှိ မြန်မာကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ မိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် မမျိုးပပထွန်းကို ရဲတပ်ဖွဲ့က သံသယရှိသဖြင့် လူသတ်မှုဖြင့် ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ မမျိုးပပထွန်းသည် နေအိမ်မှ ထွက်ပြေးသွားခဲ့ရာမှ ရဲတပ်ဖွဲ့က ခြေရာခံ၍ ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ချွန်ဘူရီခရိုင် ကော့လန်းကျွန်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးမိခဲ့သည့် အဆိုပါမိခင်ဖြစ်သူ မမျိုးပပထွန်းက သမီးကို လည်ပင်းညှစ်၍ […]

ဟော်မုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်ပေးရန် ဗြိတိန်ဦးဆောင်သည့် ၃၅ နိုင်ငံ တောင်းဆို

Dawei Watch

April 3, 2026

အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ချွင်းချက်မရှိ ချက်ချင်းပြန်ဖွင့်ပေးရန် ဗြိတိန်ဦးဆောင်သည့် ၃၅ နိုင်ငံက ဧပြီလ ၂ ရက်နေ့က တောင်းဆိုလိုက်သည်။ ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဗြိတိန်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် အစည်းအဝေးမှတစ်ဆင့် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် နည်းလမ်းများကို ရှာဖွေရန် အမေရိကန် မပါဝင်သည့် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဗြိတိန်က ဖိတ်ခေါ်၍ အိမ်ရှင်အဖြစ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်အထိ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံထားရမှုနှင့် ပတ်သက်၍ ထူးခြားသည့် ဖြစ်ပေါ်တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးပေ။ ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းနှင့် ပတ်သက်၍ စုပေါင်းညှိနှိုင်း အရေးယူဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အဆိုပါ အစည်းအဝေးသို့ […]

ထားဝယ်တွင် ညဘက်ဆီတန်းစီသူများကို နှောက်ယှက်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

April 2, 2026

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်ရန် ညဘက် တန်းစီစောင့်ဆိုင်းနေသူများကို နှောက်ယှက်ခဲ့သည့် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ညတွင်းချင်း ဖမ်းဆီးသွားကြောင်း ကိုယ်တိုင်မြင်တွေ့ရသူများထံမှ သိရသည်။ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရွှေဝယ်သီရိ အားကစားကွင်းရှေ့DDPC 2 စက်သုံးဆီဆိုင်တွင် ဧပြီလ ၁ ရက်နေ့ ည ၈ နာရီခန့်က စက်သုံးဆီထည့်ရန် လာရောက်တန်းစီနေသော ဒေသခံများကို ဓားကိုင်ဆောင်လာသည့် အမျိုးသားနှစ်ဦးက လာရောက်နှောက်ယှက်ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတစ်ဦးက ပြောသည်။ “ခါးမှာ ဓားထိုးပြီး လူစောင့်ရှိတဲ့ ဆိုင်ကယ်တွေကို ဆိုင်ကယ်နောက်ဖုံး ဖွင့်ခိုင်းတယ်။ ဆီဆိုင်မှာ ညစောင့်အဖိုးကြီးကိုလည်း သွားရစ်တယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။ ထိုသို့ ခြိမ်းခြောက်နှောက်ယှက်နေသည်ကို ဆီလာရောက်တန်းစီနေသည့် မြို့ခံအမျိုးသားတစ်ဦးက ဝင်ရောက်တားဆီးရာမှ ပြဿနာဖြစ်ပြီး ထိုးကြိတ်ခဲ့သည်အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း […]

သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ

Dawei Watch

April 2, 2026

သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၂ရက် နေ့လယ် ၁၂ကျော်တွင် K8W ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးလေးလုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ K8W ဂျက်ဖိုက်တာနှစ်စီးသည် ပေါင် ၂၅၀ ဗုံးနှစ်လုံးစီ ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်အခြေအနေကို သိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ “ဂျက်ဖိုက်တာနဲ့ ရှေ့ဆင့်နောက်ဆင့် နှစ်စီးလာကြဲသွားတယ်။ ဝဲရစ်ကျေးရွာအနားကို ကျတယ်လို့တော့ သိရပါတယ်။ ထိခိုက်မှုကတော့ မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောဆိုသည်။ ဝဲရစ်ကျေးရွာသည် မြိတ်-ထားဝယ် ကားလမ်းပေါ်က ဝင်းဝရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြိတ်-ထားဝယ်လမ်းပေါ်ရှိ အရေးပါသည့် ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မတ်လ ၁၁ တွင် […]

မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝရွာကို စစ်အာဏာရှင်တပ်ပြန်ရောက်

Dawei Watch

April 2, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းရှိ ဝင်းဝကျေးရွာကို စစ်အာဏာရှင်တပ် ပြန်လည် ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် သတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် ရက် ၂၀ ခန့်အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ် ဝင်းဝရွာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “စကမတပ်တွေ ဝင်းဝရွာကိုပြန်ရောက်နေတာတော့ ဟုတ်ပါတယ်။ ပြန်ပြီးတပ်စွဲနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့တော့ ခန့်မှန်းရ ပါတယ်ဗျ။ ဝင်းဝရွာကို ရောက်လာတဲ့ မတ်လ ၃၁ ရက်နေ့ တုန်းကတော့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ရှိပါတယ်။ အခုတော့ ထပ်ဖြစ်နေတာ မရှိသေးပါဘူး။ ဒါပေမဲ့ စကမကတော့ လေကြောင်းနဲ့ နေ့စဥ်ဗုံးကြဲနေတုန်းပါ” မြေပြင်အခြေအနေကို သိသည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF […]