သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က ဒေသခံများ၏ ဆိုင်ကယ်များသိမ်းပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း
Dawei Watch
April 6, 2026သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရွာကို ရောက်နေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဒေသခံများ၏ ဆိုင်ကယ်များကို သိမ်းပြီး ပိုက်ဆံနှင့်ပြန်ရွေးခိုင်းသည်ဟု စစ်ရှောင်မိသားစုများထံက တစ်ဆင့်သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များ မတ်လ ၁၁ ရက်က တစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူထားသည့် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို စစ်အာဏာရှင်တပ်က ရက် ၂၀ ခန့်အကြာ မတ်လ ၃၁ ရက်တွင် ပြန်လည်ထိန်းချုပ်ထားသည်။ ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရွာများတွင် တပ်ဖြန့်ထားသည့် စစ်အာဏာရှင်တပ်က စစ်ရှောင်မိသားစုများ အပါအဝင် ဒေသခံများ၏ ဆိုင်ကယ်များနှင့် ကားအချို့ကို သိမ်းဆည်းယူဆောင်သွားပြီး ပိုက်ဆံနှင့်လာထုတ်ခိုင်းသည်ဟု ဂုံညှင်းဆိပ်ရွာက စစ်ရှောင်မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်တော်တော်များများ ယူသွားတယ်လို့ပြောတယ်၊ ချောင်းဝပြင်ရွာ ဘုန်းကြီးကျောင်းမှာစုထားပြီး […]


