ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးခံရသည့် မိသားစုဝင်ထံ လိုက်တွေ့သည့် မိခင်နှင့် အစ်မဖြစ်သူပါ ထပ်မံဖမ်းဆီးခံရ

Dawei Watch

April 6, 2026

မြိတ်မြို့တွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို နေအိမ်တွင် စစ်အာဏာရှင်တပ်သားများက လာရောက် ဖမ်းဆီးသွားသဖြင့် မိခင်နှင့် အစ်မဖြစ်သူ သွားရောက်တွေ့ဆုံရန် ကြိုးပမ်းစဉ် ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူ မိသားစုမှာ မြိတ်မြို့နယ်၊ ရမ်းဖိုကျေးရွာဒေသခံများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အသက် ၂၀ အရွယ် အမျိုးသမီးမှာ မြိတ်မြို့တွင် နေထိုင်သည် သုံးလခန့်သာရှိသေးပြီး ၎င်း၏ မိခင်နှင့် အစ်မ တို့မှာ ရမ်းဖိုကျေးရွာတွင် နေထိုင်ကြောင်း ဒေသခံများက ဆိုသည်။ ဧပြီလ ၂ရက်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများမှ ဖမ်းဆီးကြောင်း ရမ်းဖိုရွာဒေသခံတစ်ဦးက ပြောဆိုသည်။ ဧပြီလ ၃ရက်တွင် မိခင်နှင့် အစ်မတို့ ရမ်းဖိုရွာမှ မြိတ်မြို့သို့ လိုက်သွားရာ ရွှေပြည်တန် […]

ထားဝယ်တွင် အိမ်ထောင်သည်သုံးဦး စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

April 6, 2026

ထားဝယ်မြို့တွင် ဧပြီလ ၂ရက် ညပိုင်းက မြို့ခံ အိမ်ထောင်သည် အမျိုးသားသုံးဦး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြိုခံများထံမှ သိရသည်။ စစ်မှုထမ်းစုဆောင်းခံရသူသုံးဦးမှာ ထားဝယ်မြို့ပေါ်ရပ်ကွက် နှစ်ခုမှ ဖြစ်ကြပြီး နှစ်ဦးမှာ အသက် ၃၅ နှစ်အောက်ဖြစ်ကာ ကျန်တစ်ဦးမှာ ၃၅ နှစ်အထက်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါ အမျိုးသားသုံးဦးကို ညဘက် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။ “မြိတ် (စစ်မှုထမ်းသင်တန်းကျောင်း) ကိုတော့ မပို့သေးဘူး။ ၄၀၁ (ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင်ခြေမြန်တပ်ရင်း) ထဲမှာ ရှိနေတယ်။ ပါသွားတဲ့ တစ်ယောက်ကိုတော့ တွေ့ခွင့်ရဖို့ မိသားစုက ကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားသုံးဦးစလုံးသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း မြို့ခံအစ္စလာမ်အသိုင်းအဝိုင်းထံမှ သိရသည်။ ထားဝယ်တွင် စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်အာဏာရှင်တပ်၏ […]

ကားဖြင့်ဝင်တိုက်သည်ဟုဆိုကာ ရဟန်းတစ်ပါးကို စစ်အာဏာရှင်တပ်သားများ ပစ်ခတ်ဖမ်းဆီး

Dawei Watch

April 4, 2026

လောင်းလုံးမြို့တွင် လမ်းလျှောက်ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို ကားဖြင့်ဝင်တိုက်၍ ဟုဆိုကာ ကားမောင်းလာသည့် ရဟန်းကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ လောင်းလုံးမြို့နယ်၊ အင်းဇောက်တိုက်ကျောင်းမှ ရဟန်းတစ်ပါးသည် ယနေ့ (ဧပြီ ၄) နံနက်စောစောပိုင်းတွင် လောင်းလုံးအောက်ပိုင်းရှိ ကျေးရွာတစ်ရွာသို့ ကားမောင်း၍ ဆွမ်းစားကြွသွားကြောင်း၊ ယင်းကားမှာ လောင်းလုံးဆေးရုံအနီး ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်သားများကို ဝင်ရောက်တိုက်မိခဲ့ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပစ်ခံရ တဲ့ကား က အင်းဇောက် တိုက်ကျောင်းက ဘုန်းကြီးကပ္ပ ကားလို့သိရတယ်၊ ဘုန်းကြီး ဒဏ်ရာအခြေအနေကတော့ အသေးစိတ်မသိရသေးဘူး” ဟု အထက်ပါဒေသခံကပြောသည်။ စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ကားမှာ ပျက်စီးသွားခဲ့ပြီး ရဟန်းကိုမူ စစ်အာဏာရှင်တပ်က ယနေ့နံနက်ပိုင်းမှာပင် လောင်းလုံးမြို့မရဲစခန်းသို့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ […]

ထောက်ပို့ထီ ပထမနှင့် ဒုတိယဆု ထားဝယ်က ကံထူး

Dawei Watch

April 4, 2026

၂၇ ကြိမ်မြောက်အဖြစ် ဧပြီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် ထားဝယ်ခရိုင်ရှိ တော်လှန်ရေးတပ် ထီကိုယ်စားလှယ်များထံမှ ပထမဆု ကျပ်သိန်းတစ်ထောင်နှင့် ဒုတိယဆု ကျပ်သိန်းနှစ်ရာ ကံထူးကြောင်း ထောက်ပို့ထီအဖွဲ့ထံမှ သိရသည်။ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ကိုယ်စားလှယ်ယူ ရောင်းထားသည့်အထဲက ပထမဆု ကံထူးပြီး၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ကိုယ်စားလှယ် ယူရောင်းထားသည့်အထဲမှ ဒုတိယဆု ကံထူးကြောင်း ထောက်ပို့ထီအဖွဲ့ထံမှသိရသည်။ သံမဏိလိပ်ပြာတပ်ဖွဲ့က ကိုယ်စားလှယ်ယူ ရောင်းထားသည့်အထဲက 0006830 နံပါတ် ထီလက်မှတ် ဝယ်ယူကံစမ်း ထားသည့် လောင်းလုံးဒေသခံတစ်ဦး ပထမဆု ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပထမဆုအပါအဝင် အခြားဆုပေါင်း တစ်ရာကျော်လည်း ကံထူးခဲ့သေးကြောင်း ၎င်းက ဆိုသည်။ “ထောက်ပို့ထီကို ဘယ်အဖွဲ့ကပဲ လာရောင်းရောင်း […]

ထားဝယ်သို့ စက်သုံးဆီလာပို့သည့် ဆီသယ်ယာဉ်ကို လက်နက်ကိုင်တစ်စုကတား၍ ဆီများယူဆောင်

Dawei Watch

April 3, 2026

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောက်ဆာကားတစ်စီးကို လမ်းပိုင်းတွင် လက်နက်ကိုင်လူတစ်စုက တားဆီးပြီး စက်သုံးဆီများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ စက်သုံးဆီ တင်ဆောင်လာသည့် ဆီဘောက်ဆာကားမှာ ရန်ကုန်မြို့မှ ထားဝယ်မြို့သို့လာစဉ် မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရေဖြူမြို့နှင့် ထားဝယ်မြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက တားဆီးခဲ့ပြီး စက်သုံးဆီများ ထုတ်ယူခဲ့ကြောင်း ဆီလုပ်ငန်းရှင်နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ကားကိုတားပြီး လမ်းသွယ်ထဲ မောင်းခိုင်းတယ်၊ ဆီဖောက်ယူခဲ့ပြီး ညနေပိုင်းမှ ကားကို ပြန်လွှတ်လိုက်တယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။ အဆိုပါ ဆီဘောက်ဆာကားမှာ ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်သို့ ဆီလာပို့သည့်ကား ဖြစ်ကြောင်း သိရသည်။ ဆီဘောက်ဆာကားကို မည်သည့်လက်နက်ကိုင်အဖွဲ့က တားဆီးပြီး ဆီထုတ်ယူခဲ့သည် ဆိုသည်ကိုမူ မသိရသေးပေ။ “အသုံးလိုလို့ […]

ရမ်းဖိုရွာ ဥယျာဉ်ခြံများသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာ၍ စစ်ရှောင်များ ထပ်မံထွက်ပြေး

Dawei Watch

April 3, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ ဥယျာဉ်ခြံများအတွင်းသို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဥယျာဉ်ခြံများအတွင်း ပုန်းနေသော စစ်ဘေးရှောင်များနှင့် ခြံလုပ်သားများ ထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။ ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ စစ်အာဏာရှင်တပ်သားများသည် ဇဝဲရွာမှ ရမ်းဖိုရွာ ဥယျာဉ်ခြံများသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်များ ထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ဆိုသည်။ “မနက်ပိုင်းကတည်းက စစ်ကြောင်းထိုးနေလို့ စိုးရိမ်နေရတယ်။ ခြံထဲရှောင်နေတဲ့သူတွေ အကုန်ပြေးကုန်ပြီ။ စစ်ရှောင်ရင်း ထပ်ပြေးနေရတာပါ” ဟု အထက်ပါ စစ်ရှောင်က ပြောသည်။ စစ်အာဏာရှင်တပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်လာသဖြင့် ဥယျာဉ်ခြံထဲတွင် ကွမ်းသီးကောက်နေသည့် အလုပ်သမားများ၊ ကွမ်းသီးခြောက်ထုနေသည့် အလုပ်သမားများနှင့် ခြံပိုင်ရှင်များပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ […]

ကလိန်အောင်နှင့် ကံပေါက်တွင် ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းဖြင့် ဝယ်နေရ

Dawei Watch

April 3, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နှင့် ကံပေါက်တိုက်နယ်တို့တွင် မတ်လကုန်မှစ၍ ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီဆိုင်များတွင် တစ်လီတာလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးသော်လည်း လိုသလောက် ဝယ်ယူ၍မရသည့်အပြင် ဆီပြတ်လပ်မှု ကြုံတွေ့နေရသဖြင့် ပြင်ပစျေးကွက်တွင်သာ ဝယ်ယူနေရကြောင်း ၎င်းတို့က ဆိုသည်။ “ဆီက ဆိုင်မှာ ရှိသလောက်ပဲ ရောင်းပေးနေတာ။ တန်းစီလိုက်၊ ကုန်သွားလိုက်နဲ့ပဲ အချိန်ပြည့်မရဘူး။ တစ်ခါတန်းစီရင် ဆိုင်ကယ်တစ်စီး ငါးထောင်ကျပ်ဖိုး၊ ကားတစ်စီး နှစ်သောင်းငါးထောင်ကျပ်ဖိုးပဲ ပေးတယ်။ တစ်နေ့တစ်ခါပဲ တန်းစီရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူး။ ဆီကုန်ရင်တော့ အရောင်းရပ်လိုက်တယ်။ ငါးထောင်ဖိုးက လီတာဝက်လောက်ပဲ ရတယ်” ဟု ကလိန်အောင်မြို့မှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။ စက်သုံးဆီဆိုင်များ မဟုတ်ဘဲ ဆီစုဆောင်း၍ ပြင်ပတွင် ရောင်းချသူများထံ၌ ဝယ်ယူပါက ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းဖြင့် […]

စက်သုံးဆီအခက်အခဲကြောင့် မွန်တွင် သောက်ရေသန့်စျေးတက်

Dawei Watch

April 3, 2026

စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တွင် သောက်ရေသန့်လဲလှယ်ခ ၂၀လီတာတစ်ဘူးလျှင် ငါးရာကျပ် စျေးတက်ကြောင်း မြို့ခံများထံမှ သိရသည်။ မော်လမြိုင်တွင် ၂၀လီတာ သောက်ရေသန့်လဲလှယ်ခ တစ်ဘူးလျှင် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ ဧပြီလ ၁ရက်မှ စတင်ကာ ကျပ် နှစ်ထောင် ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။ စက်သုံးဆီ ပြတ်လပ်ပြီး စျေးမြင့်တက်လာခြင်းနှင့် အထွေထွေကုန်ကျစရိတ် မြင့်မားလာခြင်းတို့ကြောင့် သောက်ရေသန့် စျေးနှုန်း ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းက ကြေညာထား သည်။ “ရေသန့် ပို့တဲ့ကောင်လေးတွေက ဧပြီ ၁ ရက်နေ့ကစပြီး သောက်ရေသန့်တွေ စျေးတက်မယ်တဲ့။ တစ်ဘူး ၅၀၀ တက်မယ် တဲ့။ ဆီအခက်အခဲဖြစ်တော့ သူတို့လည်း စျေးလိုက်တက်ရတာ” ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မော်လမြိုင်မြို့နယ်အတွင်းတွင် […]