ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုင်းစစ်ကော်မရှင်ဝန်ကြီး အများစုဖြင့် တနင်္သာရီတိုင်းစစ်အစိုးရကို ပြန်လည်ဖွဲ့စည်း

Dawei Watch

April 7, 2026

တနင်္သာရီတိုင်း စစ်ကော်မရှင်တွင် ဝန်ကြီးတာဝန်ယူခဲ့သူ ငါးဦး၊ စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်သုံးဦးတို့ဖြင့် တိုင်းစစ်အစိုးရကို ဖွဲ့စည်းလိုက်သည်။ စစ်အုပ်စု၏ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးကို ဧပြီလ ၆ရက်တွင် တိုင်းလွှတ်တော်က အတည်ပြုခန့်အပ်ပြီးနောက် ယနေ့ ဧပြီလ ၇ရက်တွင် ဝန်ကြီးများကို ဆက်လက် အတည်ပြုခန့်အပ်ခြင်းဖြစ်သည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးသက်နိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဒေါက်တာဝင်းအောင်တို့ကို ခန့်အပ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးအောင်ကျော်ကျော်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးသိန်းလွင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးမင်းမင်းလတ်နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် စောမာတင်လူသာတို့ကို ခန့်အပ်ခဲ့သည်။ […]

အီရန်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ အကြီးဆုံးစက်မှုဇုန် မီးလောင်ပေါက်ကွဲ

Dawei Watch

April 7, 2026

စတုရန်းကီလိုမီတာ ၁၀၀၀ ကျော် ကျယ်ဝန်းသည့် အယ်လ်ဂျူဘေးလ်စက်မှုဇုန်မြို့သည် ဆော်ဒီအာရေဗျ၏ အဓိက ရေနံဓာတုနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ တည်ရှိရာ နေရာဖြစ်သည်။

စစ်အုပ်စုလူအများစုဖြင့် မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ကို ဖွဲ့စည်း

Dawei Watch

April 7, 2026

မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီး စုစုပေါင်း ၁၀ ဖြင့် ဖွဲ့စည်းလိုက်သည်။ စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို ခန့်အပ်ခဲ့ပြီး ဝန်ကြီးကိုးဦးတွင်လည်း စစ်အာဏာရှင်တပ်နှင့် စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစု နေရာယူထားသည်။ မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၇ခုအတွက် ဝန်ကြီး ၇ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး ပါဝင်သည်။ ဝန်ကြီးများ စာရင်းတွင် ကြံ့ခိုင်ရေးပါတီက ၆ ဦး၊ မွန်ညီညွတ်ရေးပါတီက ၂ ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ၁ ဦး ပါဝင်သည်။ စစ်ခေါင်းဆောင်က ဗိုလ်မှူးချုပ်အောင်ဝင်းသန်းအား ဝန်ကြီးချုပ်အဖြစ် ဧပြီလ ၆ရက်တွင် ပြည်နယ်လွှတ်တော်၌ အမည်စာရင်းတင်သွင်းရာ ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့သည်။ ယနေ့ ဧပြီလ ၇ရက်တွင်လည်း […]

စစ်ဘေးကြောင့် ထားဝယ်အတာအိုး ယခုနှစ်ရောင်းအားဆက်ကျ

Dawei Watch

April 7, 2026

ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲတို့ကြောင့် ထားဝယ်ဒေသထွက် သင်္ကြန်အတာအိုး ရောင်းအား ယခုနှစ်တွင်လည်း ဆက်လက်ကျနေဆဲဖြစ်ကြောင်း မြေထည်လုပ်ငန်းဖြင့် အသက်မွေးသည့် ထားဝယ်ဒေသခံများက ပြောသည်။ အတာအိုးကို ထားဝယ်မြို့ရှိ အိုးလုပ်ရပ်ကွက်တွင် အဓိက ထုတ်လုပ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်နှင့် မြိတ်၊ ကော့သောင်း ခရိုင်များအထိ ကုန်လမ်း၊ ရေလမ်းတို့ဖြင့် ဖြန့်ဖြူးရောင်းချလေ့ရှိကြသည်။ ယခုနှစ် ဖေဖော်ဝါရီလကတည်းက ထားဝယ်-မြိတ်ကားလမ်းတွင် တိုက်ပွဲပြင်းထန်ကာ ကားလမ်းပိတ်လိုက် ဖွင့်လိုက် ဖြစ်နေသဖြင့် ကားလမ်းမှ အတာအိုးသယ်ယူရန် အဆင်မပြေတော့ကြောင်း ထားဝယ်မြို့က မြေထည်ရောင်းသူတစ်ဦးက ပြောဆိုသည်။ ရေလမ်းဖြင့် ပို့ပါကလည်း အတာအိုး တစ်ခြင်းလျှင် ပစ္စည်းတင်ခ ကျပ်ငါးသောင်းဝန်းကျင် အထိရှိလာသဖြင့် ယခုနှစ်တွင် မြိတ်နှင့် ကော့သောင်းဘက်က အတာအိုး ဝယ်ယူသည့် ပမာဏ ထက်ဝက်ကျော် လျော့ကျသွားကြောင်း ၎င်းက ဆိုသည်။ […]

အမေရိကန်၏ ယာယီအပစ်ရပ်မည့် ကမ်းလှမ်းချက် အီရန် ပယ်ချ

Dawei Watch

April 7, 2026

ပါကစ္စတန်မှတစ်ဆင့် အမေရိကန်က အဆိုပြုလာသည့် စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်နှင့် ပတ်သက်၍ အီရန်ဘက်က ယာယီအပစ်ရပ်ရေးကို ပယ်ချခဲ့ပြီး စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန်သာ လိုအပ်ကြောင်း ဧပြီလ ၆ ရက်နေ့က တုံ့ပြန်ခဲ့သည်ဟု အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြသည်။ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးရန် ဖိအားပေးမှုများကို အီရန်ဘက်က ဆန့်ကျင်ပယ်ချလိုက်ပြီး ရေရှည်တည်တံ့သည့် စစ်ပွဲအဆုံးသတ်ရေးကို လိုအပ်ကြောင်း အီရန်ဘက်က ဆိုသည်။ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်၏ အဆိုပြုအစီအစဉ်ကို အီရန်ဘက်မှ တုံ့ပြန်ချက်တွင် အချက် ၁၀ ချက် ပါဝင်သည်။ ယင်းတို့တွင် ဒေသတွင်း ပဋိပက္ခများ ရပ်တန့်ရေး၊ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေး၊ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပါဝင်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဆက်လက်ဖော်ပြသည်။ […]

လောင်စာဆီ ၅၇ သန်းကျော် ပျောက်ဆုံးမှု ဖော်ထုတ်နိုင်ပြီဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

April 7, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဆီသိုလှောင်ရုံများသို့ မရောက်လာဘဲ ပျောက်ဆုံးနေသော ဆီလီတာ ၅၇ သန်းကျော်သည် ပင်လယ်ပြင်တွင် ခိုးယူသယ်ထုတ်ခြင်းခံရခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ ပျောက်ဆုံးနေသော လောင်စာဆီများသည် ပင်လယ်ပြင်ရှိ ဆီတင်သင်္ဘောကြီးများပေါ်မှတစ်ဆင့် သင်္ဘောငယ်များပေါ်သို့ ၉၆ ခေါက်အထိ သယ်ထုတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားမျှတမှုဝန်ကြီး Rutthapon Naowarat က ဧပြီလ ၆ ရက်နေ့က ပြောသည်။ လောင်စာဆီများသည် သတ်မှတ်နေရာသို့ မရောက်လာဘဲ အခြားနေရာအသီးသီးသို့ ရောက်သွားကြောင်း ဝန်ကြီးက ပြောသော်လည်း ရောက်ရှိသွားသောနေရာအသေးစိတ်နှင့် ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန် လောင်စာဆီများ ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့က အပြင်းအထန် စုံစမ်းနေခြင်းဖြစ်သည်။ စုံစမ်းမှုအရ စူရတ်ဌာနီခရိုင်အတွင်း လောင်စာဆီ လီတာ ၂၁၇ သန်းကို သယ်ယူပို့ဆောင်ရာတွင် […]

အစ္စရေးက အီရန်၏ အကြီးဆုံးရေနံဓာတုစက်ရုံကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

April 6, 2026

အစ္စရေးနိုင်ငံက အီရန်နိုင်ငံရှိ အဓိက သဘာဝဓါတ်ငွေ့သိုလှောင်ရာ South Pars ဓါတ်ငွေ့လုပ်ကွက်ရှိ ရေနံဓာတုစက်ရုံကြီးကို ယနေ့တွင် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ South Pars ဓါတ်ငွေ့လုပ်ကွက်ဆိုသည်မှာ ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့သိုလှောင်ရာ နေရာတစ်ခုဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံက မျှဝေသုံးစွဲနေသော နေရာလည်းဖြစ်သည်။ နိုင်ငံ၏ အကြီးဆုံး ရေနံဓါတုစက်ရုံကြီး တိုက်ခိုက်ခံရကြောင်းနှင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးအစောင့်တပ်က နှစ်ဦး သေဆုံးကြောင်း အီရန်ဘက်က အတည်ပြုထားသည်။ အဆိုပါတိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ အဓိကဝင်ငွေကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်ကြောင်း အစ္စရေးဘက်က ပြောသည်။ တိုက်ခိုက်ခံရသော South Pars ဓါတ်ငွေ့လုပ်ကွက်သည် အီရန်နိုင်ငံ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားကို မဖွင့်ပေးပါက လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ […]

ထိုင်းမြောက်ပိုင်း ခရိုင်များတွင် မိုးစရွာ၊ တောမီးမရှို့ကြရန် သတိပေး

Dawei Watch

April 6, 2026

လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်နေသော ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့် လမ်ဖွန်ခရိုင်များတွင် ယနေ့ ညနေပိုင်း၌ မိုးစတင် ရွာသွန်းပြီဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သည်။ ချင်းမိုင်ခရိုင်ရှိ အုံးကွန်၊ ဟွတ်၊ မယ်အိုင်း၊ မယ်ကျန်း၊ ကျွန်ထွန်းတို့တွင်လည်းကောင်း ချင်းရိုင်ခရိုင်ရှိ မယ်ဆွိုင်၊ ချင်းရိုင်မြို့တွင်လည်းကောင်း၊ လမ်ဖွန်ခရိုင်ရှိ ဘန်းဟော့တွင်လည်းကောင်း ယနေ့ညနေပိုင်းတွင် မိုးစတင်ရွာသွန်းပြီဖြစ်ကြောင်း သိရသည်။ ချင်းမိုင်ခရိုင်ရှိ အုံးကွန်ဒေသတွင် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်တွင် မိုးစတင်ရွာသွန်းခဲ့ပြီး လေပြင်းနှင့် လျှပ်စီးလက်ခြင်းများလည်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းပြီးနောက် အုံးကွန်ဒေသရှိ တောမီးလောင်နေမှုနှင့် လေထုညစ်ညမ်းမှုကို သိသိသာသာ သက်သာကျဆင်းသွားစေခဲ့ကြောင်း သိရသည်။ ယနေ့ ညနေပိုင်းတွင် မိုးရွာသွန်းစေရန်အတွက် ယနေ့နံနက်နှင့် နေ့လယ်ပိုင်းတွင် အာဏာပိုင်များက လေယာဉ်ငယ် ၇ စီးဖြင့် ချင်းမိုင်၊ […]