ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Dawei Watch

April 9, 2026

ကော့သောင်းမြို့နယ်မှ ခမောက်ကြီးမြို့နယ်သို့ ချောင်းတစ်လျှောက် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၇ ရက် နေ့လယ် ၂ နာရီတွင် ကော့သောင်းမြို့နယ်မှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ရေလမ်းမှ ခမောက်ကြီးမြို့နယ် မလိဝမ်းချောင်း၊ ဒေသအခေါ် (တိုက်ဖြူ) တွင် စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေလမ်းအတိုင်း တက်လာသည့် စစ်ကောင်စီတပ်၏ သစ်သားလှေကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားများ အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု […]

ထားဝယ်မုန့်လက်သုပ်စျေးတက်၊ တစ်ပွဲ ၁,၅၀၀ ကျပ်

Dawei Watch

April 9, 2026

ထားဝယ်ဒေသတွင် စက်သုံးဆီစျေး မြင့်တက်နေမှုကြောင့် ထားဝယ်ရိုးရာ မုန့်လက်သုပ်လည်း စျေးထပ်တက်သွားပြီး တစ်ပွဲ တစ်ထောင့်ငါးရာကျပ် ဖြစ်လာကြောင်း စျေးကွက်အတွင်းမှသိရသည်။ ယခင်က ထားဝယ်ရိုးရာ မုန့်လက်သုပ်တစ်ပွဲ ၁,၀၀၀ ကျပ်သာ ရှိရာမှ ယခု မတ်လ နောက်ဆုံးပတ်ကစပြီး အနည်းဆုံး ၁,၅၀၀ ကျပ် ဖြစ်လာခြင်းဖြစ်သည်။ စက်သုံးဆီစျေး တက်နေမှုကြောင့် မုန့်လက်သုပ်တစ်ပွဲတွင် မဖြစ်မနေပါရသည့် အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည့် မုန့်တီဖတ် စျေးအပါအဝင် အခြားပါဝင်ပစ္စည်းများ စျေးတက်ခြင်းကြောင့် စျေးတက်လာရခြင်းဖြစ်ကြောင်း ထားဝယ်မုန့်လက်သုပ် ရောင်းချသူအချို့၏ ပြောကြားချက်အရ သိရသည်။ “မုန့်ဘန့် (မုန့်တီဖတ်) တင်မဟုတ်ဘူး၊ ရှိသမျှအကုန် စျေးတက်နေတာ” ဟု ထားဝယ်မြို့ရှိ မုန့်လက်သုပ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ထားဝယ်မုန့်လက်သုပ်တွင် မုန့်တီဖတ်၊ ကြက်သွန်နီနှင့် ငါးဒွန်းခြင်းငါးတို့မှာ အဓိကပါဝင်ပစ္စည်းများဖြစ်သည်။ ထားဝယ်မုန့်လက်သုပ်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် မုန့်တီဖတ်မှာ […]

ဟော်မုဇ်ရေလက်ကြားတွင် ပျောက်ဆုံးနေသော ထိုင်းသင်္ဘောသားသုံးဦး သေဆုံးကြောင်း အတည်ပြု

Dawei Watch

April 9, 2026

ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံရသော ထိုင်းကုန်တင်သင်္ဘောပေါ်က ပျောက်ဆုံးနေသော သင်္ဘောသားသုံးဦး သေဆုံးပြီဖြစ်ကြောင်း ထိုင်းအစိုးရက ဧပြီလ ၈ ရက်နေ့က အတည်ပြုထုတ်ပြန်သည်။ အိုမန်နိုင်ငံအနီး ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံရသော ထိုင်းအလံတင် Mayuree Naree သင်္ဘောပေါ်က ပျောက်ဆုံးနေသော သင်္ဘောသားသုံးဦး သေဆုံးပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က အတည်ပြုပြောဆိုသည်။ ထိုင်းအလံတင် Mayuree Naree သင်္ဘောသည် ယူအေအီးနိုင်ငံဆိပ်ကမ်းက ထွက်ခွာလာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် မတ်လ ၁၁ ရက်နေ့က ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်ခံရစဉ် အင်ဂျင်ခန်းထဲတွင် အလုပ်လုပ်ကိုင်နေသော သင်္ဘောသားသုံးဦး ထိမှန်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် ထိုင်းသင်္ဘောသား ၂၃ ဦး လိုက်ပါလာပြီး သင်္ဘောသား၂၀ ဦးကို အိုမန်ရေတပ်က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ […]

အီရန်အနီး ကန်စစ်သင်္ဘောနှင့် လေယာဉ်များ ဆက်ထားမည်ဟု ထရမ့်ပြော

Dawei Watch

April 9, 2026

အီရန်နိုင်ငံအနီးတဝိုက်တွင် အမေရိကန်စစ်သင်္ဘောများနှင့် လေယာဉ်များကို ဆက်လက်တပ်စွဲထားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၈ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် ရရှိထားသော သဘောတူညီချက်များကို အီရန်ဘက်က အပြည့်အဝ လိုက်နာခြင်းမရှိပါက အမေရိကန်ဘက်က တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟုလည်း ၎င်းက ခြိမ်းခြောက်သည်။ “စစ်မှန်တဲ့ သဘောတူညီချက်ကို (အီရန်ဘက်က) အပြည့်အဝ လိုက်နာဆောင်ရွက်လာချိန်အထိ အမေရိကန် စစ်သင်္ဘော‌ တွေ၊ လေယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေကို ခဲယမ်းမီးကျောက် လက်နက်အင်အားအပြည့်အစုံနဲ့ အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ ဆက်လက်ထားရှိသွားမှာပါ” ဟု သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ “ဖြစ်နိုင်ခြေ သိပ်နည်းပေမယ့် တကယ်လို့ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် လိုက်နာမှု မရှိခဲ့ရင် အရင်က ဘယ်သူမှ မမြင်ဖူးလောက်အောင် ပိုကြီးမားပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ စတင်ပါမယ်” […]

သံဖြူဇရပ်တွင် စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော်တိုက်ခိုက်

Dawei Watch

April 9, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါတပ်တော်က ထုတ်ပြန်သည်။ ထင်းရှူးကျေးရွာတွင် အင်အား ၆၀ ကျော်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို ယမန်နေ့ ဧပြီလ ၈ရက် နံနက် ၄ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ကြကြောင်း ဒေသခံများကက ပြောသည်။ “တိုက်ခိုက်ခံရတဲ့နေရာက အရင်က ရဲတွေပဲ ရှိတယ်။ ခဏခဏ တိုက်ခိုက်ခံရတော့ နောက်ပိုင်း စစ်တပ်တွေပါ ရောက်လာ ကြတယ်။ သူတို့လူ များတယ်။ အတည်တကျပဲ စခန်းချပြီး နေနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ တပ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု […]

ဝင်းဝစခန်းအနီးဝန်းကျင်ရှိ စုံစင်ဖျားရွာကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ရွာအချို့ကို စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်

Dawei Watch

April 9, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းတွင် တည်ရှိသည့် ဝင်းဝစခန်းအနီးဝန်းကျင်ရှိ စုံစင်ဖျားကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ဧပြီလ ၇ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၄ နာရီခန့်တွင် K8W ဂျက်တိုက်လေယာဉ်ဖြင့် စုံစင်ဖျားရွာကို ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ စုံစင်ဖျားရွာသည့် ဝင်းဝစခန်း၏ မြောက်ဘက်တွင်တည်ရှိပြီး မျဉ်းအဖြောင့်တိုင်းလျှင် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ဧပြီလ ၈ ရက်ကလည်း ကနက်သီရိရွာအနောက်ဘက် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်အဏာရှင်တပ် စစ်သင်္ဘောက သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းက ကျေးရွာများကို လက်နက်ကြီးဖြင့် အလုံးရေ […]

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် ထိတွေ့တိုက်ပွဲဖြစ်

Dawei Watch

April 9, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ မရမ်းချောင်းရွာအဝင်တွင် ယနေ့ ဧပြီလ ၉ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ လာသည့်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ နံနက် ၉ နာရီဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှု စဖြစ်ပြီး ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ငယ်အသံတွေရော၊ လက်နက်ကြီးအသံတွေရော ကြားရတယ်။ မရမ်းချောင်းအဝင်မှာ ဖြစ်သွားတာ။ ကော့လှိုင်ရွာဘက်က တက်လာတဲ့ စစ်တပ်စစ်ကြောင်းအဝင်မှာ ပစ်ခံရပြီး အပြန်အလှန်ပစ်ကြတာ” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းသည် ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရှိသည်။ တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်မှု အခြေအနေများကို မေးမြန်းရန် မွန်၊ ကရင်၊ ထားဝယ် […]

မွန်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆစျေးတက်

Dawei Watch

April 8, 2026

စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆခန့်အထိ မြင့်တက်လာကြောင်း ကုန်ပစ္စည်းပို့သူအချို့ထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးမြင့်တက်နေသောကြောင့် ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသလို အနယ်နယ် အရပ်ရပ်သို့ ကုန်ပစ္စည်းတန်ဆာခလည်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။ “ဆီအခက်အခဲဖြစ်လို့ ဆီ‌စျေးတက်လို့ဆိုပြီး တန်ဆာခတွေ အသားကုန်တောင်းတာ၊ ပို့နေကြ တစ်သောင်း၊ နှစ်သောင်းလောက်က အခု ရှစ်သောင်း၊ တစ်သိန်းအထိ တောင်းကြတာ။ ကုန်ပစ္စည်းတွေ စျေးတက်တာလည်း မပြောနဲ့တော့” ဟု ကုန်ပစ္စည်းပို့သူတစ်ဦးက ပြောသည်။ ကားခ၊ ကုန်ပစ္စည်းပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “ကားခတွေ တက်လာတော့ ပစ္စည်းတွေကလည်း စျေးလိုက်တက်ရတာပေါ့လေ။ အခု သင်္ကြန်လည်း နီးလာပြီးဆိုတော့ စျေးနှုန်းတွေက […]