ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရလည်း နိုင်ငံရေးလောကမှ အနားယူမည် မဟုတ်ကြောင်း နေတန်ညာဟု ပြော
Dawei Watch
December 8, 2025သမ္မတထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့လျှင်လည်း နိုင်ငံရေးနယ်ပယ်မှ အနားယူမည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဒီဇင်ဘာလ ၇ ရက်နေ့က ပြောကြားလိုက်သည်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါက နိုင်ငံရေးနယ်ပယ်မှ အနားယူရန် အစီအစဉ်ရှိ/မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးချုပ်နေတန်ညာဟုက ယင်းသို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။ နေတန်ညာဟုသည် အဂတိလိုက်စားမှုအပြင် ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ခ်ထံ ပြီးခဲ့သည့်လက တောင်းဆိုခဲ့သည်။ တရားရုံးသို့ မကြာခဏ သွားရောက်နေရခြင်းက နေတန်ညာဟု၏ အုပ်ချုပ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေကြောင်း ၊ ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက နိုင်ငံအတွက် ကောင်းကျိုးရှိမည် ဖြစ်ကြောင်း နေတန်ညာဟု၏ ရှေ့နေများက ဆိုသည်။ အစ္စရေးနိုင်ငံ၌ ပုံမှန်အားဖြင့် တရားဥပဒေလုပ်ငန်းစဉ်များ ပြီးဆုံး၍ စွပ်စွဲခံရသူ၌ ပြစ်မှုထင်ရှားကြောင်း […]


