သထုံနှင့် ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၁ ဦး လွတ်မြောက်
Dawei Watch
November 27, 2025မွန်ပြည်နယ်အတွင်းရှိ သထုံနှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူများထံမှ သိရသည်။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးတွင် ကျိုက်မရောအကျဉ်းထောင်မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား ၅ ဦး ဖြစ်သည်။ “လက်ရှိ သိထားသလောက်ကတော့ မွန်မှာက ကျိုက်မရောနဲ့ သထုံအကျဉ်းထောင်က ၁၁ ဦး လွတ်လာတယ်။ မော်လမြိုင်ထောင်က လွတ်လာတာ မရှိသေးဘူး။ ထပ်လွတ်လာတာ ရှိသေးလာတော့ စာရင်းအတိအကျ မရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။ စစ်ကော်မရှင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ […]


