ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ပြည်နယ်တွင် စက်သုံးဆီဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံရ

Dawei Watch

April 1, 2026

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်ကို စစ်ကော်မရှင်က ယာယီပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကိုလည်း အရေးယူထားကြောင်း သိရသည်။ ယာယီပိတ်သိမ်းခံရသည့် စက်သုံးဆီအရောင်းဆိုင်များသည် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love – 01 စက်သုံးဆီအရောင်းဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Purma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီအရောင်းဆိုင်တို့ ဖြစ်သည်။ ယာယီပိတ်သိမ်းခံရသည့် စက်သုံးဆီ အရောင်းဆိုင်များသည် ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကြောင့်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ “ဆီဆိုင်တွေကို ကိုင်တွယ်သင့်နေတာကြာပေါ့။ ကျန်တဲ့ဆိုင်တွေကိုလည်း စိစစ်ပြီး အရေးယူသင့်တယ်။ တချို့ဆိုင်တွေဆို တန်းစီနေတဲ့လူတွေကို မဖြစ်စလောက်လေးရောင်းပေးပြီးတော့ မှောင်ခိုစျေးနဲ့ ထုတ်ရောင်းနေကြတာ။ တချို့ဆိုင်ဆိုရင်လည်း […]

အီရန်စစ်ပွဲ နှစ်ပတ်၊ သုံးပတ်အတွင်း အဆုံးသတ်နိုင်ဟု ထရမ့် ဆိုပြန်

Dawei Watch

April 1, 2026

အီရန်အပေါ် ၎င်းတို့၏ စစ်ဆင်ရေးများကို နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၃၁ ရက်နေ့တွင် ပြောဆိုလိုက်ပြန်သည်။ လက်ရှိ ပဋိပက္ခများ လျော့ပါးရပ်တန့်သွားရေးအတွက် အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ရယူစရာ မလိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။ အီရန်စစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များမှာ မကြာခဏ ပြောင်းလဲနေပြီး ရှေ့နောက်မညီ ဖြစ်နေကြောင်း ယခု နောက်ဆုံးထွက်ပေါ်လာသည့် သမ္မတထရမ့်၏ မှတ်ချက်က မီးမောင်းထိုးပြနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲမှာ လက်ရှိတွင် ရက်သတ္တပတ်ငါးပတ်ထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ အီရန်စစ်ပွဲမှ အမေရိကန်ဆုတ်ခွာမှုမှာ နှစ်ပတ်အတွင်း သို့မဟုတ် နှစ်ပတ်မှ […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့် ရွာနှစ်ရွာကို တိုက်ခိုက်

Dawei Watch

March 31, 2026

တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနှင့် ပဝပိန်းတောကျေးရွာတို့ကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ပြီး ပဝပိန်းတောကျေးရွာတွင် နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၃၁ရက် နံနက် ၁၀နာရီတွင် စစ်အာဏာရှင်တပ် ဇဝဲကျေးရွာအခြေစိုက် ၅၅၆ခြေမြန်တပ်ရင်းက ကာမီကာဇေ ဒရုန်းနှစ်စီးဖြင့် သာရဖုံရွာနှင့် ပဝကျေးရွာအုပ်စုရှိ ပဝပိန်းတောကျေးရွာတို့ကို တိုက်ခိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပဝပိန်းတောရွာရှိ သစ်သားအိမ်တစ်ဆောင် မီးလောင်သွားပြီး လူထိခိုက်မှုမရှိကြောင်း ပဝကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ “ရွာထဲ ဒရုန်းလာကျတော့ အကုန်ပြေးကုန်တယ်။ ထပ်လာချမှာစိုးရိမ်တော့ မီးမငြှိမ်းလိုက်နိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း နှစ်စီးပြိုင်တူတက်လာပြီး သာရဖုံရွာတွင် တစ်စီးကျကာ ကျန်တစ်စီးမှာ ပဝရွာတွင် ကျကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။ သာရဖုံရွာတွင် နေအိမ်အနီးတွင် […]

ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး၏ စက်သုံးဆီဆိုင်ကို စစ်ကော်မရှင် ယာယီပိတ်သိမ်း

Dawei Watch

March 31, 2026

ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ Apex စက်သုံးဆီဆိုင်ကို စစ်ကော်မရှင်က ယာယီပိတ်သိမ်း အရေးယူလိုက်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မွန်ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၁၇ ဆိုင်အား စစ်ကော်မရှင်က ယာယီပိတ်သိမ်းကြောင်း ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်ရာ၌ ဦးခင်စိုး ပိုင်ဆိုင်သည့် Apex စက်သုံးဆီ အရောင်းဆိုင်လည်း ပါဝင်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီဆိုင်အား ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။ Apex Gas & Oil Public Co., Ltd. သည် မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Apex Group အောက်တွင်ရှိသည်။ Apex Group ကို ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးက […]

ဝင်းဝစခန်းအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ် နှစ်စင်းဖြင့် တစ်ပြိုင်တည်း ဗုံးကြဲ

Dawei Watch

March 31, 2026

သရက်ချောင်းမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူထားသည့် ဝင်းဝစခန်းအနီးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ များကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် နှစ်စင်းထက်မနည်း အသုံးပြုကာ ယနေ့ နံနက်က ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။ မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝစခန်းကိုး အနီးဝန်းကျင်နှင့် ဝဲရစ်၊ သိမ်ကုန်းကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မတ်လ ၃၁ ရက် နံနက် ၉နာရီခန့်တွင် K8W တိုက်လေယာဉ် နှစ်စင်းဖြင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ပြီး နံနက် ၁၁ နာရီကျော်တွင်လည်း K8W တိုက်လေယာဉ်တစ်စင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုနှင့် စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် ထိခိုက်၊ […]

စစ်ခေါင်းဆောင်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို ဒုသမ္မတအဖြစ်ရွေးချယ်

Dawei Watch

March 31, 2026

စစ်အုပ်စု စိတ်ကြိုက်ပြင်ဆင်ကျင်းပသည့် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်သည်။ စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။ ယမန်နေ့ မတ်လ ၃ဝရက်က ပြည်သူ့လွှတ်တော်တွင် စစ်ခေါင်းဆောင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ ယနေ့တွင် မဲပေးရွေးချယ်ရာ စစ်ခေါင်းဆောင်က မဲအနိုင်ရ၍ ဒုသမ္မတဖြစ်လာသည်။ ပြည်သူ့လွှတ်တော်ရှိ ဆန္ဒမဲ ၂၆၃ မဲအနက် စစ်ခေါင်းဆောင် ၂၄၇ ဖြင့် ဒေါက်တာကျော်ဆွေကို အနိုင်ရခဲ့သည်။ အမျိုးသားလွှတ်တော်တွင်မူ ကချင်ပြည်နယ်ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနာမ်တူးဂျာနှင့် […]

အမေရိကန် လေထီးတပ်သားထောင်ချီ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

Dawei Watch

March 31, 2026

အမေရိကန်စစ်တပ်၏ ထိပ်တန်း အမှတ် (၈၂) လေထီးတပ်မက တပ်ဖွဲ့ဝင်ထောင်နှင့်ချီ အရှေ့အလယ်ပိုင်းဒေသသို့ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို မတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။ အဆိုပါ လေထီးတပ်သားများသည် အရှေ့အလယ်ပိုင်းဒေသတွင်းသို့ ကြိုတင်စေလွှတ်ထားသည့် အမေရိကန် ရေတပ်သားများ၊ မရိန်းတပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့် ပူးပေါင်းမည်ဖြစ်သည်။ ယင်းလေထီးတပ်ဖွဲ့ဝင်များအား မည်သည့်နေရာသို့ အတိအကျ စေလွှတ်မည်ဆိုသည်ကို အဆိုပါ အမေရိကန်အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရသည်။ အီရန်စစ်ပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို စဉ်းစားသုံးသပ် နေချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားထောင်ချီ ထပ်မံစေလွှတ်ရန် ထရမ့်အစိုးရက စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာနက မတ်လ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဖော်ပြခဲ့သည်။ […]

မွန်တွင် စိုက်ပျိုးရေးသမားများ ရေတင်စက်ဖြင့် ဆီတန်းစီနေရ

Dawei Watch

March 31, 2026

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်မရသည့် အခက်အခဲကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ ရေတင်စက်များဖြင့် ဆီတန်းစီဝယ်ယူနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ စက်သုံးဆီကို စုံ၊ မ စနစ်ဖြင့်သာ ဝယ်ယူရမည့်အပြင် ပုံး၊ ပီပါဖြင့် လုံးဝ ရောင်းချခြင်း မပြုလုပ်ရန် စစ်ကော်မရှင် ကန့်သတ်လိုက်ပြီးနောက် စိုက်ပျိုးရေးသမားများအတွက် စက်သုံးဆီဝယ်ယူရရှိရေး အခက်အခဲကြုံတွေ့ နေရသည်။ စိုက်ပျိုးရေးသမားများအတွက် မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာဖြင့် ဆီဝယ်ယူ ရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း စိုက်ပျိုးရေးလုပ်ကိုင်နေသူများက ဆိုသည်။ ဆီရရှိရန် စိုက်ပျိုးရေးသမားအများစုက ပြင်ပမှောင်ခိုစျေးကွက်တွင် စျေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေကြရကြောင်း ၎င်းတို့က ပြောဆိုသည်။ လက်ရှိတွင် ပြင်ပစျေးကွက်၌ စက်သုံးဆီ တစ်လီတာလျှင် ကျပ် နှစ်သောင်းနီးပါးအထိ ‌မြင့်တက်နေသည့်အတွက် မတတ်နိုင်သည့်အခြေအနေ ဖြစ်နေကြောင်း ၎င်းဆို့က […]