ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် စက်သုံးဆီစျေး ယနေ့ ထပ်တက်

Dawei Watch

March 27, 2026

ပြင်ပမှောင်ခိုစျေးကွက်တွင်မူ တစ်လီတာ ကျပ်နှစ်သောင်းအထိ ပေးဝယ်နေရပြီး ၂၂၀လီတာဆန့် ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်း ၂၀ ကျော် စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထားဝယ်တွင် စက်သုံးဆီတန်းစီနေသည့် အဘိုးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မူးမေ့

Dawei Watch

March 27, 2026

ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်တို့တွင် မတ်လ ပထမပတ်ကစပြီး စက်သုံးဆီဝယ်ယူရန် လူတန်းရှည်ဖြင့် တန်းစီစောင့်ဆိုင်းချိန် အပူရှိန်ကြောင့် မူးမေ့လဲကျသူ အမျိုးသမီးငါးဦးနှင့် အမျိုးသားနှစ်ဦးအထိ ရှိလာပြီဖြစ်သည်။

အမေရိကန်ဒေါ်လာပေါ်တွင် ထရမ့်လက်မှတ် ရိုက်နှိပ်ဖော်ပြမည်

Dawei Watch

March 27, 2026

အမေရိကန်ငွေစက္ကူများပေါ်တွင် သမ္မတဒေါ်နယ်ထရမ့်၏ လက်မှတ်ကို ယခုနှစ်အတွင်း စတင်ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းမှာ အမေရိကန်သမိုင်းတစ်လျှောက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်တွင် ပထမဆုံးအကြိမ် ရိုက်နှိပ်ခြင်း ဖြစ်လာမည် ဖြစ်သည်။ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် အမေရိကန်ငွေစက္ကူများကို ဒီဇိုင်းအသစ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်သည်။ ယင်းသို့ ထုတ်ဝေရာတွင် နှစ်ပေါင်း ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဘဏ္ဍာရေးမှူး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်မှ ချန်လှန်ထားတော့မည် ဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေးမှူးသည် ဘဏ္ဍာရေးဝန်ကြီးထံ တိုက်ရိုက်အစီရင်ခံရသူဖြစ်ပြီး ငွေစက္ကူနှင့် တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရို၊ ဒင်္ဂါးသွန်းလုပ်ရေးလုပ်ငန်းနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ သမ္မတထရမ့်နှင့် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်တို့၏ လက်မှတ်များပါဝင်သည့် ပထမဆုံး […]

မြိတ် သကန်တောင်ပုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ရွာသားတစ်ဦးဒဏ်ရာရ

Dawei Watch

March 26, 2026

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ပြီး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အိမ်လည်းပျက်စီးပြီး လူလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

မွန်တွင် အပူရှပ်ပြီး ဆေးရုံ၊ ဆေးခန်းရောက်သူများလာ၊ ဆီတန်းစီသူများ အထူးဂရုစိုက်ရန်တိုက်တွန်း

Dawei Watch

March 26, 2026

အပူရှိန်မြင့်တက်လာပြီးနောက် သတိလစ်ခြင်း၊ အပူရှပ်ခြင်းကြောင့် မော်လမြိုင်တွင် ဆေးရုံ၊ ဆေးခန်းတို့တွင် တက်ရောက် ဆေးကုမှု ခံယူရသူလည်း အများအပြားရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပါလက်စတိုင်းများအား နှိပ်စက်ညှင်းပန်းရန် ကမ္ဘာကြီးက အစ္စရေးကို လိုင်စင်ပေးထားဟု ကုလကျွမ်းကျင်သူဆို

Dawei Watch

March 26, 2026

ပါလက်စတိုင်းပြည်သူများကို နှိပ်စက်ညှင်းပန်းရန် ကမ္ဘာကြီးက အစ္စရေးအား လိုင်စင်ပေးထားကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတစ်ဦးက မတ်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများရှိ ပြည်သူများ၏ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အဆက်မပြတ် တရစပ် ဆင်းရဲဒုက္ခခံစားနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ ဖရန်ဆက်စကာ အယ်လ်ဘာနီးစ်က နှိပ်စက်ညှင်းပန်းမှုမှာ အစ္စရေး၏ နိုင်ငံတော်မူဝါဒသဖွယ် လက်တွေ့ဖြစ်လာနေကြောင်း ဆိုသည်။ “အစ္စရေးကို လက်တွေ့မှာ ပါလက်စတိုင်းပြည်သူတွေကို ညှင်းပန်းနှိပ်စက်ဖို့ လိုင်စင်ပေးထားတာပဲ။ ဘာကြောင့်လဲဆိုတော့ ရှင်တို့ အစိုးရတွေနဲ့ ဝန်ကြီးတွေက ဒါကို ခွင့်ပြုထားလို့ပဲ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ၎င်း၏‌ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းနေစဉ်အတွင်း သူမက ပြောကြားခဲ့သည်။ အစ္စရေးက […]

စစ်ပွဲအဆုံးသတ်ရေး အမေရိကန် အဆိုပြုချက်အပေါ် အီရန် သုံးသပ်နေဟုဆို

Dawei Watch

March 26, 2026

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်၏ ကမ်းလှမ်းချက်ကို သုံးသပ်နေဆဲ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မတ်လ ၂၅ ရက်နေ့က ပြောဆိုလိုက်သည်။ သို့ရာတွင် ပိုမိုကျယ်ပြန့်လာနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခကို လျှော့ချရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ အမေရိကန်နှင့် ဆွေးနွေးမည့်အရေးကို အီရန်အရာရှိများက အစောပိုင်းတွင် လူသိရှင်ကြား ပယ်ချကန့်ကွက်ခဲ့သေးသည်။ အမေရိကန်နှင့် ဆွေးနွေးမည့်အရေး အီရန်ဘက်မှ အစောပိုင်းတုံ့ပြန်မှုများမှာ အနုတ်လက္ခဏာဆောင်နေသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ၏ ယခု နောက်ဆုံးထွက်ပေါ်လာသည့် ပြောကြားချက်အရ အီရန်ဘက်မှ တောင်းဆိုချက်များ ပြည့်ဝပါက စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးလိုသည့် ဆန္ဒရှိနေကြောင်း အရိပ်အယောင်ပြနေသည်။ ကြားခံနိုင်ငံများမှတစ်ဆင့် အပြန်အလှန်သတင်းစကားဖလှယ်ခြင်းက အမေရိကန်နှင့် ဆွေးနွေးမှု ပြုလုပ်နေသည်ဟု မဆိုလိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက အစိုးရပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ “သူတို့ […]

ထိုင်းတွင် လောင်စာဆီဈေးထပ်တက်၊ တစ်လီတာ ဘတ် ၄၀ ကျော်လာ

Dawei Watch

March 26, 2026

အရှေ့အလယ်ပိုင်းစစ် မဖြစ်မီက ဓါတ်ဆီ 91 နှင့် 95 ဈေးနှုန်းများသည် တစ်လီတာလျှင် ၂၉ ဘတ်ကျော်သာရှိနေခဲ့ရာမှ ယနေ့တွင် တစ်လီတာ ဘတ် ၄၀ ကျော်အထိဆက်တိုက် တက်လာခြင်းဖြစ်သည်။