ထားဝယ်တွင် စက်သုံးဆီတန်းစီနေသည့် အမျိုးသမီး မူးမေ့လဲကျ
Dawei Watch
March 24, 2026ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မတ်လ ၂၃ ရက်က ဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မတ်လ ၂၃ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲလမ်းဆုံရှိ Petro Green စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် မော်တော်ဆိုင်ကယ်ဖြင့် တန်းစီစောင့်ဆိုင်းနေသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ မေ့လဲကျသွားခြင်းဖြစ်သည်။ “မနေ့က ညနေပိုင်းမှ ဆီစရောင်းတော့ လူတွေက မွန်းလွဲ ၂ နာရီလောက်ကတည်းက တန်းစီစောင့်နေကြတယ်။ လူနာက မေ့လဲသွားတာပေါ့နော်၊ အရေးပေါ်ကားနဲ့ လာတင်သွားတယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းကလည်း ထားဝယ်မြို့၊ ကမြောကင်းလမ်းရှိ DDPC စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် […]


