မောတောင်ဒေသခံများမှာ စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ စပါးရိတ်နေရ
Dawei Watch
November 29, 2025ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများမှာ အန္တရာယ်ကြားမှ စပါးရိတ်သိမ်းနေရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ယနေ့ထိ သိန်ခွန်းရွာနှင့်သဲဖြူရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်နေသဖြင့် ခက်ခက်ခဲခဲ စပါးရိတ်သိမ်းနေရကြောင်း အမှတ် ၈ ကျေးရွာ တောင်ယာစပါး စိုက်ပျိုးသူတစ်ဦးက ဆိုသည်။ လေယာဥ်တက်လာသည့် အသံကြားပါက တစ်နေရာတွင်ဝပ်ပြီး လေယာဥ်ပြန်သွားပါက စပါးပြန်ထွက်ရိတ်ရကြောင်း၊ စပါးကို ရိတ်သိမ်းချိန်တွင် မရိတ်သိမ်းပါက စပါးများမှည့် ကြွေကုန်သဖြင့် အန္တရာယ်ကြားမှ ရိတ်သိမ်းနေရကြောင်း ၄င်းက ဆိုသည်။ “လေကြောင်းကြောက်လို့ တောထဲမှာ လာရှောင်တယ်။ တောထဲကနေ လေယာဉ်သံနားထောင်ပြီး အပြင်ထွက်တဲ့ကားတွေနဲ့ လမ်းကြုံလိုက်ပြီး ရသလောက်တော့ သွားရိတ်နေတယ်။ အခုရှောင်နေတဲ့နေရာကနေ […]


