တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်
Dawei Watch
February 24, 2026ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။ တနင်္သာရီနှင့် မွန်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ မြို့တွင်းရပ်ကွက်အချို့နှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် မိုးရွာကြောင်း ဒေသခံများထံမှ […]


