စစ်အာဏာရှင်တပ်က သရက်ချောင်းကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ခန့်ထွက်ပြေးနေရ
Dawei Watch
February 23, 2026သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ခန့် ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို၊ နောက်ထပ်စစ်ကြောင်းတစ်ခုမှာလည်း သရက်နှစ်ခွရွာတံတား စစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ဘက်သို့ ဦးတည်ကာ ဖေဖော်ဝါရီလ ၁၉ ရက်ခန့်မှစကာ စစ်ကြောင်းထိုးနေကြောင်း ၎င်းတို့က ဆိုသည်။ စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ်အတွင်းရှိ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်းနှင့် ညောင်ဇင်ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ “တိုက်ပွဲဖြစ်တာမရှိဘူး၊ စစ်တပ်ဘက်က တစ်ဖက်သတ်ပစ်ပြီး စစ်ကြောင်းထိုးနေတာ။ မနေ့ကဆိုရင် ဆူညံပွတ်လောရိုက်နေတာပဲ။ ညက သရက်နှစ်ခွမှာအိပ်တယ်၊ ဒီနေ့မနက် ညောင်ဇင်ဘက်ကို […]


