ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ပျောက်နေသည့် ကလေးငယ် သုံးရက်အကြာတွင် အလောင်းပြန်တွေ့

Dawei Watch

February 21, 2026

မြိတ်မြို့တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းကို ခြောက်တစ်ခင်းရပ်ကွက်၊ ချမ်းမြေ့သာယာဘုန်းကြီးကျောင်းအနီးရှိ ချောင်းတွင်တွေ့ရှိကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။ ခြောက်တစ်ခင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၁နှစ်နှင့် ၈လအရွယ် သမီးငယ်တစ်ဦးသည် ဆော့ကစားနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပျောက်ဆုံးသွားသည့် ကလေးငယ်သည် အမွှာညီအစ်မ နှစ်ဦးအနက် အကြီးသမီးငယ်ဖြစ်ပြီး ပျောက်ဆုံးပြီးနောက် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၀ရက်တွင် ချောင်းတွင် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကလေးငယ်၏ ရုပ်အလောင်းကို မြိတ်မြို့ခံ နာရေးကူညီမှုအသင်းတစ်ခုဖြစ်သည့် ဝဋံသကအသင်းက ရင်ခွဲရုံသို့ ပို့ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “အလောင်းပေါ်နေတယ်ဆိုပြီး ရဲတွေက ဆက်သွယ်ပြီး အကူအညီတောင်းလို့ သွားဆယ်ပြီး ရင်ခွဲရုံပို့ပေးတာပါ။ အကြောင်းစုံကတော့ မသိရဘူး” […]

တနင်္သာရီတွင် တိုက်ပွဲမဖြစ်ဘဲ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်

Dawei Watch

February 21, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၀ရက်တွင် စစ်အာဏာရှင်တပ်က သာရဖုံရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းတွေက ရွာထဲကျတယ်။ (လူနဲ့ နေအိမ်အဆောက်အအုံ) ထိခိုက်မှု မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာမရှိဘူး” ဟု ၎င်းက ပြောသည်။ ဇဝဲကျေးရွာအခြေစိုက် ၅၅၆တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။ ယင်းအပြင် ဇဝဲကျေးရွာအုပ်စု ဆန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်ရှိ စစ်အာဏာရှင်တပ်ကလည်း လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “လက်နက်ကြီးတွေက ရွာထဲမှာလည်း ကျတယ်။ ရွာပြင်မှာလည်း […]

ကန်တရားရုံးချုပ်က ဟန့်တားပြီးနောက် ကမ္ဘာလုံးဆိုင်ရာသွင်းကုန်စည်းကြပ်ခွန်အသစ် ထရမ့်ကြေညာ

Dawei Watch

February 21, 2026

ယခင် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်ခွန်များ တရားမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် ကမ္ဘာ့နိုင်ငံအားလုံးသို့ သွင်းကုန်စည်းကြပ်ခွန်အသစ် ၁၀ ရာခိုင်နှုန်း ပြင်ဆင်ချမှတ်ကြောင်း သမ္မတထရမ့်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကြေညာလိုက်သည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာသွင်းကုန်စည်းကြပ်ခွန်အသစ်သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသော်လည်း ဥပဒေကြောင်းအရ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ယခု သွင်းကုန်စည်းကြပ်ခွန်အသစ် ချမှတ်ရာတွင် သမ္မတထရမ့် အသုံးပြုထားသည့် ဥပဒေတွင် သမ္မတ သတ်မှတ်သည့် စည်းကြပ်ခွန်သည် ရက်ပေါင်း ၁၅၀ သာ အကျုံးဝင်သည်ဟု ကန့်သတ်ထားသည်။ သို့ရာတွင် သမ္မတထရမ့်က “ကျွန်တော်တို့ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ဆိုကာ ယင်းဥပဒေပါ ကန့်သတ်ချက်နှင့် ပတ်သက်သည့် မေးခွန်းကို ပယ်ချခဲ့သည်။ အစဉ်အလာအရ သွင်းကုန်စည်းကြပ်ခွန်ကဲ့သို့သော […]

ကျိုက်ထိုတွင် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အရေးပေါ်အကူအညီလို

Dawei Watch

February 21, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ် အင်အား ၅၀၀ ခန့်သည် ဖေဖော်ဝါရီလ ၇ ရက်ကစပြီး ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဝင်းကံ ကျေးရွာအုပ်စုနှင့် ဖိုးဝါးသိမ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းများနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၁၀ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲကတော့ အခုအချိန်မှာ ပြင်းထန်နေတာမျိုးတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ အခုချိန်ထိ နေရပ် မပြန်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသတွေမှာ စစ်တပ်က အခုအချိန်အထိ အထိုင်ချထားတဲ့ပုံစံမျိုးနဲ့ ရှိနေတော့ ရွာသားတွေက ပြန်ဖို့က အဆင်မပြေသေးဘူး” ဟု […]

အီးစီးကရက် (Vape) ရောင်း၊ဝယ်၊သုံးသူများ အရေးယူမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

Dawei Watch

February 21, 2026

အီလက်ထရောနစ် စီးကရက် (Vape) နှင့် ရှီရှား (အီလက်ထရောနစ် အငွေ့ရှူစက်) ဆက်စပ်ပစ္စည်းများကို ရောင်း၊ဝယ်၊သုံးစွဲပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ကြေညာသည်။ ယင်းအမိန့်ကို ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမိန့်ကြေညာစာတွင် အီးစီးကရက်နှင့် ရှီရှား အသုံးပြုရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းအားလုံးကို တင်သွင်းတင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်းတို့ကို အရေးယူမည်ဟု ဖော်ပြထားသည်။ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် […]

သရက်ချောင်း၊ ဝင်းဝစခန်းတိုက်ပွဲတွင် KNLA တပ်ခွဲမှူးစောဘဦးသစ် ကျည်ထိမှန်သေဆုံး

Dawei Watch

February 21, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဖိုးသောကြာ (ခေါ်) စောဘဦးသစ် ကျည်ထိမှန်သေဆုံးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဝင်းဝစခန်းအနီးကို စစ်အာဏာရှင်တပ်က K8W ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ KNLA တပ်ခွဲမှူး စောဘဦးသစ်မှာ ဗုံးစထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်းဝစခန်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ကလည်း လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ […]

ရေဖြူ ရလိုင်ကျေးရွာကို စစ်အာဏာရှင်တပ် ညဘက် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

February 20, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညတွင် စစ်အာဏာရှင်တပ်က လက်နက်ကြီး ဖြစ်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်၏ အရှေ့ဘက်ခြမ်း၌ရှိသော စစ်အာဏာရှင် အမြောက်တပ်ရင်း အမတ ၃၀၄ က ည ၉နာရီနှင့် ၁၀ နာရီ ကြားတွင် ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ရလိုင်ကျေးရွာကို လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ရလိုင်ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် လူထိခိုက်မှု မရှိကြောင်း ဒေသခံ အမျိုးသားသမီးတစ်ဦးက ဆိုသည်။ “အိမ်တွေကို မီးရှို့ပြီးကတည်းက လက်နက်ကြီးနဲ့ ပစ်တာ အခုပထမဆုံးပဲ”ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် တိုက်ပွဲမရှိဘဲ ရလိုင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ […]

သရက်ချောင်းမြို့နယ်က ကျေးရွာငါးရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 20, 2026

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ငါးရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံအချို့က ပြောသည်။ ယခုရက်ပိုင်းအတွင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်သလို ဖေဖော်ဝါရီလ ၁၉ရက်တွင် နှစ်ဖက် ပစ်ခတ်သံများ ကြားရပြီးနောက် ယခုကဲ့သို့ ဗုံးကြဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ချောက်ချောင်းရွာအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ စုံစင်ဖျား၊ ပြင်းဖြူသား ကျေးရွာ အနီးဝန်းကျင်များကိုလည်း Y12 လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ “စစ်ကောင်စီက ရေတပ်သင်္ဘောတွေကလည်း အဆက်မပြတ် လက်နက်ကြီးတွေနဲ့ […]