သင်္ကြန်မတိုင်မီဖွဲ့မည့် မြန်မာအစိုးရအဖွဲ့သစ်တွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်ချုပ်တို့ ပါဝင်မည်ဟု ထိုင်းဆို
Dawei Watch
February 19, 2026စစ်ကော်မရှင်၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အသစ်တွင် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောသည်။ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ပါဝင်လာမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဖွဲ့ဖို့ရှိနေသည်ဟု စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew တို့နှစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် စစ်ကော်မရှင်က စီစဉ်သည့် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စု ကိုးကားလေ့ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး မရှိဘဲ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသာရှိသည်။ ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံတွင် မပါသည့် […]


