ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

February 18, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာနှင့် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ကနက်သီကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ကနက်သီရိကျေးရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “လူထိခိုက်တာတော့ မရှိဘူး။ အိမ်နှစ်လုံးတော့ ထိခိုက်ပျက်စီးတယ်။ ဘာကြောင့် လာကြဲလဲဆိုတာလဲ မသိဘူး၊ ဒီဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် နံနက် ၁၀ နာရီခန့်တွင်လည်း မင်းဒပ်ရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောဆိုသည်။ “အခုပဲ ဗုံးနှစ်လုံး လာကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ […]

သီရိလင်္ကာတွင် လွှတ်တော်အမတ်များ ပင်စင်ခံစားခွင့် ဖျက်သိမ်း

Dawei Watch

February 18, 2026

သီရိလင်္ကာနိုင်ငံတွင် လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလ ၁၇ ရက်က လွှတ်တော်အတွင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် မဲပေးအတည်ပြုလိုက်သည်။ ယင်းမှာ လက်ရှိအာဏာရ မာ့စ်ဝါဒီယိမ်းအစိုးရ၏ ရွေးကောက်ပွဲအကြို ကတိကဝတ်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။ လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဥပဒေကြမ်းကို အဖွဲ့ဝင် ၂၂၅ ဦးပါဝင်သော လွှတ်တော်အတွင်း ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ မဲခွဲချိန်တွင် လွှတ်တော်တက်ရောက်ခြင်း မရှိခဲ့ကြပေ။ သီရိလင်္ကာတွင် ယခင်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ပြီးပါက ပင်စင်ခံစားခွင့် ရှိခဲ့သည်။ အင်္ဂါနေ့က အတည်ပြုလိုက်သည့် ဥပဒေသစ်အရ လက်ရှိပင်စင် ရရှိနေသူများ သို့မဟုတ် ပင်စင်ရရှိရန် သတ်မှတ်ချက် ပြည့်မီသူများ အားလုံးကို […]

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ယနေ့ စဖွင့်

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီ စသော ခရိုင် ၅ ခုတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်သည်။ ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် […]

စစ်အာဏာရှင်တပ်က ကွမ်းသီးခြောက်တင်လာသည့် ကားနှစ်စီးကို ဖမ်းဆီးလိုက်၍ ကွမ်းသီးဝယ်သူနည်းလာ

Dawei Watch

February 18, 2026

ကွမ်းသီးခြောက်တင်ဆောင်သွားသည့် ကားနှစ်စီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ကွမ်းသီးခြောက်အဝယ်နည်းလာကာ စျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များကို မြိတ်မြို့သို့ ပို့ဆောင်ရန် တင်ဆောင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဇဝဲကျေးရွာအုပ်စုရှိ ရွာသုံးရွာတွင် ဝယ်ယူသူနည်းပါးသွားကာ စျေးနှုန်းလည်း ကျဆင်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဇဝဲကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာ၊ ဆင်ဒင်ရွာနှင့် ဇဝဲရွာတို့တွင် ကွမ်းသီးခြောက် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ “ကွမ်းသီးတွေကို ကားသမားတွေကလည်း တင်ဆောင်ဖို့ မရဲတရဲ ဖြစ်နေကြတယ်။ ဖမ်းခံရတဲ့ကားကလည်း တကူဘက်က ကွမ်းသီးတွေ တင်လာတာမို့လို့ ဖမ်းတယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက […]

ပုလော မင်းပြင်ရွာတွင် သရက်သီးသွားကောက်စဉ် ရွာသားနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် ရွာသားသုံးဦး သရက်သီးသွားကောက်စဥ် လမ်းတွင် မိုင်းနင်းမိပြီး နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၄ရက်တွင် မင်းပြင်ရွာအနီးတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံသုံးဦးသည် ရွာတွင် သရက်သီး သွားကောက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ မရခဲ့ကြောင်း ၎င်းက ဆိုသည်။ “အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းတယ်။ တစ်ဦးက ဒဏ်ရာနည်းတယ်။ ခြေတွေမှာ ထိသွားကြတယ်။ နီးစပ်ရာ ဆေးခန်းကို ပို့ပေးလိုက်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ပလမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက စစ်အာဏာရှင်တပ်သည် မကြာခဏသလို မင်းပြင်ရွာတွင် ဝင်‌ရောက်တပ်စွဲလေ့ ရှိပြီး တစ်ကြိမ်တပ်စွဲလျှင် […]

မဟာချိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး တံတားပေါ်က ခုန်ချ၍ သေဆုံး

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးသည် တံတားပေါ်က ခုန်ချ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက မြန်မာအမျိုးသမီးတစ်ဦးသည် မဟာချိုင်ဒေသ ထာ့ချလုံဆိပ်ခံတံတားပေါ်က ထာ့ချင်းမြစ်ထဲသို့ ခုန်ချခဲ့သဖြင့် စမွတ်စခွန်ကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက် ရှာဖွေခဲ့ကြကြောင်း သိရသည်။ ခုန်ချသူသည် အသက် ၄၆ နှစ်အရွယ် မခင်မိုးလွင်ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် အလောင်းကို ရေပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း သတင်းများအရသိရသည်။ လက်ရှိတွင် မြန်မာအမျိုးသမီး မြစ်ထဲ ခုန်ချခဲ့သည့် အကြောင်းအရင်းကို မသိရသေးဘဲ မိမိကိုယ်ကို အဆုံးစီရင်မှုဟု ကနဦး သတ်မှတ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ Ref: Samut Sakhon News, စမွတ်စခွန် လူမှုကူညီရေးအသင်း

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၀ကျော် ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းဆို

Dawei Watch

February 18, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တွင် တပ်စွဲနေသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် စစ်အာဏာရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီတွင် နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တို့ကို တစ်ပြိုက်နက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု လေးနာရီ ကြာမြင့်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကို ယာယီသိမ်းဆည်းရမိခဲ့ပြီး ဘုရားမဲဂိတ်ကို သိမ်းဆည်းရခါနီးတွင် စစ်အာဏာရှင်တပ် စစ်ကူစစ်ကြောင်း ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁ဦးကို ဖမ်းဆီးရမိပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင်များလည်း ထွက်ပြေး ကြကြောင်း ဆိုသည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးကြောင်း ဒူရကစစ်ကြောင်း […]

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဖြတ်ပိုင်းဖြင့်အလှူခံမှု ဝေဖန်ခံရ၊ နားလည်မှုလွဲခြင်းဟု တက္ကသိုလ်ဘက်ကပြော

Dawei Watch

February 17, 2026

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ယာဥ်ဝင်ခွင့်လက်မှတ်နှင့်အတူ မြို့ခံ ပရဟိတအသင်းတစ်ခု၏ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်းအပေါ် ဘွဲ့ယူလာသူများနှင့် ကျောင်းသားကျောင်းသူများအကြား ဝေဖန်မှုရှိခဲ့သည်။ ၁၆ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။ “ထိပ်မှာ (အဝင်ပေါက်) က တစ်ခါကောက်တယ်။ ကားထားတဲ့နေရာမှာက တစ်ခါကကောက်တယ်။ သဒ္ဓါ (ပရဟိတအဖွဲ့) က ကောက်တယ်လို့ ပြောတယ်” ဟု ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဘွဲ့နှင်းသဘင်တက်ခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။ ဘွဲ့နှင်းသဘင်တွင် ပရဟိတအဖွဲ့က ဖြတ်ပိုင်းပေးပြီး အလှူငွေ ကောက်ခံခြင်းသည် မသက်ဆိုင် မဆီလျော်ကြောင်း လူမှုကွန်ရက်တွင် ဘွဲ့ယူကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံအချို့က ဝေဖန်ကြသည်။ အလှူငွေကောက်ခံမှုနှင့်ပတ်သက် ဝေဖန်မှုများရှိနေသည့်အပေါ် သဒ္ဓါပရဟိတအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ တက္ကသိုလ်ဘက်သို့သာ မေးမြန်းရန် ပြောဆိုခဲ့သည်။ […]