ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားတွင် တစ်လခွဲအတွင်း တီဘီရောဂါကူးစက်ခံရသူ နှစ်ထောင်ကျော်လာသဖြင့် သတိပေးချက်ထုတ်

Dawei Watch

February 16, 2026

မလေးရှားနိုင်ငံတွင် တစ်လခွဲအတွင်း တီဘီရောဂါ ကူးစက်ခံရသူ ၂၅၀၀ ကျော်အထိ ရှိလာသဖြင့် ပြည်သူများ သတိထား နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း တီဘီရောဂါပိုး ကူးစက်ခံရသူ ၅၀၃ ဦးအထိ ရှိလာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၇ရက်အထိ တစ်နိုင်ငံလုံးတွင် ၂၅၇၁ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။ Sabah ပြည်နယ်တွင် တီဘီရောဂါ ကူးစက်ခံရသူ ၆၁၄ ဖြင့် အမြင့်ဆုံးဖြစ်နေပြီး ဆယ်လန်ဂေါပြည်နယ်တွင် ၄၇၆ ဦး၊ ဆာရာဝက်ပြည်နယ်တွင် ၂၅၇ ဦး၊ ဂျိုဟာပြည်နယ်တွင် ၂၃၃ ဦးနှင့် ကွာလမ်လမ်ပူနှင့် ပူတရာဂျာရာတွင် […]

ဗြိတိန်တွင် ကလေးများ ဘေးမဖြစ်ရန် AI Chatbot များကို နှိမ်နင်းမည်

Dawei Watch

February 16, 2026

ကလေးငယ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် AI Chatbots များကို အရေးယူနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အသိပေးပြောဆိုလိုက်သည်။ အရွယ်မရောက်သေးသူများ အင်တာနက်အသုံးပြုမှုကို ထိန်းညှိကန့်သတ်နိုင်ရေးကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံပြောကြားခဲ့သည်။ AI အသုံးပြု၍ ဖန်တီးထားသည့် ဥပဒေနှင့် မညီသည့် စက်ဆုပ်ဖွယ်ကောင်းသော အကြောင်းအရာများကို ပစ်မှတ်ထား အရေးယူမည် ဖြစ်ကြောင်း ဗြတိန်ဝန်ကြီးချုပ်ရုံးက ဆိုသည်။ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ရေးနှင့် ပတ်သက်၍ လူထုသဘောထား တောင်းခံမှုမှ ထွက်ပေါ်လာသည့် ရလဒ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်များ ရရှိရေးကိုလည်း တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ “နည်းပညာက အင်မတန် လျင်လျင်မြန်မြန် တိုးတက်နေတာကြောင့် ဥပဒေတွေကလည်း […]

တနင်္သာရီ လယ်သစ်ရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

February 16, 2026

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်တွင် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာ လယ်သစ်ရွာအနောက်ဘက် ဥယျာဥ်ကမ်းသို့ ကျရောက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “၅ပတ်‌လောက် (လေယာဥ်) လာဝဲပြီးတာနဲ့ ကြဲပြီ။ (တိုက်ပွဲ) ပွဲက ဖြစ်လိုက်နားလိုက်ပဲ။ ဒီနေ့တော့ မဖြစ်သေးဘူး။ (ဗုံးကြဲတာကြောင့်) ထိခိုက်တာတော့ မသိရသေး” ဟု ၎င်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သို့သော် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ […]

တိုက်ပွဲဖြစ်နေသည့် ထားဝယ်နည်းပညာတက္ကသိုလ်အနီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 16, 2026

နှစ်ဖက်တိုက်ပွဲဖြစ်နေသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ နည်းပညာတက္ကသိုလ်အနီးကို ယနေ့ နံနက် ၁၀ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆နာရီခန့်မှစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ “နည်းပညာကျောင်းနားတစ်ဝိုက်ကို လေယာဥ်နဲ့ပါ ချသွားတယ်။ ရဲအိုင် ၊ ပဒိုင်းချောင်း (ကျေးရွာ) ဖက်ကိုလည်း ကြဲခဲ့သေးတယ်။ သေနတ်နဲ့လည်း ပစ်ချသေးတယ်” ဟု တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု နောက်ဆက်တွဲ အခြေအနေတို့ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ စစ်အာဏာရှင်တပ်က Y 12 လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက […]

ဗီယက်နမ်တွင် Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုစရန် ခွင့်ပြု

Dawei Watch

February 16, 2026

အီလွန်မတ်ပိုင် SpaceX ကုမ္ပဏီ၏ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ဗီယက်နမ်နိုင်ငံအတွင်း စတင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖော်ပြသည်။ Starlink ၏ ဗီယက်နမ်အခြေစိုက်လုပ်ငန်းခွဲအနေဖြင့် နိုင်ငံအတွင်း အထိုင်စနစ်နှင့် ရွေ့လျားစနစ်သုံး ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုနှစ်မျိုးစလုံး ပေးအပ်နိုင်ရေးအတွက် ဗီယက်နမ်အစိုးရ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ယင်းလုပ်ငန်းခွဲအား ရေဒီယိုဆက်သွယ်ရေးပစ္စည်းကိရိယာများ အသုံးပြုခွင့်လိုင်စင်ကိုလည်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ၏ ပထမဆုံး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ခေါင်းဆောင် တိုလမ်၏ ခရီးစဉ်မတိုင်မီ ယခု ခွင့်ပြုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းခရီးစဉ်အား ဗီယက်နမ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ပျောက်ဆုံးနေပြီး တစ်လကြာအထိ ရှာမတွေ့

Dawei Watch

February 16, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ပျောက်ဆုံးနေပြီး တစ်လကြာသည်အထိ အဆက်အသွယ်မရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၁၇ နှစ်အရွယ် ကိုရဲထွဋ်ဦးသည် ဇန်နဝါရီလ ၁၆ ရက်က စမွတ်ပရကန် ပါနန်းဒေသတွင် အလုပ်လုပ်ကိုင်နေစဉ် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ ပျောက်ဆုံးပြီး တစ်လအကြာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အထိ အဆက်အသွယ် လုံးဝ မရရှိသေးသဖြင့် မိသားစုဝင်က စိုးရိမ်စိတ်ပူနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူက ပျောက်သွားတာ တစ်လကြာပြီလေ။ သူ့ဖုန်းကို ဆက်တော့လည်း အဆက်အသွယ်မရဘူး။ ပုလိပ် (ထိုင်းရဲ) ဖမ်းသွားတာလား။ အခြားနေရာ ထွက်သွားတာလား။ တစ်ခုခုဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ လုံးဝ ဆက်သွယ်လို့ […]

ထားဝယ်မြို့အနီး မောင်မယ်ရှောင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

Dawei Watch

February 16, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် အစောပိုင်းကစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည် ။ နံနက် ၆ နာရီ ခန့်မှစ၍ ပစ်ခတ်သံများစကြားရပြီး ၉ နာရီဝန်းကျင် အထိ ပစ်ခတ်သံများကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်ဘက်မှ ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ရွာသားတစ်ဦးက ဆိုသည်။ ထားဝယ်မြို့နယ် ဇဟာရွာနှင့် ရေဖြူမြိူ့နယ် ကျောက္က်ညှာရွာရှိ စစ်အာဏာရှင်တပ် အမြောက်တပ်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ပြောဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ မောင်မယ်ရှောင်ရွာသည် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းကြောင့် ရွာသားများ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ရွာလုံးကျွတ် နေရပ်စွန့်ခွာ နေရသည့် […]

ဘုတ်ပြင်းရှိ ရွာဟေ့လူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိဟုဆို

Dawei Watch

February 15, 2026

ဘုတ်ပြင်းမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ရွာဟေ့လူရွာအခြေစိုက် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်း တပ်တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘုတ်ပြင်းပကဖထံမှ သိရသည်။ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ရွာဟေ့လူကျေးရွာရှိ ထိုင်းမြန်မာနယ်စပ်တွင် စစ်အာဏာရှင်တပ်ကို သွားရောက်ပစ်ခတ်ရာက မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ဆိုသည်။ “ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျတယ်။စကစတွေဘက်မှာတော့ ကျွန်တော်တို့မျက်မြင် နှစ်ဦးသေဆုံးနေတာ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ ကျဆုံးတဲ့ရဲဘော်ကို သယ်ပြီးကျွန်တော်တို့လည်း တပ်ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ထိုင်း-မြန်မာနယ်စပ်ရှိ ရွာဟေ့လူရွာတပ်စခန်းကို ဘုတ်ပြင်းပကဖ၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ ၂ နှင့် KTLA(ဗိုလ်ချုပ်မြအထူးတပ်ရင်း)တို့က […]