ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ၊ သဲချောင်းအုပ်စုတွင် အမျိုးသမီးတစ်ဦးကို ပျူစောထီးများ ဖမ်းဆီးသွားပြီးနောက် သေဆုံး

Dawei Watch

February 15, 2026

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က ပျူစောထီးများ ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် သဘွတ်ချောင်းရွာမှ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးစုငယ် (ခ) ဦးနောင်ကြီး၏ ခယ်မ (၎င်းညီ၏ဇနီး) တော်စပ်သူ အသက် ၃၅ နှစ်အရွယ် မခိုင် ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်က မခိုင်ကို သဘွတ်ချောင်းရွာ ပျူစောထီးအဖွဲ့က ပျူစောထီးခေါင်းဆောင်နေအိမ်၌ ရွှေပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု စွပ်စွဲကာ မခိုင်၏နေအိမ်၌ပင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူ့ (ဦးစုငယ် (ခ) ဦးနောင်ကြီး) ညီမိန်းမကိုပဲ ရွှေပျောက်တဲ့ကိစ္စနဲ့ စွပ်စွဲပြီးဖမ်းတာ။ ရွှေက သုံးကျပ်သားလောက် ပျောက်တယ်ကြားရတယ်။ သူ့တပည့်တွေလွှတ် ပြီး […]

တနင်္သာရီ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ် နေအိမ်များကိုမီးရှို့

Dawei Watch

February 15, 2026

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ‌ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူတို့က ပြောသည်။ မြိတ်မြို့မှ လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လယ်သစ်ရွာသို့ ဝင်ရောက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်အထိ လယ်သစ်ရွာတွင် တပ်စွဲထားဆဲဖြစ်သဖြင့် နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို ဒေသခံများ သွားရောက် မကြည့်ရှုနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘယ်လောက်လောင်သွားလဲ‌‌တော့ မသိဘူး။ အများကြီးပဲနေမယ်။ မီးခိုးတွေ အများကြီး တက်နေတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လယ်သစ်ရွာ အနောက်ကမ်းတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ ကျေးရွာမှ […]

သရက်ချောင်း မင်းဒပ်ရွာအနီး လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်ခတ်

Dawei Watch

February 14, 2026

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာအနီးကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး အနီးဝန်းကျင်ရွာကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းဒပ်ရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းဒပ်ရွာအနီးက ဝဲရစ်၊ သိမ်ကုန်း၊ ရငဲစသည့် အနီးဝန်းကျင်ကိုလည်း စက်သေနတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။ “ထိခိုက်မှုသတင်းကတော့ မကြားရပါဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်တွင် စစ်အာဏာရှင်တပ်၏ တစ်ခုတည်းကျန်ရှိနေသည့် ဝင်းဝစခန်းကို စစ်အင်အားနှင့် လက်နက်ခဲယမ်းပို့ဆောင်ကာ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် […]

နယ်စပ်တွင် ကော့သောင်းဒေသခံ စစ်ဘေးရှောင် ဘုန်းကြီးခြောက်ပါးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး လူဝတ်လဲ

Dawei Watch

February 14, 2026

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင် ကရဘူရီမြို့နယ်တွင် သီတင်းသုံးနေထိုင်သည့် ကော့သောင်းဒေသခံ ဘုန်းကြီး ခြောက်ပါးကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး လူဝတ်လဲကာ တရားစွဲဆိုထားကြောင်း ထိုင်းရောက် ကော့သောင်းဒေသခံအချို့က ပြောသည်။ အဆိုပါဘုန်းကြီးခြောက်ပါးသည် ၂၀၂၃ခုနှစ် မတ်လက ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ဘေးရှောင်နေသည်မှာ သုံးနှစ်နီးပါးရှိနေပြီဖြစ်ကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။ ကရဘူရီမြို့နယ်အတွင်း ကိုယ်ပိုင်တဲကျောင်းဆောက်ကာ သီတင်းသုံးနေသည့်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ “ဘုန်းကြီး ခြောက်ပါးစလုံးက တစ်ကျောင်းတည်း မဟုတ်ပါဘူး။ ဝိုင်ဒင်းရွာနဲ့ အေးမြမင်္ဂလာရွာ နှစ်ရွာက ဘုန်းကြီးတွေပါ။ ကျောင်းထိုင်ဆရာတော်က နှစ်ပါး၊ ကျန် လေးပါးက ဒုဘ္လဘတွေပါ။ ဟိုဘက်မှာ စစ်‌ရှောင်ရင်း တဲကျောင်းဆောက်ပြီး သီတင်းသုံးနေတာပါ” ဟု […]

ကွမ်းသီးခြောက်တင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်ဂိတ်က ဖမ်းဆီး၊ လေးရက်ကြာအထိ ပြန်မလွတ်

Dawei Watch

February 14, 2026

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များတင်ဆောင်လာသည့် ကားနှစ်စီးကို မြိတ်မြို့နယ်၊ ကြေးနန်းတိုင် တံတားဂိတ်မှ စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် ဇဝဲကျေးရွာမှ မြိတ်မြို့သို့ ကွမ်းသီးခြောက်များတင်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လေးရက်ကြာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းအထိ ကားနှစ်စီးနှင့် အမျိုးသားသုံးဦးတို့ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မိသားစုတွေနဲ့လည်း တွေ့ခွင့် မပေးဘူး။ ဘယ်နေရာကို ခေါ်သွားလည်း မသိရဘူး။ (ကားမှာက) ကွမ်းသီးခြောက်တွေပဲ တင်သွားတယ်”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။ ဖမ်းဆီးခံရသည့် ကားနှစ်စီးသည် ဇဝဲကျေးရွာက ကားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကားနှစ်စီးလုံး ပြန်မလွတ်သေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကွမ်းသီးရောင်းဝယ်သူများကိုလည်း ဇဝဲ‌ကျေးရွာအုပ်စု ဆန်းသစ်ရွာတွင် […]

အီရန်အပေါ် ရက်သတ္တပတ်ချီ စစ်ဆင်ရေးဆင်နွှဲရန် အသင့်ပြင်နေဟု အမေရိကန်ဆို

Dawei Watch

February 14, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးလာလျှင် အီရန်ကို ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် အမေရိကန်စစ်ဘက်က ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းအခြေအနေမှာ အမေရိကန်နှင့် အီရန်အကြား ယခင်ကဖြစ်ပွားခဲ့ဖူးသည့် ပဋိပက္ခများထက် ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အဆိုပါ အမေရိကန်အရာရှိနှစ်ဦး၏ ထုတ်ဖော်ပြောဆိုမှုကြောင့် လက်ရှိ အမေရိကန်နှင့် အီရန်တို့ကြား လုပ်ဆောင်နေသည့် သံတမန်ရေးရာ ကြိုးပမ်းမှုများမှာ ပိုမိုစိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။ အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ သံတမန်လမ်းကြောင်း ပြန်လည်စတင်ရန် အမေရိကန်နှင့် အီရန်သံတမန် များသည် ပြီးခဲ့သည့်အပတ်က အိုမန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့များ စုစည်းလိုက်ပြီးနောက် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ထပ်မံဖြစ်ပွားလာမည့်အရေး […]

ဟောင်ကောင် အထပ်မြင့်အိမ်ရာမီးလောင်မှု တာဝန်ခံမှုရှိစေရန် တောင်းဆိုသည့် တက္ကသိုလ်ကျောင်းသား ကျောင်းထုတ်ခံရ

Dawei Watch

February 14, 2026

ဟောင်ကောင်က အထပ်မြင့်အိမ်ရာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တောင်းဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးအား တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်လိုက်သည်။ နိုင်ငံရေးသိပ္ပံကျောင်းသား Miles Kwan သည် ယမန်နှစ် နိုဝင်ဘာလတွင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရသည့် မီးလောင်မှု ဖြစ်စဉ်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။ ဆူပူအုံကြွစေရန် ရည်ရွယ်ချက်ရှိမှုဖြင့် လုပ်ဆောင်ခဲ့သည်ဆိုပြီး Miles Kwan ကို ဟောင်ကောင်အမျိုးသား လုံခြုံရေး ရဲတပ်ဖွဲ့က နှစ်ညတာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းအား အာမခံဖြင့် ပြန်လည်လွှတ်ခဲ့ပြီးနောက်တွင် ၎င်းတက်ရောက်နေသည့် ဟောင်ကောင်တရုတ်တက္ကသိုလ် (CUHK) က စည်းကမ်းပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် တက္ကသိုလ်အာဏာပိုင်များက အဆိုပါအမှုကို ကျောင်းသား စည်းကမ်းထိန်းသိမ်းရေးကော်မတီထံသို့ လွှဲပြောင်းပေးခဲ့သည်။ ကော်မတီက […]

ထိုင်းဘဏ်အကောင့် မော်ဒယ်မြင့်ဖုန်းများတွင်သာ အသုံးပြုနိုင်တော့မည်

Dawei Watch

February 14, 2026

ထိုင်းနိုင်ငံအတွင်း မိုဘိုင်းဘဏ်စနစ် (Mobile Banking) အသုံးပြုသူများအနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်မှစ၍ မော်ဒယ်မြင့်မိုဘိုင်းဖုန်းများတွင်သာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မိုဘိုင်းဘဏ်စနစ် အသုံးပြုသူများသည် Android ဖုန်း၊ Tablets များအသုံးပြုပါက အနိမ့်ဆုံး Version 10 အထိ ရှိရမည်ဖြစ်သလို iPhone ၊ iPad အသုံးပြုသူပါက အနိမ့်ဆုံး iOS 14 ရှိရမည်ဖြစ်ကြောင်း ဖော်ပြသည်။ အကယ်၍ သတ်မှတ်ထားသော Version မရှိသည့် မော်ဒယ်နိမ့်ဖုန်းများတွင် မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုထားပါက ဖေဖော်ဝါရီလ ၁၄ ရက်မှစ၍ ဘဏ်စနစ်ကို အသုံးပြု၍ ရတော့မည် မဟုတ်ကြောင်း ဆိုသည်။ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ဆိုင်ဘာတိုက်ခိုက်မှုများဒဏ်မှ ကာကွယ်နိုင်ရန်ဖြစ်ပြီး မော်ဒယ်နိမ့်ဖုန်းမှာ လုံခြုံရေးစနစ် အားနည်းသဖြင့် ငွေကြေးများ […]