ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အရှေ့တောင်အာရှတွင် သေဒဏ်ပေးမှု ကျဆင်းလာ

Dawei Watch

February 13, 2026

အရှေ့တောင်အာရှနိုင်ငံများတွင် သေဒဏ်ပေးမှုကို ကန့်သတ်လျှော့ချလာကြပြီး သေဒဏ်ပေးမှု ပယ်ဖျက်ရေးသို့ သတိကြီးစွာ တဖြည်းဖြည်း ချဉ်းကပ်ဆောင်ရွက်လာကြောင်း DW (Deutsche Welle) သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံအနက် ၈ နိုင်ငံ၌ သေဒဏ်ပေးမှုကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အရှေ့တီမောနိုင်ငံတို့တွင်သာ သေဒဏ်ပေးမှုကို ဥပဒေကြောင်းအရ ပယ်ဖျက်ထားသည်။ သို့ရာတွင် သေဒဏ်ဆက်လက်ထားရှိသည့် အရှေ့တောင်အာရှနိုင်ငံအများစုသည် သေဒဏ်စီရင်မှုကို လက်တွေ့တွင် ရပ်ဆိုင်း ထားသည့် အလေ့အထကို လိုက်နာလာကြပြီး အချို့သောပြစ်မှုများအတွက် မဖြစ်မနေ သေဒဏ်ပေးမှုကို ပယ်ဖျက်ရန် ဥပဒေအသစ်များကို ပြဋ္ဌာန်းလာကြသည်။ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က ပြစ်မှုရှစ်မျိုးအတွက် သတ်မှတ်ထားသော သေဒဏ်ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ သေဒဏ်ပေးနိုင်သည့် ပြစ်မှုအရေအတွက်မှာ ၁၈ မျိုးမှ […]

ညွန့်ပေါင်းအစိုးရဖွဲ့ရန် လက်ရှိဝန်ကြီးချုပ်ပါတီနှင့် Pheu Thai ပါတီတို့ ပူးပေါင်း

Dawei Watch

February 13, 2026

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ၏ Bhumjaithai ပါတီနှင့်အတူ Pheu Thai ပါတီတို့က ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူနှင့်အတူ Pheu Thai ပါတီ ဝန်ကြီးချုပ်လောင်း သက်ဆင်၏ တူဖြစ်သူ ယော့ချနန် ဝန်စဝပ် (Yodchanan Wongsawat) နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။ Bhumjaithai ပါတီ အစိုးရဖွဲ့နိုင်ရန် Pheu Thai ပါတီဘက်က ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၄ နေရာဖြင့် […]

ပုဂေါဇွန်းတိုက်ပွဲပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသ လျှပ်စစ်ဓာတ်အားပြတ်တောက်

Dawei Watch

February 13, 2026

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ တိုက်ပွဲ ဖြစ်ပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ ပုဂေါဇွန်းကျေးရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ က ဖေဖော်ဝါရီလ ၃ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ရလိုင်နှင့် ပုဂေါဇွန်းကျေးရွာကြား သွယ်တန်းထားသည့် လျှစ်စစ်ဓာတ်အားတိုင်နှင့် လိုင်းကြိုးများ ပျက်စီး ပြီး မီးလောင်ကျွမ်းကာ ယနေ့အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကြောင့် အထူးစီးပွါးရေးဇုန်အတွင်းရှိ နဘုလယ် ဒေသအပါအဝင် ရေဖြူမြို့နယ်အနောက်ကမ်းရှိ ကျေးရွာ တစ်ဆယ်ကျော်တွင် လျှပ်စစ်ဓာတ်အားများရက်ရှည်ပြတ် တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် ဆက်သွယ်ရေးနှင့် လျှစ်စစ်အသုံးပြုစီးပွားရေးလုပ်ငန်းများ အခက်အခဲ့ကြုံနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဖုန်းအားတစ်ခါသွင်း ကျပ်တစ်ထောင်ပေးရတယ်။ အချို့လည်း […]

တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနှင့် ကော့သောင်းဗျူဟာမှူး အပါအဝင် စစ်အရာရှိ ၇ ဦးကို တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကော်မရှင်ကြေညာ

Dawei Watch

February 13, 2026

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပြီးဖြစ်ရာ လွှတ်တော်များခေါ်ယူရန် လုပ်ဆောင်နေရာတွင် တနင်္သာရီတိုင်း လွှတ်တော်အတွက် စစ်အရာရှိ ၇ ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင်က ကြေညာခဲ့သည်။ ယင်း ၇ ဦးမှာ စစ်အာဏာရှင် ကြည်းတပ်မှ ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ရေတပ်မှ ဗိုလ်ကြီး ၁ ဦး၊ လေတပ်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ ဖြစ်ကြသည်။ စစ်အာဏာရှင် ကြည်းတပ်မှ တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြေညာခံရသည့် ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် ဗိုလ်မှူးကြီး အောင်ကိုလတ်တို့မှာ တနင်္သာရီတိုင်းရှိ လက်ရှိ စစ်အာဏာရှင်တပ်၌ […]

ကျိုက်ထိုတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားလေးဦးသေဆုံး၊ ဒေသခံတစ်သောင်းကျော် ထွက်ပြေး

Dawei Watch

February 13, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား လေးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ထံမှ သိရသည်။ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၂၅၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၉ ရက်က ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာ အနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာများထဲတွင် ကျရောက်ပေါက်ကွဲပြီး စစ်ကွင်းရွာက အသက် ၅၀ အရွယ် ဦးစောနောင်၊ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်မအေးနှင့် မောက္ခမော့ရွာက အသက် ၆၅ နှစ်အရွယ် ဦးအေးသိန်းတို့ သေဆုံးကြောင်း KNU […]

အဏ္ဏဝါလွှမ်း ထားဝယ်ဦးခင်စိုး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဆက်အသွယ်မရ

Dawei Watch

February 13, 2026

ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အဏ္ဏဝါလွှမ်းကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးစစ်ဆေးနေပြီး အဆက်အသွယ်မရဖြစ်နေကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ဦးခင်စိုးနှင့် နီးစပ်သည့်ဆက်ဆံရေးရှိသူတစ်ဦးကလည်း ၎င်းနှင့်အဆက်အသွယ်ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။ “အလုပ်များနေလို့ အဆက်အသွယ်မရတာလို့ပဲထင်ထားတာ။ သတင်းတွေ တက်လာမှ အဖမ်းခံထားရတယ်ဆိုတာ သိရတယ်” ဟု ၎င်းက ဆိုသည်။ ဦးခင်စိုးနှင့် နီးစပ်သူနောက်ထပ် ၂ ဦးကလည်း ဖမ်းဆီးစစ်ဆေးခံရသည့်သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ်အခြေအနေကို မသိရကြောင်း Dawei Watch သို့ ပြောသည်။ BBC မြန်မာပိုင်း၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဥဦးဝင်းမြင့်တို့ကို စစ်ကော်မရှင်က နေပြည်တော်တွင် ခေါ်ယူစစ်ဆေးနေကြောင်း ဆိုသည်။ စက်သုံးဆီသွင်းရာတွင် ငွေကျပ် ဘီလျံရာချီ ဆုံးရှုံးမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကြောင့်ဟုဆိုကာ […]

ကနေဒါမှ အယ်လ်ဘာတာပြည်နယ်ခွဲထွက်ရေး လှုပ်ရှားမှု အရှိန်မြင့်လာ

Dawei Watch

February 13, 2026

ကနေဒါနိုင်ငံ အနောက်ပိုင်း အယ်လ်ဘာတာပြည်နယ်တွင် ကနေဒါမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်သည့် လက်မှတ်ရေးထိုးပွဲ လှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အယ်လ်ဘာတာပြည်နယ်သည် ကနေဒါနိုင်ငံရှိ အခြားဒေသများကြောင့် မိမိတို့ ပြည်နယ်မှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေရသည်ဟုဆိုကာ ကာလရှည်ကြာ မကျေမနပ်ဖြစ်လာခဲ့သည့်ဒေသ ဖြစ်သည်။ ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေ ၁၀ ရာခိုင်နှုန်း (ခန့်မှန်းခြေ လူဦးရေ ၁၇၇,၀၀၀ ဝန်းကျင်) ထံမှ ခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကျင်းပနိုင်ရေး ထောက်ခံလက်မှတ်များ ယခုနှစ် မေလ ၂ ရက်နေ့ နောက်ဆုံးထား၍ စုဆောင်းနိုင်ရန် စေတနာ့ဝန်ထမ်း စည်းရုံးရေးမှူးများက မျှော်လင့်ထားသည်။ ၎င်းပမာဏမှာ ကနေဒါနိုင်ငံမှ အယ်လ်ဘာတာပြည်နယ်ခွဲထွက်ရေးအတွက် နိုင်ငံသားများ ဦးဆောင်သည့် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပနိုင်‌ရန် လိုအပ်သည့် အနိမ့်ဆုံး သတ်မှတ်ချက် […]

ထားဝယ်တွင် အိမ်မိုးဓနိစျေးတက်၊ အချပ်တစ်ထောင်လျှင် ကျပ်သုံးသိန်းခန့်အထိပေးနေရ

Dawei Watch

February 13, 2026

ထားဝယ်ဒေသတွင် ယခုနှစ် မိုးမကျမီ အိမ်အမိုးလဲလှယ်ကြပြီဖြစ်ရာ ဒေသထွက် ဓနိဖက်များ စျေးမြင့်တက်နေပြီး အချို့ဒေသများတွင် ဓနိဖက် တစ်ထောင်လျှင် ကျပ်သုံးသိန်းနီးပါးအထိ ပေးဝယ်နေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ထားဝယ်ဈေးကွက်အတွင်း ဓနိဖက်လက္ကားစျေးမှာ အချပ်တစ်ထောင်လျှင် ကျပ်တစ်သိန်းရှစ်သောင်းခန့်သာ အများဆုံးဈေးရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကျပ်နှစ်သိန်းသုံးသောင်းအထိ ဈေးမြင့်တက်လာကာ ယခင်နှစ်ထက် ကျပ်ငါးသောင်းခန့် ဈေးပိုတက်သွားကြောင်း ဓနိဖက် ထုတ်လုပ်ရောင်းချသူများက ဆိုသည်။ ယခုနှစ် ဓနိဖက်လက်လီဈေးကွက်နှင့် အိမ်အရောက်ပို့ဈေးကွက်များတွင်မူ ဓနိဖက်အချပ် တစ်ထောင်လျှင် ကျပ်နှစ်သိန်းရှစ်သောင်းမှ ကျပ်သုံးသိန်းနီးပါးအထိ ရှိကြောင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီတစ်ပတ် ကားနဲ့ ထားဝယ်ကိုမှာတာ နှစ်သိန်းရှစ်သောင်း ပေးရတယ်။ ရွာမှာ ဖောက်သည်ရောင်းနေကြသူတွေကျတော့ ဖက်တစ်ထောင်ကို သုံးသိန်းလောက်ရှိတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ ထုတ်လုပ်သူနည်းပါးလာခြင်းနှင့် ထုတ်လုပ်မှုစရိတ် […]