ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်ထားသူများ အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်
Dawei Watch
February 13, 2026ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသော မြန်မာအလုပ်သမားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယင်းအစီအစဉ်ကို လာမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေလ ၁ ရက်) တွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း လူမှုဖူလုံရေးရန်ပုံငွေရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူး Niyada Seneemanomai က ပြောသည်။ လူမှုဖူလုံရေး (ပကန်စံခွန်) ထည့်ဝင်ထားသူများအတွက် သွားကျန်းမာရေးစနစ်နှင့် ပတ်သက်၍ အကျိုးခံစားခွင့် ပိုမိုရရှိစေရန် ရည်ရွယ်၍ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သူမက ပြောသည်။ ရိုးရိုး အံသွားနုတ်ခြင်းအတွက် ဘတ် ၁၅၀၀ အထိ ခံစားခွင့်ပြုမည်ဖြစ်ပြီး၊ အကယ်၍ ခွဲစိတ်မှု ပိုမိုရှုပ်ထွေးခဲ့ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။ […]


