မောင်းမကန်ကမ်းခြေတွင် ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
Dawei Watch
February 17, 2026မောင်းမကန်ကမ်းခြေသို့ လာရောက်လာပတ်သည့် အဖွဲ့တစ်ဖွဲ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နံနက်ပိုင်းက ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်ကမ်းခြေသို့ ထားဝယ်မြို့မှ လာရောက်လည်ပတ်သည့် ခရီးသွား ဧည်သည့်အဖွဲ့တစ်ဖွဲ့ မိန်းကလေးသည် ယနေ့ နံနက် ၁၀ နာရီ ကျော်တွင် ရေဆင်းကစားရာမှ ရေနစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါမိန်းကလေးကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက လိုက်လံဆယ်ယူရာ နှစ်ဦးစလုံး ရေနစ်သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။ “ကလေးမလေးက ဆေးခန်းရောက် သေးတယ်။ သွားကယ်တဲ့ သူက ရေအောက်က အိုင်ထဲကျပြီး မျောသွားတာ အနားက လှေသမားတွေ သွားဆယ်လာတယ်။ […]


